သားကြီးတို့ရေ ကိုယ်စားသမျှ အစားအစာတွေက ကိုယ့်ခန္ဓာကိုယ်ကို ထင်ဟပ်စေတယ်ဆိုတာ သတိပြုမိပါသလား။ ကျွန်တော်တို့ စားသုံးတဲ့ အစားအစာတွေပေါ်မူတည်ပြီး ကျန်းမာရေးကောင်းလာတယ်၊ အသားအရေတွေ ကောင်းလာတယ်ဆိုတာ အမှန်တကယ် လက်တွေ့ပါပဲ။ ဒါ့အပြင် ကိုယ့်ရဲ့ ကိုယ်သင်းရနံ့ကိုလည်း ကောင်းလာစေတယ်ဆိုတာ သိပါသလား။ ဟုတ်ပါတယ်။ ကိုယ်စားသောက်တဲ့ အစာတွေပေါ် မူတည်ပြီး ကိုယ့်ရဲ့ ကိုယ်သင်းရနံ့ကို ပြောင်းလဲနိုင်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ သားကြီးတို့ အတွက် ကိုယ်သင်းရနံ့ ကို သဘာဝအတိုင်း ကောင်းလာစေဖို့ အထောက်အကူပြုတဲ့ အစားအစာတွေကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။
ဒိန်ချဉ်
Photo : Food and Wine
သားကြီးတို့ ကိုယ်သင်းရနံ့ ကောင်းစေဖို့ ပထမဆုံး ဖော်ပြပေးချင်တဲ့ အစားအစာတစ်ခုကတော့ ဒိန်ချဉ်ပဲ ဖြစ်ပါတယ်။ လွယ်လွယ်ကူကူရနိုင်တဲ့ ဒိန်ချဉ်က အစာခြေဖျက်မှု အပေါ် ကောင်းမွန်သော အကျိုးသက်ရောက်မှု ရှိပါတယ်။ ဒိန်ချဉ်က ခန္ဓာကိုယ်အတွင်းရှိ ဆာလဖာဒြပ်ပေါင်းများကို ဖြစ်စေသော အနံ့ဆိုးများကို ဖယ်ရှားပေးပါတယ်။ ဒိန်ချဉ်တွင်ပါရှိသော အကျိုးပြု ဘတ်တီးရီးယားများက ကျွန်ုပ်တို့ရဲ့ခန္ဓာကိုယ်တွင်းရှိ အဆိပ်အတောက်များကို တိုက်ဖျက်ရာတွင်လည်း ကူညီပေးပြီး အနံ့ဆိုးများကို ဖယ်ရှားပေးနိုင်ပါတယ်။
Green Tea
Photo : Vaya
Green Tea မှာ Catechins နဲ့ Polyphenols တို့ပါဝင်ပါတယ်။ Polyphenols က ခန္ဓာကိုယ်တွင်းရှိ ဆာလဖာဒြပ်ပေါင်းများကို ဖြစ်စေသော အနံ့ဆိုးများကို လျှော့ချပေးသည့် Antioxidants များဖြစ်ပြီး ခံတွင်းနံ့ဆိုးဖြစ်စေနိုင်သော အခြားဘတ်တီးရီးယားများကို တိုက်ထုတ်ရန် ကူညီပေးနိုင်ပါတယ်။ Green Tea မှာ ပါဝင်တဲ့ Tannins က ခြေထောက်ကို ခြောက်သွေ့စေပြီး ခြေထောက်အနံ့ဆိုးထွက်ခြင်းကို ကာကွယ်ပေးပါတယ်။ ဒါ့အပြင် Green Tea က ခန္ဓာကိုယ်တွင်း အဆိပ်အတောက် ဖြစ်ခြင်းကို ဖယ်ရှားပေးနိုင်ပါတယ်။ ခန္ဓာကိုယ်တွင်းရှိ အဆိပ်အတောက်များ နည်းပါးလေလေ၊ ခန္ဓာကိုယ်မှ အနံ့အသက် ပိုမိုကောင်းမွန်လေလေ ဖြစ်ပါတယ်။
ခရမ်းချဉ်သီး
Photo : USDA
ခရမ်းချဉ်သီးမှာ ခန္ဓာကိုယ်တွင်း အနံ့ဆိုးဖြစ်စေတဲ့ ဘတ်တီးရီးယားတွေကို လျှော့ချပေးနိုင်တဲ့ သဘာဝ ဂုဏ်သတ္တိပါဝင်ပါတယ်။ ဒါ့အပြင် ခရမ်းချဉ်သီးက ချွေးပေါက်များကို ကျုံ့စေပြီး ချွေးထွက်စေသော ပြွန်များကို ပိတ်စေကာ ချွေးအလွန်အကျွံထွက်ခြင်းကို ထိန်းချုပ်ပေးနိုင်ပါတယ်။ ဒီလို ပူပြင်းတဲ့ အချိန်မှာ ခရမ်းချဉ်သီးဖျော်ရည် သောက်ခြင်းဖြင့် ခန္ဓာကိုယ်အပူချိန်ကို လျှော့ချပေးနိုင်ပြီး ချွေးထွက်တာကို လျော့ကျစေနိုင်ပါတယ်။
အသီးအနှံများ
Photo : The Spruce Eats
လိမ္မော်သီး၊ သံပုရာသီးနှင့် နာနတ်သီးကဲ့သို့သော အသီးများစားသုံးခြင်းဖြင့်လည်း ခန္ဓာကိုယ်မှ လတ်ဆတ်သော အနံ့များကို ရရှိစေပါတယ်။ ဒါ့အပြင် အဆိုပါ အသီးအနှံများမှာ ပါဝင်သော ဓာတ်များက ခန္ဓာကိုယ်တွင်း အနံ့အသက်ဆိုးများ ဖြစ်စေနိုင်သော အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်ပါတယ်။
သံပုရာရည်
Photo : India TV News
သံပရာသီးမှာပါတဲ့ Antioxidants နဲ့ အက်စစ်ဓာတ် ကြွယ်ဝတဲ့ ဂုဏ်သတ္တိတွေက ခန္ဓာကိုယ်ကို ပိုးသတ်ပြီး အဆိပ်အတောက်တွေကို ချေဖျက်ရာမှာ ကူညီပေးပါတယ်။ ရေကလည်း ကျွန်တော်တို့ ခန္ဓာကိုယ်တစ်ခုလုံးကို အနံ့ဆိုးဖြစ်စေနိုင်တဲ့ အဆိပ်အတောက်တွေကို ထိရောက်စွာဖယ်ရှားပေးနိုင်တဲ့ အကောင်းဆုံး သဘာဝဒြပ်စင် တစ်ခုပါ။ ဒါကြောင့် သံပုရာရည်က ခန္ဓာကိုယ်အတွက် သန့်ရှင်းသော အနံ့ကို ထိန်းသိမ်းပေးနိုင်တဲ့ အစွမ်းထက်သော သောက်သုံးစရာတစ်မျိုး ဖြစ်ပါတယ်။
သားကြီးတို့ရေ အခုဖော်ပြပေးလိုက်တဲ့ အစားအစာတွေကို စားသုံးပြီး စကီလေးတွေ စွဲမက်စေမယ့် ကောင်းမွန်သော ကိုယ်သင်းရနံ့တွေ ရှိကြပါစေဗျာ။
Source : Duradry
Featured Photo : IFLScience