အမျိုးသားတွေရဲ့ သုတ်ရည်အရောင်ဟာ ပုံမှန်အားဖြင့် အဖြူရောင် ဒါမှမဟုတ် ခရမ်င်အရောင် ရှိပါတယ်။ ဒါပေမယ့် အချို့အခြေအနေတွေမှာ ဥပမာအားဖြင့် အစားအသောက် ၊ ကျန်းမားရေး ပြဿနာ ဒါမှမဟုတ် အသက်အရွယ်နဲ့ နေထိုင်မှု ပုံစံတွေကြောင်း သုတ်ရည်အရောင်ဟာ အဝါဘက်အနည်းငယ်သမ်းတဲ့ အရောင်အဖြစ်ကို ပြောင်းလဲသွားတက်ပါတယ်။ သုတ်ရည် အဝါရောင်ပြောင်းတာက အချိန်ခဏတာသာကြာပြီး သူ့အလိုလို နဂိုမူအဖြူရောင် သို့မဟုတ် ခရမ်င်အရောက်ကို ပြန်ပြောင်းလာရင်တော့ သိပ်ပြီး စိုးရိမ်စရာ မရှိပါဘူး။ ဒီလိုမှ မဟုတ်ပဲ အချိန်အတော်တဲ့အထိ တစ်ကိုယ်ရည်အာသာဖြေတာ သို့မဟုတ် ချစ်တင်းနှောချိန်တွေတိုင်းမှာ အဝါရောင်သမ်းတဲ့ သုတ်ရည်ကို စွန့်ထုတ်နေမိတယ်ဆိုရင်တော့ ဖြစ်နိုင်ခြေရှိတဲ့ အကြောင်းအရင်းများစွာ ရှိနေနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ အမျိုးသားတွေမှာ ဘယ်လိုအခြေအနေတွေကြောင့် သုတ်ရည် အဝါရောင် ပြောင်းလဲရသလဲဆိုတာနဲ့ ပတ်သတ်ပြီး ပြောပြပေးချင်ပါတယ်။
(၁) တစ်ကိုယ်ရည် အာသာဖြေခြင်းကို ရပ်တန့်လိုက်တဲ့အခါ
Photo : Clarapy
သုတ်ရည် အဝါရောင် ပြောင်းစေနိုင်တဲ့ အကြောင်းအရင်းများစွာထဲက ဖြစ်နိုင်ခြေအရှိဆုံး အချက်တစ်ခုကတော့ တစ်ကိုယ်ရည် အာသာဖြေခြင်းကို ရပ်တန့်လိုက်တာကြောင့် ဖြစ်နိုင်ပါတယ်။ အချိန်အကြာပြီး တစ်ကိုယ်ရည် အာသာဖြေခြင်းကို မလုပ်ပဲနေမယ်ဆိုရင် ညီလေးကနေ သုတ်ရည် ပြန်စွန့်ထုတ်ချိန်မှာ သုတ်ရည်တွေဟာ အဝါဘက်ခပ်သမ်းသမ်း အရောင်ဖြစ်နေတက်ပါတယ်။
(၂) လိင်အင်္ဂါ ပိုးဝင်တဲ့အခါ
Photo : www.self.com
လိင်အင်္ဂါ ပိုးဝင်နေတဲ့အခါမျိုးမှာလည်း သုတ်ရည် အရောင်ဟာ အဝါရောင်ပြောင်း နေတက်ပါတယ်။ ဒါက အကာအကွယ်မဲ့ ချစ်တင်းနှောခြင်းရဲ့ ဘေးထွက်ဆိုးကျိုးတွေထဲက တစ်ခုပါ။ အကာအကွယ်မပါပဲ ချစ်တင်းနှောမယ်ဆိုရင် ဆီးလမ်းကြောင်းမှာ ပိုးဝင်နိုင်ခြေများသလို ချစ်တင်းနှောနေစဉ်နဲ့ ချစ်တင်းနှော ပြီးနောက်မှာ ညံ့ဖျင်းတဲ့ တစ်ကိုယ်ရေ သန့်ရှင်းမှုဆိုင်ရာ အလေ့အကျင့်အမှားတွေကြောင့် လိင်အင်္ဂါအတွင်းကို ဘက်တီးရီးယားနဲ့ ရောဂါပိုးတွေ ဝင်ရောက်ကူးစက် ခံရနိုင်ခြေများတာ ဖြစ်ပါတယ်။
(၃) ဆီးကြိတ်မှာ ပြဿနာရှိနေတဲ့အခါ
Photo : Parade
ဆီးကြိတ်ဂလင်းနဲ့ သုတ်ရည်အရောင် ပြောင်းလဲမှုကြားမှာ ဆက်စပ်မှု ရှိပါတယ်။ အဝါရောင် သုတ်ရည်တွေဟာ ဆီးကြိတ်ဂလင်းမှာ ပြဿနာရှိနေပြီဆိုတာကို ဖော်ပြနေတဲ့ အချက်ပြလက္ခဏာတစ်ခု ဖြစ်နိုင်ပါတယ်။ အကယ်၍ ဆီးကြိတ်မှာ ပြဿနာတစ်စုံတစ်ရာ ရှိနေတယ် ဒါမှမဟုတ် ဆီးကြိတ်ရောင်နေတယ်ဆိုရင်တော့ ဆီးသွားရ ခက်စေမှာဖြစ်သလို စွန့်ထုတ်လိုက်တဲ့ သုတ်ရည်တွေဟာလည်း အဝါရောင်သမ်းနေ တက်ပါတယ်။
(၄) ဆေးလိပ်အလွန်အကျွံ သောက်သုံးတဲ့အခါ
Photo : CNN
ဆေးလိပ်မှာပါတဲ့ နီကိုတင်းဓာတ်က လက်သည်းခြေသည်းနဲ့ အရေပြားတွေကို အဝါရောင်ခပ်ညစ်ညစ်အရောင်မျိုး ပြောင်းလဲစေတက်ပါတယ်။ ဒါတင်မကသေးပါဘူး အထူးသဖြင့် ဆေးလိပ်မှာတဲ့ ဓာတုပစ္စည်းတွေနဲ့ နီကိုတင်းဓာတ်ဟာ လိင်မှုစွမ်းဆောင်ရည်ကို ကျဆင်းစေရုံမက သုတ်ရည်ကိုလည်း အဝါရောင် ပြောင်းလဲစေနိုင်ပါတယ်။ အထူးသဖြင့် ဒီအခြေအနေတွေဟာ ဆေးလိပ်အလွန်အကျွံသောက်တဲ့သူတွေမှာ အဖြစ်များပါတယ်။
Source : My Fit Brain
Featured Photo : Better2Know