သွား ကျန်းမာရေး မကောင်းမွန်ခြင်းက ချစ်တင်းနှော ချင်စိတ်ကို ထိခိုက်စေနိုင်ပါသလား။ အဖြေကတော့ “Yes” ပါ။ သွား ကျန်းမာရေး မကောင်းခြင်းသည် ချစ်တင်းနှော ချင်စိတ်ကို ကွီးတို့ ထင်ထားတာထက် ပိုမို ထိခိုက်စေနိုင်ပါတယ်။ တကယ်လို့ ကွီးတို့က ကိုယ့်ရဲ့ သွားကျန်းမာရေးကိုရော မျိုးပွားအင်္ဂါ ကျန်းမာရေးကိုပါ ဂရုစိုက်တယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကို အဆုံးအထိ ဆက်လက် ဖတ်ရှုသင့်ပါတယ်။
သွားကျန်းမာရေးနဲ့ မျိုးပွားအင်္ဂါ ကျန်းမာရေးတို့က ဘယ်လို ဆက်စပ်နေသလဲ
သွားဖုံး မကောင်းဘူး၊ သွားကျန်းမာရေးက ဆိုးရွားနေတယ်ဆိုရင်တော့ ကွီးတို့ ညီလေးရဲ့ ကျန်းမာရေးကလည်း တဖြည်းဖြည်း ဆုတ်ယုတ်လာမှာဖြစ်ပြီး ပန်းသေ ပန်းညှိုးရောဂါကို ခံစားရနိုင်ပါတယ်။ ဖြစ်နိုင်ခြေရှိတာကတော့ သွားဖုံး ရောင်ရမ်းခြင်းကြောင့် သွေးကြောများကလည်း ကောင်းစွာ မစီးဆင်းနိုင်တော့ဘဲ ညီလေးဆီသို့ ပို့ဆောင်ရမယ့် သွေးများကိုလည်း မပို့ဆောင်ပေးနိုင်တော့တာပဲ ဖြစ်ပါတယ်။
ကိုယ့်စကီလေးနဲ့ ချစ်တင်းနှောချင်တယ်ဆိုရင်တော့ သွားကျန်းမာရေးကို ဂရုစိုက်ပါ
သွားဖုံး ရောင်ရမ်းခြင်း၊ သွားကိုက်ခြင်း ဝေဒနာကို မကြာခဏ ခံစားရမယ်၊ သွားကျိုးခြင်း၊ သွားပိုးစားခြင်းတို့ကိုလည်း အမြဲတစေ ကြုံတွေ့နေရမယ်ဆိုရင်တော့ ကွီးတို့ရဲ့ ချစ်တင်းနှောဖို့ရန်အတွက် လုပ်ငန်းဆောင်တာကလည်း လျော့ကျသွားနိုင်ပါတယ်။ ဒီလိုမျိုး သွားကျန်းမာရေး အားနည်းခြင်းသည် နှလုံးသွေးကြောကျဥ်းရောဂါနှင့် ဆီးချိုရောဂါတို့ကိုပါ ခံစားရစေနိုင်ပါတယ်။ ဒီလိုမျိုး နောက်ဆက်တွဲ ရောဂါတွေကို မခံစားချင်ဘူးဆိုရင်တော့ ကွီးတို့ရဲ့ သွားကျန်းမာရေးကို သေသေချာချာ ဂရုစိုက်ရမှာပဲ ဖြစ်ပါတယ်။
ကွီးတို့ အဓိက လုပ်ရမယ့်အရာကတော့…
သွားကျန်းမာရေးကို ဂရုစိုက်ဖို့ရန်အတွက် တစ်နှစ်လျှင် အနည်းဆုံး ၆ ကြိမ်ခန့် သွားဆရာဝန်နဲ့ ကုသမှု ခံယူဖို့ လိုအပ်ပါတယ်။ ဒီကြားထဲမှာမှ ဆရာဝန်က လိုအပ်လျှင် လိုအပ်သလို ကုသမှု ခံယူဖို့ရန် ပြောကြားလာတဲ့အခါမှာလည်း လိုက်နာ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ဒီလိုမျိုး လုပ်ဆောင်မှသာလျှင် ကွီးတို့ရဲ့ သွားနဲ့ သွားဖုံးက ကျန်းမာပြီး သွားကျန်းမာရေးကြောင့် နောက်ဆက်တွဲ ဆိုးကျိုးများကိုလည်း မခံစားရမှာဖြစ်ပါတယ်။
သွားကျန်းမာရေး ကောင်းမွန်ဖို့ရန်အတွက် စားသုံးရမယ့် အစားအစာများ
သွားကျန်းမာရေး ကောင်းမွန်ဖို့ရန်အတွက် အားဖြည့်ပေးမယ့် အစားအစာများကတော့ ဖလိုရိုက် ပါဝင်တဲ့ အစားအစာများ၊ သကြား မပါဝင်တဲ့ ပီကေများ၊ လက်ဖက်ခြောက်၊ လက်ဖက်စိမ်း၊ ချိစ်၊ နွားနို့၊ သဘာဝ ဒိန်ချဥ်နှင့် အခြား နို့ထွက်ပစ္စည်းများ၊ အမျှင်ဓာတ် ကြွယ်ဝတဲ့ သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များ အစရှိသည်တို့ကို များများ စားသုံးသင့်ပါတယ်။ ဒီအစားအစာများကို များများ စားသုံးခြင်းအားဖြင့် ကွီးတို့ရဲ့ သွားကျန်းမာရေးက ဒေါင်ဒေါ်မြည်ကာ ကောင်းမွန်လာမှာပဲ ဖြစ်ပါတယ်။
ဒါ့အပြင် တစ်ရက်လျှင် နှစ်ကြိမ် သွားတိုက်ခြင်း၊ အစား စားပြီးတိုင်းမှာ ပလုတ်ကျင်းခြင်း အစရှိတဲ့ အလေ့အကျင့်ကောင်းများကိုလည်း မွေးမြူပေးဖို့ လိုအပ်ပါတယ်။
ကွီးတို့ရော အခုဖော်ပြသွားတဲ့ အလေ့အကျင့်ကောင်းများကို ပြုလုပ်ဖြစ်ရဲ့လား။
Source: Midtowndentistry
Featured Image: Freepik