ကွီးတို့ရေ ဂိမ်းတွေက တစ်ယောက်တည်းကစားတာထက် သူငယ်ချင်းနဲ့၊ မိသားစုနဲ့ ချစ်သူလေးနဲ့အတူ ကစားရတာ ပိုပျော်ဖို့ကောင်းပြီး ဆက်ဆံရေးတွေလည်း ပိုမိုတိုးတက်ကောင်းလာစေ ပါတယ်။ ထို့အပြင် ယနေ့ခေတ်မှာ မိုဘိုင်းလ်ဂိမ်းတွေကလည်း အဆင့်မြင့်လာပြီး ကစားလို့ ကောင်းလာပါတယ်။ ဒါကြောင့် ကွီးတို့ရဲ့  ချစ်သူနဲ့ အတူကစားလို့ရမဲ့ အကောင်းဆုံး မိုဘိုင်းလ်ဂိမ်း ၃ ခု ကို‌ မျှဝေပေးချင်ပါတယ်။

အကောင်းဆုံး မိုဘိုင်းလ်ဂိမ်း

Photo : Shutterstock

ထိုဂိမ်းတွေကတော့ Couple Game – Relationship Quiz၊ Battletext နဲ့ Chess တို့ပဲဖြစ်ပါတယ်။

(၁) Couple Game – Relationship Quiz

Source : John Moller

ကွီးတို့ရဲ့ ချစ်သူနဲ့ အတူကစားလို့ရမဲ့ အကောင်းဆုံး မိုဘိုင်းလ်ဂိမ်း လေး ၁ ခု ကတော့ Relationship Quiz ပဲဖြစ်ပါတယ်။ ဒီဂိမ်းက ကွီးတို့ ချစ်သူနဲ့ ကွီးတို့ တစ်ယောက်အကြောင်းတစ်ယောက် ဘယ်လောက်သိလဲဆိုတာ ကောင်းစွာစမ်းသပ်ပေးပါလိမ့်မယ်။ ဒီဂိမ်းမှာ လူတစ်ယောက်က မေးခွန်းအချို့ကို ဖြေဖို့လိုပါတယ်။ နောက်တစ်ယောက်က ထိုအဖြေတွေကို ခန့်မှန်းရမှာပါ။ တစ်ဖက်သားဖြေထားတဲ့ အဖြေကို အမှန်ဆုံး ခန့်မှန်းထားတဲ့လူက အနိုင်ရမှာ ဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ ဒီဂိမ်းဆော့မယ်ဆိုရင် ကွီးတို့ရဲ့ချစ်သူလေး အကြောင်းသေချာ သိထားဖို့တော့ လိုတယ်နော်။

(၂) Battletext

Source : Random Logic Games

ကွီးတို့ ချစ်သူလေးနဲ့ ကစားဖို့  ဂိမ်းလေးကတော့ Battletext ပဲ ဖြစ်ပါတယ်။ ဒီဂိမ်းက ကွီးတို့ရဲ့ English စာဝေါဟာရ စမ်းသပ်တဲ့ ဂိမ်းဖြစ်ပြီး စွဲလမ်း စေမှာပါ။ ဒီဂိမ်းက ကွီးတိုရဲ့ ဦးနှောက်ကို စကားလုံးအသစ်တွေ စဉ်းစားဖို့ စိန်ခေါ်မှာ ဖြစ်ပါတယ်။ ဂိမ်းရဲ့ ရည်ရွယ်ချက်က တော်တော်ရိုးရှင်းပါတယ်။ ကွီးတိုရဲ့ တစ်ဖက်ကစားသူ ချစ်သူ လေးထံမှ ပေးပို့သောစကားလုံး၏ နောက်ဆုံးစာလုံးဖြင့် စတင်သော စကားလုံး တစ်လုံးကို ပေးရပါမယ်။ စာလုံးအရှည်ကြီးရိုက်ရင် အမှတ်ပိုရပါလိမ့်မယ်။ သို့သော် စက္ကန့်ပိုင်းအတွင်း ပေးပို့ရမှာ ဖြစ်ပါတယ်။ ဒီဂိမ်းက ကွီးတို့ရဲ့ ချစ်သူလေးနဲ့ကစားလို့ရတဲ့ မိုဘိုင်းလ်ဂိမ်း ဖြစ်ပြီး ကွီးတို့ရဲ့ English စာဝေါဟာရလည်း တိုးပွားလာမှာ ဖြစ်ပါတယ်။

(၃) Chess

Source : Chess.com

စစ်တုရင် (Chess) ကတော့ ကျွမ်းကျင်မှုနဲ့ ဆိုင်တဲ့ ဂန္တဝင်ဂိမ်း တစ်ခုဖြစ်ပါတယ်။ ကွီးရော ကွီးရဲ့ချစ်သူလေး ကပါ နှစ်ဦးစလုံးက စိတ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုနဲ့ ပြိုင်ဆိုင်မှုကို ကြိုက်နှစ်သက်ရင် ဒီ ဂိမ်းကိုရွေးချယ်ဖို့ အကောင်းဆုံးပါပဲ။ လူကြိုက်အများဆုံး ဂိမ်းတစ်ခုထဲမှာလည်း ပါပါတယ်။ ကွီးတိုရဲ့ ကစားကွက် တစ်ကွက်စီတိုင်းက အရေးကြီးသလို ပြိုင်ဘက်ခင်းတဲ့ ကစားကွက်ပေါ်မှာလည်း သတိထားရမှာ ဖြစ်ပါတယ်။

ယခု ဖော်ပြပေးလိုက်တာ ကတော့ ကွီးတို့ရဲ့ ချစ်သူနဲ့ အတူကစားလို့ရမဲ့ အကောင်းဆုံး မိုဘိုင်းလ်ဂိမ်း ၃ ခု ပဲ ဖြစ်ပါတယ်။ ကွီးရဲ့ ချစ်သူလေးနဲ့ အတူ အားလပ်ချိန်မှာ ဒီဂိမ်းလေး တွေကို ကစားရင်း ချစ်သူနှစ်ဦးသား ဆက်ဆံရေးကို ပိုမိုကောင်းမွန် တိုးတက်လာစေဖို့ အထောက်အကူပြုမှာ ဖြစ်ပါတယ်။

Source : Mediareferee

Featured Photo : Vecteezy