တစ်ရက်ကို ရေ ၂ လီတာတောင် မသောက်ဖြစ်ဘူးဆိုရင် သင့်မှာ ရေဓါတ်ဖြည့်ရေး နည်းလမ်းရှာဖို့ လိုလာပြီ ဖြစ်ပါတယ်။ ဆရာဝန်တွေရဲ့ အလိုအရ တစ်ရက်မှာ ရေ ၈ ဖန်ခွက် သောက်ဖို့ လိုပါတယ်။ တကယ်လို့ ရေမသောက်ဖြစ်ဘူးဆိုရင်လည်း ရေဓါတ်ဖြည့်မယ့် အစားအသောက်တွေ ရှိပါတယ်။

(၁) သခွားသီး

Cucumber

Photo: eatthis

သခွားသီးဟာ ရေဓါတ် ၉၅ ရာခိုင်နှုန်းပါတဲ့ ရေဓါတ်ကြွယ်ဝတဲ့ အသီးတစ်မျိုးပါပဲ။ ပိုတက်ဆီယမ်လည်း ပါလို့ လေဖြတ်တာကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် ရေသောက်နည်းသူတွေအဖို့ အနားမှာ သခွားသီးလေးသာ ဆောင်ထားပါလို့ ပြောချင်ပါတယ်။

(၂) ဖရဲသီး

Watermelon

Photo: eatthis

နွေရာသီမှာ ဖရဲသီး ချိုချိုမွှေးမွှေး အေးအေးလေး စားရတာ အမောလည်းပြေ ၊ ရေငတ်လည်း ပျောက်စေပါတယ်။ ဖရဲသီးမှာက ရေဓါတ် ၉၂ ရာခိုင်နှုန်းခန့် ပါတဲ့အပြင် ဗိုက်တာမင်အေ ၊ B6 နဲ့ ဗိုက်တာမင် စီကြွယ်ဝပါတယ်။ စားလို့လည်းကောင်းလို့ ရေသောက်ရတာထက် ပိုလည်း စားဝင်မှာပါ။

(၃) တရုတ်နံနံကြီးပင်

Celery

Photo: eatthis

အစိမ်းရောင်အသီးအရွက်ပင်တစ်မျိုး ဖြစ်ပြီး အမျိုးမျိုးအဖုံဖုံ ချက်ပြုတ်စားသောက်နိုင်တဲ့ တရုတ်နံနံပင်မှာ ရေဓါတ် ၉၅ ရာခိုင်နှုန်းအထိ ပါဝင်ပါတယ်။ ကင်ဆာကို ကာကွယ်နိုင်စွမ်း ရှိတယ်လို့လည်း နာမည်ကြီးတော့ ရေဓါတ်ဖြည့် ဖို့အတွက်ရော အာဟာရအတွက်ပါ စားပေးဖို့ ညွှန်းချင်ပါတယ်။

(၄) မုန်လာဥနီ

Carrots

Photo: eatthis

မုန်လာဥနီမှာ ရေဓါတ် ၉၀ ရာခိုင်နှုန်းပါသလို အမျှင်ဓါတ်လည်း ကြွယ်ဝပါတယ်။ မျက်စိကျန်းမာရေးအတွက် စားကြဖို့ ညွှန်းကြသလို သင့်ရဲ့ ရေဓါတ်လိုအပ်ချက်အတွက်ပါ အဖြေဖြစ်လာမှာပါ။

Featured Photo : Pexels