ကွီးတို့ အင်တာနက်ပေါ်မှာ Web Browsing လုပ်တဲ့အခါ လျင်မြန်သွက်လက်ပြီး ကိုယ်ရေးကိုယ်တာ အချက်အလက်တွေနဲ့ ပတ်သတ်ပြီး လုံခြုံမှုရှိတဲ့ အကောင်းဆုံး Browsers တွေကို ပြောပြပေးချင်ပါတယ်။ ၂၀၂၂ မှာ ဘယ် Browsers တွေ သုံးလို့ အကောင်းဆုံး ဖြစ်မလဲဆိုတာ လေ့လာကြည့်ရအောင်ပါ။

(၁) Mozilla Firefox

Photo : Siachen Studios

Mozilla Firefox ကတော့ ဒီနေ့အချိန်အထိ အကောင်းဆုံး Web Browsers တွေထဲက တစ်ခုအဖြစ် ရပ်တည်လျက်ရှိနေပါတယ်။ ၎င်းဟာ ဝဘ်ဆိုက် စာမျက်နှာတွေကို ဖော်ပြရန် Gecko Rendering Engine ကို အသုံးပြုထားတာကြောင့် သုံးရတာလျင်မြန်ပြီး သုံးစွဲသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကိုလည်း ထိန်းသိမ်းကာကွယ် ပေးထားပါတယ်။ Mozilla Firefox  ကို Windows ၊ Android ၊ macOS ၊ iOS နဲ့ Linux Systems  တွေမှာ အသုံးပြုလို့ ရပါတယ်။

(၂) Google Chrome

Photo : Siachen Studios

Google Chrome ကတော့ အင်တာနက် အသုံးပြုသူအားလုံးနဲ့ ရင်းနှီးပြီးသား ဖြစ်မယ်ထင်ပါတယ်။ ၎င်းဟာ Cross-Platform Web Browser တစ်ခုဖြစ်တာကြောင့် မြန်ဆန်မှု နဲ့ လုံခြုံမှုအပိုင်းမှာတော့ တော်တော်လေး နာမည်ကြီးပြီး လက်ရှိ ကမ္ဘာပေါ်မှာ ရေပန်းအစားဆုံးနဲ့ လူသုံးအများဆုံး Web Browser တွေထဲက တစ်ခု ဖြစ်ပါတယ်။

(၃) Opera

Photo : Siachen Studios

နောက်ထပ် လျင်မြန်ပြီး လုံခြုံမှုရှိတဲ့ Web Browser တစ်ခုကတော့ Opera ပါ။ ၎င်းကို ၁၉၉၅ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့ပါတယ်။ Opera မှာ Speed dial ၊ Private Browsing ၊ Pop-up Blocking နဲ့ Snapshot တို့လို အမိုက်စား Features တွေ ပါဝင်ပါတယ်။ စမတ်ဖုန်းတွေအတွက် Opera Mini နဲ့ Opera Mobile ဆိုပြီး မိုဘိုင်းဗားရှင်းတွေ ထုတ်ထားပါတယ်။

(၄) Tor

Photo : Siachen Studios

Tor browser ကတော့ ၎င်းရဲ့ Privacy Feature တွေနဲ့ ပတ်သတ်ပြီး တော်တော်လေး ရေပန်းစားပါတယ်။ Tor ဟာ အသုံးပြုသူရဲ့ တည်နေရာ ကို ဖော်ပြခြင်းမရှိခြင်းပဲ ဝက်ဆိုဒ်တွေကို အသုံးပြုလို့ ရပါတယ်။ နောက်ပြီး အသုံးပြုသူတွေရဲ့ ကိုယ်လေးအချက်အလက်တွေနဲ့ ပတ်သတ်ပြီး လုံခြုံမှုရှိတာကြောင့် Tor Users တွေက ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို ခွဲခြားဖို့ ခက်ခဲပါတယ်။ အကယ်လို့ ကွီးတို့က အင်တာနက်ပေါ်မှာ နာမည်ဝှက်နဲ့ Browsing လုပ်ချင်တယ်ဆိုရင်တော့ Tor က အကောင်းဆုံး ရွေးချယ်မှုတစ်ခု ဖြစ်နိုင်ပါတယ်။

(၅) Microsoft Edge

Photo : Siachen Studios

Microsoft ကနေ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်မှာ Microsoft Edge ကို စတင်ထုတ်လုပ်ခဲ့ပါတယ်။ Edge မှာ အချက်အလက် စုဆောင်းတဲ့ Feature အမိုက်စားတွေ ပါဝင်ပါတယ်။ Windows၊ Android၊ macOS၊ iOS တွေမှာ အသုံးပြုနိုင်ပြီး လက်ရှိ အသုံးပြုလို့ အကောင်းဆုံး Web Browsers တွေထဲက တစ်ခု ဖြစ်ပါတယ်။

Featured Photo : PCMag