ကိုယ့်ပတ်ဝန်းကျင်အတွက် အကျိုးပြု တဲ့ လူသားတစ်ယောက်ဖြစ်အောင် ကြိုးစားချင်တဲ့ ကွီး တို့အတွက် အခုဖော်ပြပေးမယ့် နည်းလမ်းကောင်း များက အသုံးတည့်မှာပဲဖြစ်ပါတယ်။

အဘက်ဘက်မှာ တိုးတက်လာအောင် ကြိုးစားလေ့လာပါ

အကျိုးပြု ကွီး နည်းလမ်းကောင်း

ကိုယ်က ပိုမိုတိုးတက်လာအောင် ကိုယ့်အတွက် ပိုကောင်းလေပါပဲ။ ကိုယ့်ရဲ့တိုးတက်မှုကို အမြဲတမ်းခြေရာခံထားပါ။ မနေ့ကထက် ဒီနေ့ပိုတော်အောင် ကြိုးစားပါ။ တစ်နေရာတည်းမှာပဲ ရပ်တန့်မနေဘဲ အရှေ့သို့ ဆက်လက်ချီတက်နိုင်အောင် အမြဲတမ်း အဘက်ဘက်က တိုးတက်လာအောင် ကြိုးစားလေ့လာဖို့လိုအပ်ပါတယ်။

ကိုယ့်ရဲ့ ရည်မှန်းချက်က ဘာဖြစ်မလဲ။ ထိုရည်မှန်းချက်အတွက် ကြိုးစားလုပ်ဆောင်ပါ။ တစ်ချိန်ချိန်မှာ နောင်တရမယ့်အလုပ်မျိုး မလုပ်မိပါစေနဲ့။ ဥပမာ အချိန်ဆွဲခြင်း၊ ကိုယ့် အိပ်မက်အတွက် ကြိုးစားတက်လှမ်းနေရင်းနဲ့မှ လမ်းတစ်ဝက်ရောက်မှ လက်လျော့လိုက်ခြင်း အစရှိတဲ့ ကိစ္စများပဲဖြစ်ပါတယ်။ တစ်ချိန်ချိန်မှာ ပြန်ပြောင်းစဉ်းစားတဲ့အခါ ကိုယ့်အတွက် ကိုယ်သည် ဂုဏ်ယူရတဲ့သူတစ်ယောက်ဖြစ်အောင် ကြိုးစားဖို့လိုအပ်ပါတယ်။

မကောင်းမြင်စိတ်ကို ဖယ်ရှားလိုက်ပါ

for a better kwee

လူ့ပတ်ဝန်းကျင်အတွက် အကျိုးပြု တဲ့ လူသားတစ်ယောက်ဖြစ်ချင်တဲ့ ကွီး တို့အတွက် နောက်ထပ် နည်းလမ်းကောင်း တစ်ခုကတော့ မကောင်းမြင်စိတ်ကို ဖယ်ရှားခြင်းပဲဖြစ်ပါတယ်။ မကောင်းမြင်စိတ်များ ကိန်းအောင်းနေတဲ့သူသည် သူ့ဘေးပတ်ဝန်းကျင်ရှိလူသားများအတွက် အနှောင့်အယှက်တစ်ခုပါပဲ။ အခြားသူများကို ကိုယ့်ရဲ့ မကောင်းမြင်စိတ်ကြောင့် ဝေဖန်ပြောဆိုတဲ့အခါ ဒဏ်ရာအနာတရတွေပဲဖြစ်စေပြီး ဘာကောင်းကျိုးမှ ပေးစွမ်းမှာမဟုတ်ပါဘူး။

ဒါ့ကြောင့် မကောင်းမြင်စိတ်ကို တတ်နိုင်သမျှဖယ်ရှားပြီး အကောင်းမြင်စိတ်ရှိတဲ့လူသားတစ်ယောက်ဖြစ်အောင် ကြိုးစားလိုက်ပါ။

ကိုယ့်ရဲ့ ဖြစ်တည်မှုကို အသိအမှတ်ပြုပါ

အကျိုးပြု ကွီး နည်းလမ်းကောင်း

လူတိုင်းမှာ အားနည်းချက်ကိုယ်စီရှိတတ်ကြပါတယ်။ ထိုအားနည်းချက်ကြောင့် ကိုယ့်ကိုယ်ကိုယ် မုန်းပစ်လိုက်လို့မရပါဘူး။ ကိုယ့်ကိုယ်ကိုယ် ချစ်နိုင်တဲ့သူကသာလျှင် အရာရာမှာ ယုံကြည်ချက်ရှိနေပြီး လုပ်ဆောင်သမျှသည် အောင်မြင်မှာဖြစ်ပါတယ်။

ကိုယ့်ရဲ့စံပြပုဂ္ဂိုလ်တစ်ယောက်က ဘယ်သူလဲဆိုတာ ရှာဖွေပါ

အကျိုးပြု ကွီး နည်းလမ်းကောင်း

ကိုယ့်ရဲ့စံပြပုဂ္ဂိုလ်၊ ကိုယ် လေးစားအားကျရတဲ့သူက ဘယ်သူဖြစ်မလဲဆိုတာကို သေသေချာချာရှာဖွေပါ။ ပြီးရင် ဘာ့ကြောင့် သူ့ကို လေးစားအားကျရသလဲဆိုတဲ့ အချက်များကိုရှာဖွေပါ။ ပြီးရင် သူဘယ်လိုကြိုးစားသလဲဆိုတာကို သိအောင် လေ့လာပါ။ သူ့အတိုင်း လိုက်လံကြိုးစားမယ်ဆိုရင်တော့ သင်သည် သင်ကိုယ်တိုင်က လေးစားအားကျရတဲ့သူတစ်ယောက်ဖြစ်လာပါလိမ့်မယ်။

အခြားသူများက လေးစားအတုယူရမယ့် စံပြပုဂ္ဂိုလ်တစ်ယောက်ဖြစ်အောင် ကြိုးစားပါ

အကျိုးပြု ကွီး နည်းလမ်းကောင်း

စောစောကနည်းလမ်းအတိုင်း ကြိုးစားပြီးသွားပြီဆိုရင်တော့ သင့်ကို လေးစားအားကျရတဲ့သူများလည်း ရှိလာပါလိမ့်မယ်။ ဒါသည် လူ့ပတ်ဝန်းကျင်အတွက် ကောင်းတဲ့အချက်တစ်ခုပဲဖြစ်ပါတယ်။ ဒီအချက်သည် ကိုယ့်ကိုယ်ကိုယ် လက်ခံမှ ချစ်မှသာလျှင် အများကလည်း လေးစားလက်ခံကာ အားကျမှာဖြစ်တာကြောင့် ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့လည်း မမေ့ပါနဲ့။

ကိုယ့်မိဘက ဂုဏ်ယူရသူတစ်ယောက်ဖြစ်အောင် ကြိုးစားပါ

for a better kwee

လူတိုင်းကတော့ ကိုယ့်မိဘနဲ့ ဆက်ဆံရေးပြေလည်ကြတာမဟုတ်ပါဘူး။ အချို့ကလည်း ကိုယ့်မိဘနဲ့ သားသမီးကြား ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခု တည်ဆောက်နိုင်ပြီး အချို့ကျပြန်တော့လည်း ခက်ခက်ခဲခဲတည်ဆောက်ယူရပါတယ်။

တကယ်လို့ သင့်မိဘနဲ့ သင့်ကြား ဆက်ဆံရေး မပြေလည်ဘူးဆိုရင် ဘာ့ကြောင့် မပြေလည်ရသလဲဆိုတဲ့ အကြောင်းအရင်းကို ရှာဖွေပါ။ အကြောင်းအရင်းသိသွားပြီဆိုမှ ဖြေရှင်းရမယ့် နည်းလမ်းရှာတွေ့မှာမဟုတ်လား။ ပြီးမှ ကိုယ့်မိဘအတွက် ဂုဏ်ယူရတဲ့ သားကောင်းတစ်ယောက်ဖြစ်အောင် ဆက်ကြိုးစားချင်စိတ်တွေရှိမှာပါ။

ကိုယ့်မိဘတွေအတွက် သားသမီးကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားပြီးတဲ့နောက်မှာတော့ ကိုယ့်မောင်နှမတွေအတွက်လည်း ကောင်းမွန်တဲ့လူတစ်ယောက်ဖြစ်အောင် ဆက်ကြိုးစားဖို့လိုပါသေးတယ်။

ကိုယ့်သူငယ်ချင်းများအတွက် မိတ်ဆွေကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားပါ

for a better kwee

ကိုယ် လိုအပ်တဲ့အချိန်မှာ ကိုယ့် သူငယ်ချင်းတွေက ကိုယ့်ဘေးနားမရှိဘူးဆိုပြီး အပြစ်မတင်လိုက်ပါနဲ့။ သင်ရော သင့်သူငယ်ချင်းတွေ လိုအပ်တဲ့အချိန်မှာ သူတို့အတွက် အဆင်သင့်ရှိပေးရဲ့လား။

သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်းဆိုတာကလည်း ဘဝမှာ မရှိမဖြစ်လိုအပ်တဲ့လူတွေပါပဲ။ ကိုယ့်ရဲ့ပျော်ရွှင်စရာအချိန်မှာ အတူတူမျှဝေပျော်ရွှင်ကြပြီး ဝမ်းနည်းတဲ့အချိန်မှာ ကိုယ့်ဘေးနားမှာ နှစ်သိမ့်ပေးမယ့်သူတွေပါ။

ကိုယ့်သူငယ်ချင်းတွေက ကိုယ့်အပေါ်မှာ ကောင်းတဲ့မိတ်ဆွေတွေဖြစ်တယ်ဆိုရင် ကိုယ်သည်လည်း ကိုယ့်သူငယ်ချင်းတွေအတွက် မိတ်ဆွေကောင်းတစ်ယောက်ဖြစ်ဖို့လိုအပ်ပါတယ်။

ကိုယ့် ချစ်သူကောင်မလေး၊ အိမ်ထောင်ဖက်အတွက် လက်တွဲဖော်ကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားပါ

for a better kwee

ကိုယ့် ချစ်သူကောင်မလေး၊ အိမ်ထောင်ဖက်ကို ငါ့အတွက် ဒါလေးတွေ လုပ်ပေးရင်ကောင်းမှာပဲ။ သူ့ရဲ့ဒီအကျင့်တွေကို ဖျောက်ဖျက်ပစ်ရင်ကောင်းမှာပဲဆိုပြီး မျှော်လင့်ချက်မထားပါနဲ့။ လူတစ်ယောက်ကို မျှော်လင့်ချက်ထားပြီး ချစ်တဲ့အခါ တစ်ချိန်ချိန်မှာ ကိုယ့်မျှော်လင့်ချက်အတိုင်း ဖြစ်မလာရင် ကိုယ်ပဲ နာကျင်ခံစားရမှာ မဟုတ်လား။

Relationship တစ်ခုဆိုတာ ကိုယ့်ဘက်က မျှော်လင့်ချက်မထားဘဲ သူ့ရဲ့အရှိအတိုင်းချစ်နေခြင်းပါပဲ။ သူ့အတွက် လိုအပ်မယ့်အရာများကို ဖြည့်ဆည်းပေးရင်း ကိုယ့်အတွက် သူက တစ်စုံတစ်ရာ ပြန်လုပ်ပေးသည်ဖြစ်စေ၊ မလုပ်ပေးသည်ဖြစ်စေ ကျေနပ်နေတာမျိုးကသာလျှင် စစ်မှန်တဲ့ချစ်ခြင်းတစ်ခုပါ။ သင့်ရဲ့လက်တွဲဖော်က သင့်ကို အမှန်တကယ်ချစ်တယ်ဆိုရင် ထိုချစ်ခြင်းမေတ္တာသည် ရောင်ပြန်ဟပ်မှာ အသေအချာပါပဲ။

လုပ်ငန်းခွင်မှာလည်း တော်ပြီး ထက်မြက်နေအောင် ကြိုးစားပါ

အကျိုးပြု ကွီး နည်းလမ်းကောင်း

ကိုယ့်ရဲ့အလုပ်အပေါ်မှာ တာဝန်လစ်ဟင်းမနေအောင် ကြိုးစားဖို့လိုအပ်ပါတယ်။ ကိုယ့်ရဲ့ အဖွဲ့သားတွေအတွက် ကောင်းမွန်တဲ့ အသင်းသားတစ်ယောက်ဖြစ်အောင် ကြိုးစားဖို့လိုအပ်ပြီး ကိုယ့်ရဲ့ လုပ်ငန်းခွင်တိုးတက်ရေးအတွက်လည်း အမြဲတမ်းတီထွင်ကြံဆကာ ကြိုးပမ်းနေရမှာဖြစ်ပါတယ်။

ကိုယ့် ပတ်ဝန်းကျင်အတွက် အကျိုးပြု တဲ့ ကွီး တစ်ယောက်ဖြစ်အောင် နည်းလမ်းကောင်း များဖြင့် ကြိုးစားပါ

for a better kwee

ကိုယ့်ရဲ့ လူမှုပတ်ဝန်းကျင်က ဘယ်လိုအရာတွေလိုအပ်မလဲ။ ထိုလိုအပ်ချက်တွေက ကိုယ်ကိုယ်တိုင်က ကူညီနိုင်တယ်ဆိုရင် လျစ်လျူရှုမထားဘဲ ကူညီဖေးမသင့်ပါတယ်။။ ထိုကဲ့သို့ မဟုတ်ဘဲ။ ဘယ်သူတွေ ဘယ်လိုပဲနေရပါစေ။ ကိုယ့်ရဲ့ အသိုက်အမြုံလေးတစ်ခု အေးချမ်းလုံခြုံနေရင် ကျေနပ်ပြီဆိုတဲ့ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ စိတ်ဓာတ်နဲ့ဆိုရင်တော့ တစ်ချိန်ချိန်မှာ ကိုယ့်ရဲ့နေရာတစ်ကွက်စာသည်လည်း မအေးချမ်း မလုံခြုံတဲ့အချိန်ကို ရောက်လာနိုင်ပါတယ်။ ထိုအချိန်မှ နောင်တရမယ်ဆိုရင်တော့ အလွန်အမင်းနောက်ကျသွားပြီပဲဖြစ်ပါတယ်။

အသစ်သောအရာများကို လေ့လာသင်ယူပါ

for a better kwee

ကိုယ့်ရဲ့ လုပ်ငန်းခွင်တိုးတက်ရေးအတွက်သာမက Personal Development အတွက်သာမက အသစ်အသစ်သော အရည်အချင်များကို လေ့လာသင်ယူသင့်ပါတယ်။ ဒါမှသာ အောင်မြင်တိုးတက်တဲ့သူတစ်ယောက်ဖြစ်မှာမဟုတ်လား။

ရှိပြီးသားအရည်အချင်းများကိုလည်း တုံးမသွားအောင် အမြဲတမ်း သွေးနေပါ

for a better kwee

ကိုယ့်ရဲ့ ရှိပြီသားအရည်အချင်းတွေကိုလည်း မေ့မပစ်ဘဲ တစ်နည်းနည်းတဖုံဖုံနဲ့ ပြန်လည်အသုံးချသင့်ပါတယ်။ အသုံးမချဘဲ ဒီအတိုင်းပစ်ထားမယ်ဆိုရင် မသုံးဘဲထားတဲ့ ဓားလို ဓားသွားတွေ တုံးသွားမှာဖြစ်ပါတယ်။

ကိုယ့်ရဲ့ ပတ်ဝန်းကျင်ကို အကျိုးပြု ချင်တဲ့ ကွီး တို့အားလုံးလည်း အခုဖော်ပြသွားတဲ့ နည်းလမ်းကောင်း တွေကို လက်တွေ့အသုံးချနိုင်မယ်လို့ မျှော်လင့်မိပါတယ်။

Source: Personalexcellence

Featured Image Source: Knowyourmeme