လူတိုင်းက သန့်ရှင်းသပ်ရပ်ပြီး ဖုန်မှုန့်နှင့် အမှိုက်များ ကင်းစင်တဲ့ အိမ်ကိုသာ လိုချင်ကြတာပါ။ အိမ်သန့်ရှင်းရေး လုပ်ရတာသည်လည်း အချိန်ကုန်ပြီး လူပင်ပန်းတဲ့ အလုပ်တစ်ခုပဲဖြစ်ပါတယ်။ ဒါပေမဲ့ ကွီးတို့အနေနဲ့ အချိန်ကုန်ခံ လူပင်ပန်း ခံရတဲ့ ဒုက္ခ က ကျွတ်ချင်တယ်ဆိုရင်တော့ အဆင့်မြင့်နည်းပညာတွေကို အားကိုးရတော့မှာပဲဖြစ်ပါတယ်။
အဆင့်မြင့် နည်းပညာများနဲ့ ထုတ်လုပ်ထားတဲ့ ပစ္စည်းကိရိယာများကို အသုံးပြုမယ်ဆိုရင် အချိန်ကုန်ခံ လူပင်ပန်းခံရတဲ့ ဒုက္ခ က ကျွတ်သွားမှာပဲဖြစ်ပါတယ်။
Narwal Self-Cleaning Robot Mop & Vacuum
ဖုန်စုပ်စက် အသေးစားတစ်မျိုးဖြစ်ပြီး အခြားသော ဖုန်စုပ်စက်တွေလိုမျိုး ကွီးတို့က လက်နဲ့ ကိုင်ပြီး လုပ်နေစရာမလိုပါဘူး။ ဖုန်စုပ်စက်ကို ကြမ်းပြင်ပေါ်မှာပဲ ဒီအတိုင်းချထားလိုက်ပါ။ စမတ်နည်းပညာ အသုံးပြုထားတဲ့အတွက်ကြောင့် ကွီးတို့ရဲ့ နေရာပေါင်းစုံ၊ ထောင့်ပေါင်းစုံကို သန့်ရှင်းတောက်ပြောင်သွားအောင် သန့်ရှင်းပေးသွားမှာပဲဖြစ်ပါတယ်။
Shark ION ROBOT Voice Control Robotic Vacuum
နောက်ထပ် အမျိုးအစားတစ်ခုကတော့ အသံနဲ့ အမိန့်ပေး စေခိုင်းလို့ရတဲ့ စက်ရုပ် ဖုန်စုပ်စက်ပဲဖြစ်ပါတယ်။ ချောင်ကြို ချောင်ကြားပါမကျန် ကွီးတို့အိမ်ကို သန့်ရှင်း တောက်ပြောင်သွားအောင် ပြုလုပ်ပေးမယ့် အိမ်သုံး ပစ္စည်းတစ်မျိုးပဲဖြစ်ပါတယ်။
အိမ်တွင်းအပင်ငယ်များ စိုက်ပျိုးထားသူတွေအတွက်
ခဏခဏ ရေလောင်းပေါင်းသင်ရတာ စိတ်ညစ်နေရောပေါ့။ ဒါဆိုရင်တော့ Tableau Automatic House Plan Watering Tray ကို အသုံးပြုကြည့်လိုက်ပါ။ ဗန်းပေါ်မှာ ရေထည့်ထားတဲ့ ပုလင်းတစ်ခု တွေ့ပါလိမ့်မယ်။ ထိုပုလင်းအနီးနားမှာ ကိုယ့်ရဲ့ အိမ်တွင်း အပင်ငယ်လေးကို တင်ထားလိုက်ပါ။ ဒါဆိုရင် သူ့ဘာသာသူ အလိုအလျောက် ရေလောင်းပေးပါလိမ့်မယ်။
Joseph Joseph Flexible Toilet Brush
ကျနော်တို့တွေ သန့်ရှင်းရေး မလုပ်ချင်ဆုံး နေရာတစ်ခုဆိုရင်တော့ အိမ်သာပဲဖြစ်ပါတယ်။ ဒီ Toilet Brush ကတော့ ပုံစံအမျိုးမျိုးပြောင်းလဲကာ သန့်ရှင်းရေး ပြုလုပ်နိုင်တာကြောင့် ကွီးတို့ ကြိုက်နှစ်သက်မှာပဲဖြစ်ပါတယ်။ ထောင့်ချိုးနေရာတွေဆိုလည်း အလိုက်သင့်လေး ပုံစံ ပြောင်းနိုင်တာကြောင့် အဆင်ပြေပါတယ်။ ဒါ့အပြင် သူ့ရဲ့ ဘရက်ရှ်က အိမ်သာရေတွေ ကိုယ့်ဆီ ပြန်မစင်လာအောင် ကူညီပေးမှာပဲဖြစ်ပါတယ်။ ဒါ့အပြင် သူ့ရဲ့ ဘရက်ရှ်ကလည်း ဘယ်လောက်ပဲ အသုံးပြုပါစေ ညစ်ပတ်ပေရေ မနေပါဘူး။
OXO Electronics Cleaning Brush
ကျနော်တို့ နေ့စဥ် အသုံးပြုနေတဲ့ လျှပ်စစ်ပစ္စည်းတွေ ဆိုသည်မှာလည်း ဖုန်မှုန့်များ အလွယ်တကူ တက်လွယ်ပါတယ်။ ဒါ့ကြောင့်လည်း အမြဲတစေ သန့်ရှင်းရေး ပြုလုပ်နေရတာပါ။ လျှပ်စစ်ပစ္စည်းတွေသည် ချောင်ကြိုချောင်ကြားတစ်လျှောက် သန့်ရှင်းရေး ပြုလုပ်ရတာလည်း ခက်ပါတယ်။ Laptop ရဲ့ ခလုတ်တွေကြားထဲ ဖုန်ဝင်သွားရင်လည်း သန့်ရှင်းရေး လုပ်ရတာ ခက်ပါတယ်။ ဒါပေမဲ့ OXO Electronics Cleaning Brush ကို အသုံးပြုမယ်ဆိုရင်တော့ ကွီးတို့ သန့်ရှင်းရေး လုပ်ရတာလည်း လွယ်ကူသွားပါလိမ့်မယ်။ သူ့ရဲ့ ဘရက်ရှ်သည် အစွန်းနှစ်ဖက် ပါရှိပြီး ကွီးတို့ကြိုက်တဲ့ ဘရက်ရှ်ဒီဇိုင်းနဲ့ စိတ်ကြိုက် သန့်ရှင်းရေး ပြုလုပ်နိုင်ပါတယ်။
ကွီးတို့ရော အချိန်ကုန်ခံ လူပင်ပန်းခံရတဲ့ ဒုက္ခ က ကင်းဝေးဖို့ ဘယ်လိုပစ္စည်းကိရိယာတွေကို အသုံးပြုနေပါသလဲ။
Source: Thegadgetflow
Featured Image: Freepik