လိင်မှုကိစ္စဆိုတာ လူသားတို့ရဲ့ သဘာဝတစ်ခုပါ။ အရွယ်ရောက်ပြီးသား လူသားတိုင်း လိင်မှုကိစ္စကို ဆောင်ရွက်ကြတယ်ဆိုတဲ့ နေရာမှာ သာယာပျော်ရွှင်မှုနဲ့ စိတ်ကျေနပ်မှုကို ရရှိဖို့က အဓိကပါပဲ။ သာယာပြီး စိတ်ကျေနပ်မှုရှိသော လိင်မှုဘဝ ကို ပိုင်ဆိုင်ခြင်းက ကွီးတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ နှစ်မျိုးလုံးရဲ့ ကျန်းမာရေးအပေါ် ကောင်းသော သက်ရောက်မှုကို ရှိစေပါတယ်။ ကျန်းမာပြီး ငယ်ရွယ်တဲ့အချိန်မှာ တော်တော်များများက လိင်မှုကိစ္စကို တတ်ကြွတာ ပုံမှန်ဖြစ်ပေမယ့် လိင်မှုကိစ္စကို ရှောင်ရမယ့် အချိန်လေးတွေလည်း ရှိပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ဘယ်လို အချိန်တွေမှာ စကီလေးနဲ့ ချစ်ဖို့ လုံးဝ  မသင့်ဘူးလဲဆိုတာ ဝေမျှပေးသွားမှာ ဖြစ်ပါတယ်။

အကာအကွယ် မပြည့်စုံတဲ့အခါ

အချိန်တွေမှာ ချစ်ဖို့

Photo : The Mirror

ကွီးတို့ရေ အပျော်ကနေ အပျက်မဖြစ်ဖို့အတွက် ကြိုတင်ကာကွယ်ဖို့က အရေးကြီးပါတယ်။ ထို့အတူပါပဲ လိင်ပိုင်းဆိုင်ရာ လှုပ်ရှားမှုမှာ လိင်မှတစ်ဆင့်ကူးစက်နိုင်သော ရောဂါများနှင့် အဆင်သင့်မဖြစ်သေးဘဲ ကိုယ်ဝန်ရရှိခြင်းကို ကာကွယ်နိုင်ဖို့ အကာအကွယ် (ကွန်ဒုံး) ကို အသုံးပြုသင့်ပါတယ်။ ဒီအချက်ကို အလေးမထားဘဲ အကာအကွယ်မဲ့ လိင်ဆက်ဆံမိရင် နောက်ဆက်တွဲ ဆိုးကျိုးတွေ ကြုံတွေ့ရနိုင်ပါတယ်။ ဒါ့ကြောင့် ကွီးတို့အနေနဲ့ အကာအကွယ် အဆင်သင့်မရှိတဲ့အခါမျိုးမှာ လိင်ဆက်ဆံခြင်းကို ရှောင်ပါ။

ကွီးတို့ လိင်အင်္ဂါမှာ ပိုးဝင်တဲ့အခါ

အချိန်တွေမှာ ချစ်ဖို့

Photo : shopijiejo.com

ကွီးတို့ရဲ့ လိင်တံထိပ်မှာ နီရဲပြီး ယားယံတဲ့ အဖုလေးများ ဖြစ်ပေါ်လာရင် မှိုပိုးကူးစက်မှု ဖြစ်နိုင်ပါတယ်။ ဒီလို အခြေအနေမျိုးကို ခံစားနေရပါက လိင်ဆက်ဆံခြင်းကို ရှောင်ကြဉ်ပါ။ ဒီလို အခြေအနေမျိုးမှာ လိင်ဆက်ဆံတယ်ဆိုရင် အကာအကွယ်ကို သုံးထားရင်တောင် ပြီးပြည့်စုံစွာ လုပ်ဆောင်နိုင်မယ်ဆိုတာ လုံးဝ မသေချာနိုင်ပါဘူး။ အခန့်မသင့်ရင် တစ်ဖက်လူကိုပါ ကူးစက်နိုင်ပါတယ်။ ဒါ့ကြောင့် ကွီးတို့ လိင်အင်္ဂါမှာ ပိုးဝင်တဲ့ လက္ခဏာမျိုး ခံစားရရင် ဆရာဝန်နဲ့ အမြန်ဆုံးပြသပြီး ကုသမှုခံယူပါ။

ကွီးတို့ ညီလေး နေမကောင်းတဲ့ အခါ

Photo : Men’s Health

လိင်အင်္ဂါနဲ့ လိင်အင်္ဂါတစ်ဝိုက် ယားယံခြင်း၊ လိင်အင်္ဂါနာကျင်ခြင်း ဆီးသွားတဲ့အခါ နာကျင်ခြင်း၊ ပုံမှန်မဟုတ်သော လိင်တံကွေးကောက်ခြင်း၊ လိင်တံ သို့မဟုတ် လိင်အင်္ဂါတွင် အဖုအထစ်များ ပေါ်ပေါက်လာခြင်း၊ သုက်လွှတ်စဉ်အတွင်း နာကျင်မှု ခံစားရခြင်း၊ ပြင်ပမှ ထိခိုက်ဒဏ်ရာ ရရှိခြင်း စတဲ့ အချိန်မှာ လိင်ပိုင်ဆိုင်ရာ လှုပ်ရှားမှုများကို ရပ်တန့်ထားသင့်ပါတယ်။ လိင်အင်္ဂါနဲ့ လိင်အင်္ဂါတစ်ဝိုက် မူမမှန်ဖြစ်နေတဲ့အချိန်မှာ လိင်ဆက်ဆံမှုကို ပြုလုပ်မိပါက လိင်မှတဆင့်ကူးစက်တတ်သော ရောဂါများနဲ့ အခြားသော မလိုလားအပ်တဲ့ ကျန်းမာရေးပြဿနာများကို ခံစားရနိုင်ပါတယ်။ ဒီလို အခြေအနေမျိုးမှာလည်း ဆရာဝန်နဲ့ ပြသဖို့ မနှောင့်နှေးစေပါနဲ့။

တစ်ဖက်သားက စိတ်မပါတဲ့အခါ

Photo : The Power of Moves

ကွီးတို့အနေနဲ့ ဘယ်လောက်ပဲ စိတ်အားထက်သန်နေပါစေ၊ တစ်ဖက်သားက စိတ်မပါတဲ့အခါ ဖိအားပေးပြီး လိင်ဆက်ဆံခြင်းကို ရှောင်ပါ။ တစ်ဖက်လူက နေမကောင်းတာ၊ စိတ်ဖိစီးမှု စတဲ့ အကြောင်းအမျိုးမျိုးကြောင့် လိင်မှုကိစ္စကိုလုပ်ဖို့ စိတ်မပါတာမျိုး ဖြစ်နိုင်ပါတယ်။ ဒီလို အခြေအနေမျိုးမှာ ဖိအားပေးပြီး လိင်ဆက်ဆံခြင်းက ဒေါသ၊ နာကြည်းမှုနဲ့ စိတ်ပျက်မှုတွေကို ဦးတည်သွားစေနိုင်ပါတယ်။ ဒါ့ကြောင့် နှစ်ဦးနှစ်ဖက် အဆင်သင့်ဖြစ်မှ လိင်မှုကိစ္စကို ဆောင်ရွက်သင့်ပါတယ်။

ကွီးတို့ရေ တူနှစ်ကိုယ် အတူသာယာမှုကို ရှာဖွေကြတဲ့နေရာမှာ ဘေးကင်းလုံခြုံစေဖို့ကလည်း အရေးကြီးပါတယ်။ ဒါ့ကြောင့် အခုဖော်ပြပေးလိုက်တဲ့ အချိန်တွေမှာ စကီလေးနဲ့ ချစ်ဖို့ လုံးဝကို ရှောင်ရှားသင့်ပါတယ်။

Source : Time of India

Featured Photo : Verywell Mind