စိတ်ခံစားချက်လေးတွေ ဂွတ်ထနေဖို့ ၊ Mood လေးကောင်း / စိတ်လေးပျော်နေဖို့ ပါတီ Drug တွေထက် ကောင်းတဲ့ အစွမ်းထက် စိတ်ပျော်ဆေး တစ်ခု ညွှန်းပေးပါမယ်။ ဒါကတော့ ဂီတလို့ ခေါ်တဲ့ သီချင်းတွေပါပဲ။ သီချင်းတွေမှာ စိတ်ပျော်စေတဲ့ ၊ စိတ်ကိုတက်ကြွလန်းဆန်းစေတဲ့ စွမ်းအားတွေ ရှိပါတယ်။ ကိုယ့်ကိုယ်ကိုယ် အန္တရာယ်ဖြစ်စေနိုင်တဲ့ အရာတွေနဲ့ ပျော်အောင်လုပ်တာထက် သီချင်းတွေနဲ့ အန္တရာယ်ကင်းကင်း ပျော်လိုက်တာက ပိုပြီး စစ်မှန်တဲ့ ပျော်ရွှင်မှုကို ရစေမှာပါ။ ဒီတစ်ခေါက်မှာတော့ ဖီလင်ကောင်းစေမယ့် ၊ စိတ်ပျော်စေမယ့် အကောင်းဆုံး Spotify Playlist သီချင်းလန်းလန်းလေးတွေကို မျှဝေပေးပါမယ်။

(၁) Fire (Official UEFA EURO 2024 Song) – Meduza , OneRepublic , Leony

Source : Meduza

ဒီသီချင်းလေးကတော့ ဘောလုံးပရိသတ်တွေရော သီချင်းချစ်သူတွေပါ နှစ်သက်သဘောကျမယ့် သီချင်းကောင်းလေး တစ်ပုဒ်ပါ။ UEFA Euro 2024 ပြိုင်ပွဲကြီးအတွက် ရေးစပ်သီဆိုထားတာ ဖြစ်ပါတယ်။ မြူးမြူးကြွကြွနဲ့ ပျော်ရွှင်တဲ့ ခံစားချက်ကိုပေးမယ့် စိတ်ပျော်ဆေး သီချင်းလေး ဖြစ်ပါတယ်။

(၂) I Don’t Wanna Wait – David Guetta & OneRepublic

Source : David Guetta

I Don’t Wanna Wait ဆိုတဲ့ သီချင်းသံစဉ်လေးကို အားလုံးပဲ ကြားဖူးကြမယ် ထင်ပါတယ်။ ဒီသီချင်းလေးကတော့ အခုနှစ်ထဲမှာမှ နာမည်ကြီး DJ David Guetta နဲ့ OneRepublic အဖွဲ့တို့ Collaboration လုပ်ထားတဲ့ သီချင်းလေး ဖြစ်ပါတယ်။ ကခုန်လို့ကောင်းတဲ့ ခပ်မြူးမြူး သီချင်းလေး ဖြစ်တာကြောင့် သီချင်းချစ်သူ ကွီးတို့ ခံစားနားဆင် ကြည့်လိုက်ပါဦး။

(၃) Body Talk – Ofenbach & SVEA

Source : Ofenbach

နောက်ထပ် ခပ်မြူးမြူးနဲ့ ကခုန်လို့ကောင်းတဲ့ စိတ်ပျော်ဆေး သီချင်းလေးကတော့ Ofenbach & SVEA တို့ရဲ့ Body Talk သီချင်းလေး ဖြစ်ပါတယ်။ MV ကို ခပ်ကြမ်းကြမ်း ခပ်လန်းလန်းလေး ရိုက်ထားသလို သီချင်းလေးကလည်း လုံးဝ အမိုက်စားပါ။ နားဆင်ကြည့်လိုက်ပါဦး။

(၄) Shine – Toby Romeo ft. Sam Fischer

Source : Toby Romeo

Shine ဆိုတဲ့ သီချင်းလေးကတော့ သြစတြီးယားနိုင်ငံသား နာမည်ကြီး DJ နဲ့ Music Producer Toby Romeo နဲ့ အဆိုတော် Sam Fischer တို့ ပူးပေါင်းဖန်တီးထားတဲ့ သီချင်းကောင်းလေးပါ။ သီချင်းရဲ့ တေးသွားလေးကိုက ခပ်မြူးမြူးလေးနဲ့ ကခုန်ပျော်လို့ကောင်းတဲ့ သီချင်းလေး ဖြစ်ပါတယ်။

(၅) Unsure – Alan Walker , Kylie Cantrall

Source : Alan Walker

Unsure ကတော့ Alan Walker ကြီးရဲ့ အသစ်စက်စက် သီချင်းအမိုက်စားလေးပါ။ Kylie Cantrall နဲ့အတူ ပူးပေါင်းဖန်တီး ထားပါတယ်။ Music Video ကလည်း လုံးဝရှယ်ကြီး ဖန်တီးထားတာမလို့ သီချင်းလေးကို ကွီးတို့ပဲ ခံစားနားဆင်ကြည့်လိုက်ပါ။

(၆) ALL WE GOT – Ray Dalton

Source : Ray Dalton

ALL WE GOT သီချင်းလေး ကတော့ အမေရိကန်အဆိုတော် Ray Dalton ခပ်မြူးမြူး သီချင်းကောင်းလေးတစ်ပုဒ် ဖြစ်ပါတယ်။ ထွက်ထားတာ လပိုင်းပဲ ရှိသေးတဲ့ သီချင်းအသစ်လေး ဖြစ်တာကြောင့် ခံစားနာဆင်ကြည့် လိုက်ပါဦး။

(၇) Wanna Dance – Alle Farben & James Carter & VARGEN

Source : Alle Farben

Wanna Dance ဆိုတဲ့ Title လေးအတိုင်းပါပဲ။ ကခုန်ပျော်ရွှင်ချင်ရင်တော့ Alle Farben & James Carter & VARGEN တို့ရဲ့ Wanna Dance သီချင်းကိုတော့ နားဆင်ခံစားလိုက်ပါ။

ကွီးတို့ စိတ်ပျော်ရွှင် တက်ကြွလန်းဆန်း သွားစေဖို့ ပါတီ Drug တွေထက် အစွမ်းထက်တဲ့ စိတ်ပျော်ဆေး သီချင်းကောင်းလေးတွေကို တက်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။ ကွီးတို့ အကြိုက်နဲ့ ထပ်တူကျတဲ့ သီချင်းလေးတွေကိုလည်း ကွန်းမန့်မှာ ရေးခဲ့ပါဦး။

Source : Klangspot Recordings 

Featured Photo : University of California