Scorpio တွေက Water Sign ဖြစ်တာနဲ့အညီ စိတ်ပိုင်းဆိုင်ရာ ရဲရင့်တက်ကြွတယ် ၊ စိတ်ဝင်စားတဲ့ အရာတစ်ခုအပေါ် စိတ်အားထက်သန်မှုအပြည့် ဇွဲလုံ့လရှိရှိ လုပ်ကိုင်တက်ကြတယ် ၊ လူတွေရဲ့ အာရုံစိုက်မှုကို ညို့ငင်ဖမ်းစားနိုင်တယ် စတဲ့ အချက်တွေ ပိုင်ဆိုင်ထား ကြပါတယ်။ ဒါ့အပြင် စကော်တွေက ဉာဏ်ကောင်းပြီး ပျော်ပျော်နေတက်ကြသလို တစ်ခါတစ်ရံမှာ ခေါင်းမာပြီး သူတို့ရဲ့ခံစားချက်တွေကို လွယ်လွယ်ထုတ် မပြတတ်ကြပါဘူး။ သိုသိုသပ်သပ်နဲ့ လျို့ဝှက်နက်နဲစွာ နေထိုင်တက်တာက စကော်တွေရဲ့ ဆွဲဆောင်မှုတစ်ခုလို့ ပြောရမှာပါ။ ကွီးတို့က စကော်မလေး ကိုမှ စိတ်ဝင်စားနေမိတယ်ဆိုရင်တော့  Scorpio ကောင်မလေးတွေနဲ့ အလိုက်ဖက်ဆုံး Zodiac Signs တွေကို ဒီဆောင်းပါးလေးကနေတဆင့် ပြောပြပေးပါမယ်။

(၁) Scorpio နဲ့ Taurus

Dating Couple

Photo : Chirpy Dates

စကော်မလေး တွေနဲ့ လိုက်ဖက်မှုအရှိဆုံး Signs တွေထဲကတစ်ခုကတော့ တောအရက်ပါ။ သူတို့နှစ်ဦးကြားမှာ စိတ်ပိုင်းဆိုင်ရာ ပြင်းရှနက်နဲတဲ့ ချိတ်ဆက်မှု ရှိပါတယ်။ ဒါပေမယ့် Scorpio တွေက အာဏာနဲ့ ထိန်းချုပ်မှုကို လိုလားပြီး Taurus တွေကတော့ ပေါ့ပါးပါးပါးနဲ့ သဘာဝဆန်ဆန် နေထိုင်တက်ရတာကို ကြိုက်သူတွေပါ။ ပြောရရင် အစွန်းနှစ်ဖက်မှာ ရပ်နေကြတဲ့ သူတွေလိုပါပဲ။ ဆိုတော့ အစောပိုင်း အချစ်ရေး အဆင့်မှာ တော်တော်လေး ရုန်းကန်ရနိုင်ပေမယ့် အခက်အခဲ အတားအဆီးတွေကို ကျော်ဖြတ်လာနိုင်လေ တဖြည်းဖြည်းနဲ့ ပိုမိုခိုင်မာမြဲမြံပြီး ပျော်ရွှင်ဖွယ်ရာ အချစ်ရေးတစ်ခုကို ပိုင်ဆိုင်လာနိုင်လေပါ။ အချစ်ရဲ့ Puzzle အပိုင်းအစလေးတွေကို ဆက်ရင်း ပြီးပြည့်စုံတဲ့ အချစ်ရေးတစ်ခုကို သွားနိုင်မယ့် အလိုက်ဖက်ဆုံး Signs တွေ ဖြစ်ပါတယ်။

(၂) Scorpio နဲ့ Cancer

Dating Couple

Photo : LovePanky

Scorpio နဲ့ Cancer နှစ်ယောက်လုံးက Water Sign တွေပဲမလို့ များသောအားဖြင့် စိတ်ခံစားမှုတွေ တူညီတက်ကြပြီး သိပ်အများကြီး ညှိနှိုင်းစရာ မလိုပါဘူး။ Cancer တွေက Care လုပ်ရတာကို နှစ်သက်သူတွေပါ။ စကော်မလေး တွေကျပြန်တော့ အမှီအခိုကင်းကင်း အကျောတင်းတဲ့ သူမျိုးတွေပါ။ ဒါပေမယ့် Scorpio တွေက တကယ်ချစ်မိပြီဆိုရင် သူတို့အပေါ် ဂရုစိုက်မှုပေးတာကို အင်မတန် နှစ်ခြိုက်သဘောကျ ကြပါတယ်။ Scorpio ရော Cancer ရောက စိတ်အားထက်သန်မှု ပြင်းပြတယ် ၊ အလုပ်ကြိုးစားတယ် ၊ ရင့်ကျက်မှုရှိတယ် ၊ ပျော်ပျော်နေတက်တယ် စတဲ့ အချက်တွေမှာ တူညီတာကြောင့် နှစ်ဦးသား လက်တွဲမယ်ဆိုရင် ကြည်နူးပျော်ရွှင်ဖွယ် အချစ်ရေးတစ်ခုကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

(၃) Scorpio နဲ့ Virgo

Dating Couple

Photo : Today Show

Water Sign ဖြစ်တဲ့ Scorpio နဲ့ Earth Sign ဖြစ်တဲ့ Virgo တို့ကြားက ဆက်နွယ်မှုဟာ အတော်လေး လိုက်ဖက်ပြီး ဆန်းကြယ်လွန်း လှပါတယ်။ Virgo နဲ့ Scorpio တို့ရဲ့ ဝိသေသလက္ခဏာတွေနဲ့ ပင်ကိုယ် ကိုယ်ရည်ကိုယ်သွေးတွေဟာ လုံးဝနီးပါးကို ကွဲပြားနေတာပါ။ Scorpio တွေက ရဲရဲတောက် ကိုယ်ရည်ကိုယ်သွေးရှိပြီး Virgo တွေကတော့ ညင်သာသိမ့်မွေ့မှုတွေကို ပိုင်ဆိုင်ထားတာပါ။ Virgo တွေအတွက် လက်တွေ့ဆန်ဆန်နဲ့ ရဲရင့်ပြတ်သားတက်တဲ့ Scorpio တွေရဲ့ ကိုယ်ရည်ကိုယ်သွေးဟာ စိတ်ဝင်စားစရာ ဖြစ်နေတက်ပါတယ်။ ကောင်းတာတစ်ခုကတော့ Scorpio နဲ့ Virgo တို့က ပွင့်ပွင့်လင်းလင်း ပြောဆိုဆက်ဆံရတာကို ကြိုက်ကြပြီး မတူကွဲပြားမှုတွေကို ညှိနှိုင်းဆောင်ရွက် တက်ကြတာပါ။ ပြောရရင် ဘယ်လိုပဲ ကွဲပြားမှုတွေရှိနေပါစေ ကိုင်တွယ်ဖြေရှင်းနိုင်ပြီး အကောင်းဆုံး ရလဒ်တစ်ခုကို ထုတ်နိုင်တာပါပဲ။ ဒါကြောင့် Virgo ကောင်လေးတွေအနေနဲ့ စကော်မလေး တွေကို လက်တွဲဖော်အဖြစ် ရွေးချယ်မယ်ဆိုရင် သေချာပေါက် စိတ်ဆင်းရဲရမှာ မဟုတ်ဘူးလို့ အာမခံနိုင်ပါတယ်။

Source : The Bridal box

Featured Photo : LoveToKnow