အဆီပိုမရှိ ကျစ်လျစ်တဲ့ ဘော်ဒီနဲ့ ကြည့်ကောင်းတဲ့ ကြွက်သားတွေ ပိုင်ဆိုင်ဖို့ဆိုတာ ယောကျာ်းလေးတိုင်းရဲ့ အိပ်မက်တစ်ခုပါပဲ။ အဆီပို မရှိအောင် လုပ်တယ်ဆိုတာ သိပ်မခက်ပါဘူး။ စိတ်ရှည် ဇွဲသန် နည်းလမ်းမှန်ဖို့ပဲ လိုတာပါ။ အလွယ်ဆုံး ပြောရရင် အားကစားလုပ် ၊ မှန်ကန်တဲ့ အစားအသောက်စား ၊ အဆီချတဲ့ အားကစားလေး လုပ်ဖြစ်အောင် လုပ်ရုံပါပဲ။

ဒီအပိုင်းတွေကို ပြန်အသေးစိတ် ထုတ်ပြရာမှာတော့ နည်းနည်း ပိုလက်ဝင်လာပါတယ်။ အားကစားလုပ်ဆိုတဲ့ နေရာမှာ ကြွက်သားတက်အောင် Strength Training ကစားပေးဖို့ လိုပါတယ်။ ဥပမာ – ဒိုက်ထိုး Push Ups ၊ Mountain Climbers ၊ Squats ၊ Deadlift ၊ Walking Lunges ၊ Crunches ကစားတာနဲ့ Gym မှာ Weight Machine သုံးပြီး လေ့ကျင့်ခန်း လုပ်တာတွေ အကုန်ပါပါတယ်။

Workout

Photo : ManOfMany

Gym မသွားနိုင်ရင်လည်း ကိုယ့်အိမ်မှာ ဖြစ်ဖြစ် အိမ်အပြင်မှာ ဖြစ်ဖြစ် လုပ်နိုင်တဲ့ အဆီချလေ့ကျင့်ခန်းတွေ အများအပြား ရှိပါတယ်။ အလွယ်ဆုံးက အပြေးလေ့ကျင့်ခန်း လုပ်တာ ၊ စက်ဘီးနင်းတာ ၊ လှေကားတက်တာ ၊ ကြိုးခုန်တာ ၊ ရေကူးတာတွေ ဖြစ်ပါတယ်။ ဒါမှမဟုတ်လည်း လက်အမြှောက်အချ ခုန်ရတဲ့ Jumping Jacks လေ့ကျင့်ခန်းမျိုး လုပ်နိုင်ပါတယ်။ Jumping Jacks လေ့ကျင့်ခန်းဟာ ခန္ဓာကိုယ်တစ်ခုလုံးကကြွက်သားတွေအပေါ် အကျိုးသက်ရောက်မှုရှိပြီး နှလုံးခုန်နှုန်းကိုတိုးတက်ကောင်းမွန်စေကာ ကယ်လိုရီနဲ့ အဆီတွေကို များများလောင်ကျွမ်းစေမှာပဲဖြစ်ပါတယ်။

အစားအသောက် အနေနဲ့ ပရိုတိန်းမြင့်တဲ့ High-Protein Diet စားပေးဖို့ အရေးကြီးပါတယ်။ လူအတော်များများက ပရိုတိန်းမြင့်တဲ့ အစားအသောက်ဆိုတာ လူသန်ကြီးတွေ နဲ့ BodyBuilders တွေအတွက်လို့ ထင်ကြပါတယ်။ တကယ်တော့ High-Protein Diet စားတာဟာ ပုံမှန် Standard Protein နဲ့ ကာဗွန် ဟိုက်ဒရိတ်နည်းတဲ့ Low Crab Diets တွေထက်တောင် ကိုယ်တွင်းအဆီတွေ ချရာမှာ ထိရောက်မှု မြင့်တယ်လို့ University Of South Australia ရဲ့ သုတေသနပညာရှင်တွေက တွေ့ရှိထားပါတယ်။

Body Fat ကျဖို့အတွက် Omega 3 နဲ့ Omega 6 လိုမျိုး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ Healthy Fat တွေ ၊ Monounsaturated Fats နဲ့ Polyunsaturated Fats တွေလည်း စားပေးဖို့ လိုပါတယ်။ ဒီအဆီတွေကို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီ Good Fats လို့ လူသိများပါတယ်။ Good Fats ဟာ လူရဲ့ နှလုံး ၊ ကိုလက်စထရော နဲ့ ခါးအဆီအတွက်လည်း ကောင်းပါတယ်။ နောက်ထပ် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေကတော့ ငါး ၊ အစေ့အဆံ ၊ ကြက်ဥ ၊ သံလွင်ဆီ နဲ့ ထောပတ်သီးတို့လည်း စားပေးသင့်ပါတယ်။

အမျှင်ဓါတ်ပါတဲ့ သစ်သီးဝလံ ၊ အစားအသောက် ၊ အစေ့အဆံ ၊ အသီးအရွက် ၊ ဆန်လုံးညို နဲ့ ရေကလည်း ကိုယ်တွင်းအဆီတွေ လျှော့ချရာမှာ အရာရောက်ပါတယ်။ ရေများများသောက်တာဟာလည်း အဆီချရာမှာ အထောက်အကူ ဖြစ်ပါတယ်။ တခြား သောက်စရာထဲကဆို ကော်ဖီသောက်တာဟာ အကောင်းဆုံးပါပဲ။ ကော်ဖီမှာ နို့ ၊ သကြား နဲ့ အချို Sweeteners တွေ မထည့်ဖို့တော့ လိုပါတယ်။

Foods

Photo : ManOfMany

Body Fat ကျချင်တဲ့ သူဟာ ညဘက်လည်း အိပ်ရေးဝဝ အိပ်ပေးဖို့ အရေးကြီးပါတယ်။ ၂၀၀၆ ခုနှစ်က လူတွေရဲ့ အိပ်စက်မှု ကြာချိန်နဲ့ ကိုယ်အလေးချိန် တက်လာမှုအကြား ဆက်သွယ်ချက်ကို လေ့လာတဲ့ လေ့လာချက်အရ တစ်ရက် ၆ နာရီကနေ ၈ နာရီအထိ အိပ်တဲ့ လူတွေဟာ အိပ်ရေးမဝတဲ့ လူတွေထက် ဝိတ်ချရာမှာ နှစ်ဆလောက် ပိုပြီး အောင်မြင်မှု ရရှိတယ်လို့ ဆိုပါတယ်။ အိပ်ရေးမပျက်အောင် ညဘက် အိပ်ရာထဲ ဖုန်းနဲ့ အီလက်ထရွန်းနစ် ပစ္စည်းတွေ ယူမသွားဖို့ ဆရာဝန်တွေက ညွှန်ကြားကြပါတယ်။ အကောင်းဆုံးက အိပ်ရာမဝင်ခင် တစ်နာရီလောက်က စပြီး Blue Light လို့ ခေါ်တဲ့ Screen အလင်းထွက်ပစ္စည်းတွေ မသုံးတာပါပဲ။

နောက်တစ်နည်းကတော့ Cardio ကစားဖို့ပါ။ Cardio ကစားတာက Body Fat Percentage ကို လျှော့ချပေးနိုင်ပါတယ်။ Cardio ကစားတယ်ဆိုရာမှာ အပြေး ၊ ယောဂ ၊ စက်ဘီးစီး ၊ High-Intensity Interval Training (HIIT) Workout တွေ ရွေးချယ်နိုင်ပါတယ်။ Cardio ကစားတာဟာ ခါးပတ်ပတ်လည် အဆီတွေ လျှော့ချပေးနိုင်ပါတယ်။

Featured Photo : HealthLine