ကွီးတို့ စကီလေးနဲ့ အတူတူ ချစ်တင်းမနှော သင့်တဲ့ အချိန်တွေ ရှိပါတယ်။ အခုဖော်ပြမယ့် အချိန်တွေမှာ ချစ်တင်းနှော ဖို့ စဥ်းစားနေရင်တော့ နှစ်ခါပြန်ပြီး စဥ်းစားသင့်ပါတယ်။ ဒါမှသာလျှင် မလိုလားအပ်တဲ့ နောက်ဆက်တွဲ​ ကျန်းမာရေး ပြဿနာတွေကို မကြုံတွေ့ရမှာပဲ ဖြစ်ပါတယ်။​

ဆီးလမ်းကြောင်း ပိုးဝင်နေတဲ့အချိန်

sexual health

အမျိုးသမီးများရဲ့ ဆီးလမ်းကြောင်းက အမျိုးသားများထက် ပိုတိုတဲ့အတွက်ကြောင့် ဆီးလမ်းကြောင်း ပိုးဝင်နိုင်ခြေ ပိုများပါတယ်။ ဒါပေမဲ့လည်း အမျိုးသားများမှာ ဆီးလမ်းကြောင်း ပိုးဝင်ရင်တော့ အမျိုးသမီးများထက် ပိုဆိုးပါတယ်။ သေချာ မကုသဘဲ ပစ်ထားမယ်ဆိုရင် နောက်ဆက်တွဲ ဆိုးကျိုးများကို ခံစားရနိုင်ပါတယ်။ ဒါ့ကြောင့် ဆီးလမ်းကြောင်း ပိုးဝင်နေချိန်မှာ စကီလေးနဲ့ အတူတူ ချစ်တင်းမနှော သင့်ပါဘူး။

ကွီးတို့ ညီလေး ယားယံနေတဲ့အချိန်

sexual health

ကွီးတို့ ညီလေး ယားယံရတဲ့ အကြောင်းအရင်း အများကြီး ရှိနိုင်ပါတယ်။ တစ်ကိုယ်ရည် သန့်ရှင်းရေး အားနည်းလို့ ယားယံရတာမျိုးလည်း ဖြစ်နိုင်သလို လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါများကြောင့်လည်း ယားယံတာမျိုး ဖြစ်နိုင်ပါတယ်။ ထိုကဲ့သို့ ညီလေး ယားယံနေချိန်မှာ အကောင်းဆုံးကတော့ ချစ်တင်းမနှောတာပါပဲ။

ကွီးတို့ မဟေသီ ကိုယ်ဝန်ဆောင်ထားချိန်

အတူတူ ချစ်တင်းမနှော

ပုံမှန်အားဖြင့်တော့ ကွီးတို့ မဟေသီ ကိုယ်ဝန်ဆောင်နေချိန် ချစ်တင်းနှောခြင်းက သန္ဓေသားကို မထိခိုက်စေနိုင်ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ သန္ဓေသားကို Amniotic အိတ်နဲ့ အခြားသော အရာများက ကာကွယ်ပေးထားလို့ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အခြားသော အချက်များကိုလည်း ထည့်စဥ်းစားဖို့ လိုအပ်ပါသေးတယ်။ အမြှေးပါးတွေ ပေါက်ပြဲသွားတာမျိုး၊ သန္ဓေသား ပျက်ကျသွားတာမျိုး စတဲ့ အခြေအနေများကို ထည့်သွင်းစဥ်းစားဖို့ လိုအပ်ပါတယ်။ သေချာချင်ရင်တော့ ကိုယ်ဝန်အပ်ထားတဲ့ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

စစ်ပြေငြိမ်းရုံ သပ်သပ်ကြောင့်

အတူတူ ချစ်တင်းမနှော

ကွီးတို့ ပါတနာကို စိတ်ကျေနပ်စေရုံသပ်သပ်၊ ရန်ဖြစ်ရာကနေ စစ်ပြေငြိမ်းရုံ သပ်သပ်နဲ့တော့ စကီလေးနဲ့ အတူတူ ချစ်တင်းမနှော သင့်ပါဘူး။ ချစ်တင်းနှောခြင်းကို လက်နက်တစ်ခုအနေနဲ့ အသုံးပြုခြင်းသည် ကွီးတို့ရဲ့ Relationship ကို ပိုမို ကောင်းမသွားစေဘဲ ပိုမို ဆိုးရွားသွားစေနိုင်ပါတယ်။

ကွီးတို့ မဟေသီက မကြာသေးခင်ကမှ မီးဖွားထားတာဆိုရင်

အတူတူ ချစ်တင်းမနှော

ကွီးတို့ မဟေသီက မကြာသေးခင်ကမှ မီးဖွားပြီးထားတာလား။ ဒါဆိုရင်တော့ ရက်သတ္တပတ် ၆ ပတ်ကြာသည်အထိ စောင့်ဆိုင်းသင့်ပါတယ်။ ကျွမ်းကျင်ဆရာဝန်များကိုယ်တိုင် ပြောကြားထားတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ရက်သတ္တပတ် ၆ ပတ် မပြည့်သေးခင်မှာ ချစ်တင်းနှောလိုက်မယ်ဆိုရင် ကွီးတို့ မဟေသီအတွက် အန္တရာယ် ဖြစ်စေနိုင်ပြီး အနာကျက်ခြင်း ဖြစ်စဥ်ကို နှောင့်နှေးကြန့်ကြာ စေပါတယ်။

ကွီးတို့ရော ဘယ်လို ထူးကဲတဲ့ အခြေအနေမျိုးမှာ ချစ်တင်းနှောဖို့ကို အောင့်အည်းသည်းခံ ထားလေ့ရှိပါသလဲ။

Source: Au.news.yahoo.com

Featured Image: Parenting.firstcry.