ခရီးသွားခြင်းသည် စိတ်လက်ပေါ့ပါးစေပြီး စိတ်ဖိစီးမှုများကို ပြေပျောက်စေတယ်ဆိုတာ အားလုံး သိပြီးသားဖြစ်ကြပါလိမ့်မယ်။ ဒါ့ကြောင့်လည်း အကြောင်းအမျိုးမျိုးကြောင့် စိတ်ဖိစီးမှုများ ခံစားရလာတဲ့အခါ ခရီးထွက်ရင်း စိတ်ထွက်ပေါက်ရှာကြတာဖြစ်ပါတယ်။ ရက်တိုခရီးသွားခြင်း၊ ခရီးရက်ရှည်ထွက်ခြင်း၊ အလုပ်ခရီးသွားခြင်း စသည်ဖြင့် ခရီးသွားပုံသွားနည်း အမျိုးမျိုးရှိကြပါတယ်။ ခရီးသွားရတာကို နှစ်သက်ပြီး အထာကျကျ ခရီးသွား ချင်တဲ့ ကွီး တို့ရော မတူညီတဲ့ ခရီးသွားနည်းအမျိုးမျိုးထဲက ဘယ်ခရီးကို အနှစ်သက်ဆုံးဖြစ်မလဲ။

ကမ္ဘာပေါ်ရှိ နေရာဒေသအသီးသီးက အလှအပတွေကို ကြည့်ရှု့ခံစားရင်း အထာကျကျ ခရီးသွား ချင်တဲ့ ကွီးတို့အတွက် ခရီးသွားပုံသွားနည်း (၁၀) မျိုးရှိပါတယ်။ ဘယ်လိုပုံစံမျိုးတွေလဲဆိုတာ စိတ်ဝင်စားတယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ဆောင်းပါးလေးကနေ အတူတူလိုက်ပါစီးမျောရင်း ခရီးထွက်လိုက်ကြရအောင်။

စနေ တနင်္ဂနွေ ရုံးပိတ်ရက်တွေမှာ ခရီးသွားမယ်

အထာကျကျ ခရီးသွား

သင်သည် တစ်ပတ်တာလုံး ပင်ပန်းသမျှတွေကို ရက်ပိုင်းအတွင်း ပြန်လည်ပြေပျောက်ချင်တယ်ဆိုရင်တော့ သောကြာနေ့ ညနေခင်း ရုံးဆင်းချိန်မှာ ခရီးထွက်ရင်း ရက်တိုအပန်းဖြေ အနားယူနိုင်ပါတယ်။ ကိုယ့်မြို့နဲ့ နီးစပ်ရာ နေရာဒေသတစ်ခုခုဆီသို့ ခြေဦးဆန့်ရင်း တစ်ပတ်တာလုံး ပင်ပန်းသမျှတွေကို ဖြေဖျောက်နိုင်ပါတယ်။

ကွီးတို့လည်း ဒီနည်းလမ်းနဲ့ အထာကျကျ ခရီးသွား ဖူးကြပါလိမ့်မယ်။

Package နဲ့ ခရီးသွားမယ်

အထာကျကျ ခရီးသွား

Photo: Holiday Home Times

ဘယ်နေရာတွေ လည်ပတ်ရမလဲ။ ဘယ်မှာတည်းခိုရမလဲ စတဲ့မေးခွန်းတွေနဲ့ ဦးနှောက်မခြောက်ချင်ဘူးဆိုရင်တော့ Package နဲ့ ခရီးသွားသင့်ပါတယ်။ Package နဲ့ ခရီးသွားခြင်းက ဈေးနှုန်းသင့်တင့်ပြီး ခရီးလမ်းကြောင်းစီစဉ်ရတဲ့ ဒုက္ခကနေလည်း ကင်းဝေးပါတယ်။ ဒါ့အပြင် ဒေသခံ လမ်းပြတိုးဂိုက်လည်း ပါမှာဖြစ်တဲ့အတွက်ကြောင့် ကိုယ် သွားလည်တဲ့ နေရာဒေသရဲ့ ရာဇဝင်ဇာတ်ကြောင်းတွေကိုလည်း နှံ့နှံ့စပ်စပ် သိရှိနိုင်ပါသေးတယ်။

ဘော်ဒါတွေ (သို့) ဆွေမျိုးတွေနဲ့ အဖွဲ့လိုက် ခရီးသွားကြမယ်

အထာကျကျ ခရီးသွား

အချို့ကလည်း အခါကြီး ရက်ကြီး ပိတ်ရက်ရှည်တွေမှာ မိသားစုလိုက် ခရီးထွက်ကြတာမျိုး ရှိပါတယ်။ မိသားစုနဲ့ပဲ ခရီးထွက်ထွက်၊ ဘော်ဒါတွေနဲ့ပဲ ခရီးထွက်ထွက် စိတ်အပန်းပြေတာကတော့ အမှန်ပါပဲ။ ကွီးတို့ရော ဘော်ဒါတွေနဲ့ ခရီးသွားရတာ ကြိုက်နှစ်သက်ပါသလား (သို့) မိသားစုများ၊ ဆွေမျိုးများနဲ့ ခရီးသွားရတာကို ကြိုက်နှစ်သက်ပါသလား။

ကားတစ်စီးနဲ့ နေ့ချင်းပြန်ခရီးသွားကြမယ်

အထာကျကျ ခရီးသွား

Photo: Cheapism

မြို့ပြင်တစ်နေရာရှိ အပန်းဖြေ Resort တစ်ခုဆီသို့ ကားတစ်စီးဖြင့် ကိုယ်တိုင်မောင်းကာ နေ့ချင်းပြန်ခရီးသွားခြင်းသည်လည်း အတွေ့အကြုံတစ်မျိုး ရရှိစေပါတယ်။ ဒီနည်းလမ်းလေးသည်လည်း ကားမောင်းနေရင်း လှပတဲ့ ရှု့မျှော်ခင်းများကို ကြည့်ရှု့ခံစားနိုင်အောင် ဖန်တီးပေးတဲ့ နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။

လုပ်အားပေး ခရီးထွက်ခြင်း

အထာကျကျ ခရီးသွား

Photo: Charity Navigator

ချို့တဲ့တဲ့နေရာဒေသတွေမှာ စာသွားသင်ဖို့ပဲ လုပ်အားပေးသွားမလား။ ကျန်းမာရေး ဗဟုသုတများ (သို့) အဆောက်အဦးများ ကူညီကာ ဆောက်လုပ်ပေးခြင်း၊ ဒေသခံများရဲ့ လူနေမှုဘဝကို မြှင့်တင်ပေးဖို့ရန်အတွက် လုပ်အားပေးသွားရောက်ကာ ခရီးသွားခြင်းသည်လည်း ကုသိုလ်ရတဲ့ ခရီးသွားနည်းပဲဖြစ်ပါတယ်။ ကွီးတို့ရဲ့ လုပ်အားပေးခရီးမျိုး ဘယ်နှကြိမ်လောက် ထွက်ဖူးပါသလဲ။

အသပြာတော့ တစ်ပြားသားမှ မရပေမယ့် ကုသိုလ်တွေ တစ်ပုံတစ်ပင်ကြီး ရမှာကတော့ မယုံမရှိပါနဲ့။

ပိတ်ရက်ရှည်မှာ ခရီးသွားခြင်း

အထာကျကျ ခရီးသွား

ခရီးသွားဖို့အတွက်ဆိုပြီး အနှစ်နှစ်အလလက စုဆောင်းထားတဲ့ ပိုက်ပိုက်များကို ပိတ်ရက်ရှည်ရတဲ့အခါ ခရီးသွားဖို့ရန်အတွက် အသုံးချနိုင်ပါတယ်။ ပိတ်ရက် ၁၀ ရက်လောက်ရတဲ့အခါ တစ်ပတ် ၇ ရက်လောက် ခရီးထွက်ရင်း ခရီးက ပြန်ရောက်ရောက်ချင်း ရုံးတက်ရတာမျိုး၊ ခရီးပန်းရတာမျိုး မဖြစ်ရလေအောင် ၂ ရက်၊ ၃ ရက်လောက်စောကာ ပြန်လာပြီး အိမ်မှာ နားနားနေနေ အနားယူလိုက်ပါ။ ဒီလို ပိတ်ရက်ရှည်မှာ တစ်ဝကြီး ခရီးသွားခြင်းသည်လည်း အလုပ်မှာ ပင်ပန်းထားသမျှ စိတ်ဖိစီးမှုတွေ အကုန်လုံးကို ယူပစ်သလို ပျောက်ကင်းသွားစေမှာပဲဖြစ်ပါတယ်။

ကွီးတို့အနေနဲ့ ဒီလို ရက်ရှည်ခရီးသွားချင်တယ်ဆိုရင်တော့ ပိုက်ပိုက်တွေ များများစားစား ကြိုစုထားဖို့တော့လိုပါလိမ့်မယ်။

တစ်နှစ်ပတ်လုံး ခရီးသွားခြင်း

man and travel

ဒီခရီးသွားပုံသွားနည်းကတော့ နိုင်ငံခြားသားတွေ ပြုလုပ်လေ့ရှိကြတဲ့ နည်းလမ်းလေးတစ်ခုပဲဖြစ်ပါတယ်။ ပြုလုပ်ဆို သူတို့ရဲ့ တစ်လ တစ်လ ဝင်ငွေသည်လည်း မက်လောက်စရာကောင်းတာကြောင့်လည်း ပါပါလိမ့်မယ်။ သူတို့အတွက် ထိုကဲ့သို့ ခရီးထွက်ခြင်းကို Gap Year တစ်နှစ်အောင့်ခြင်းလို့ သတ်မှတ်ကြပါတယ်။

သူတို့ရဲ့အသက်က ဘယ်လောက်ပဲရှိရှိ ဂရုမစိုက်ကြဘဲ တစ်နိုင်ငံကနေ နောက်တစ်နိုင်ငံသို့ ခရီးသွားရင်း အတွေ့အကြုံသစ်များ ရှာဖွေရင်း ခရီးသွားကာ လေ့လာသင်ယူကြတာဖြစ်ပါတယ်။

ကွီးတို့လည်း တစ်နှစ်ပတ်လုံး ခရီးသွားခြင်း အစီအစဉ်လေးကို စိတ်ဝင်စားကြမယ်နဲ့တူပါတယ်။

ဆွေမျိုးများ (သို့) မိတ်ဆွေသူငယ်ချင်းများရှိရာ မြို့များသို့ ခရီးသွားခြင်း

man and travel

ဆွေမျိုးများ (သို့) မိတ်ဆွေသူငယ်ချင်းများက ကိုယ်နဲ့ အဝေးတစ်နေရာမှာ နေထိုင်ကြတဲ့အခါ သူတို့နဲ့ တစ်နှစ် တစ်ခါ ဆုံတွေ့ချင်ကြလို့ပဲဖြစ်ဖြစ် (သို့) နှစ်အတော်အတန်ကြာမှ သွားရောက်လည်ပတ်ကြတာမျိုးပဲဖြစ်ဖြစ် ပြုလုပ်နိုင်ပါတယ်။ အခြားမြို့တစ်မြို့မှာ မိတ်ဆွေ အပေါင်းအသင်းများ ရှိခြင်းသည်လည်း သင် ခရီးသွားတဲ့အခါ တည်းခိုစရိတ်၊ စားသောက်စရိတ် သက်သာစေတာပဲ မဟုတ်လား။

ပွဲတော်တစ်ခုခုသို့ အထာကျကျ တက်ရောက်ချင်လို့ ခရီးသွား ခြင်း

man and travel

အိုလံပစ် အားကစားပြိုင်ပွဲများ ကြည့်ချင်လို့ပဲဖြစ်ဖြစ် Rio Carnaval ပွဲတော် (သို့) ကမ္ဘာ့ဖလားပြိုင်ပွဲများ ကြည့်ရှု့ချင်လို့ပဲဖြစ်ဖြစ် (သို့) EDM ဂီတပွဲတော်များမှာ သွားရောက်ပျော်ပါးချင်ကြတဲ့အခါ နိုင်ငံခြားခရီးထွက်ရင်း စိတ်လက်အပန်းဖြေကြပါတယ်။ ထိုခရီးမှာ သင့်လိုပဲ ဝါသနာတူတွေနဲ့ မိတ်ဖြစ်ဆွေဖြစ် မိတ်ဆွေသစ်ဖွဲ့နိုင်ပါသေးတယ်။

အလုပ်ကိစ္စနှင့် ခရီးထွက်ခြင်း

man and travel

မဖြစ်မနေ ထွက်ရတဲ့ ခရီးတစ်ခုပေါ့။ တစ်ခါတစ်လေမှာ ကိုယ့်ရဲ့ အသင်းအဖွဲ့အလိုက် ခရီးသွားရတာမျိုးလည်း ရှိသလို တစ်ခါတစ်လေမှာ တစ်ကိုယ်တည်း အလုပ်ကိစ္စ ခရီးသွားရတာမျိုးလည်းရှိပါတယ်။ အလုပ်ကိစ္စဆိုပေမယ့် ရောက်တုန်းရောက်ခိုက်လေး အချိန်တစ်ခုပေးကာ လျှောက်လည်တတ်ဖို့လည်း လိုပါသေးတယ်။

Source: Global-goose

Featured Image: Followmeaway