လူနှစ်ယောက် နားလည်မှုရှိပြီး ပျော်ရွှင်ချမ်းမြေ့ရတဲ့ ချစ်သူဘဝ ကို ပိုင်ဆိုင်နိုင်ဖို့ဆို နှစ်ဦးသား အပြန်အလှန် ညှိနှိုင်းဆောင်ရွက်မှုလေးတွေတော့ လိုပါတယ်။ ဒီနေရာမှာ အရေးကြီးဆုံး လိုက်နာရမယ့် အချက်လေးတွေလည်း အများကြီး ရှိနေပါတယ်။ သာယာပျော်ရွှင်တဲ့ အထာကျကျ ချစ်သူဘဝ ကိုဖြတ်သန်းနိုင်ဖို့ သိကိုသိထားရမယ့် အကြံပြုချက်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။
(၁) လက်ခံပေးဖို့ ကြိုးစားပါ
Photo : Medium
လူတစ်ယောက်နဲ့ တစ်ယောက်မှာ အမြဲတမ်း မတူတာလေးတွေတော့ ရှိကြစမြဲပါပဲ။ ကိုယ့်ချစ်သူကို တကယ်ချစ်ရင် ကိုယ့်ချစ်သူရဲ့ဖြစ်တည်မှု ပုံစံကို နားလည်လက်ခံပေးဖို့ ကြိုးစားရမှာပါ။ ဘယ်သူမှတော့ အမြဲတမ်း ကိုယ်ဖြစ်ချင်တဲ့ ပုံစံအတိုင်း ပြောင်းလဲလုပ်ယူလို့ ရမှာမဟုတ်ပါဘူး။ ဒီအတွက်ကြောင့် လက်ခံပေးတာကသာ အကောင်းဆုံး အဖြေတစ်ခု ဖြစ်နိုင်ပါတယ်။
(၂) အဆက်အသွယ် မပြတ်ရှိပါစေ
Photo : People
ပျော်ရွှင်တဲ့ ချစ်သူဘဝ ကိုပိုင်ဆိုင်ချင်တယ်ဆိုရင် အခြေခံလိုက်နာရမယ့် အချက်က အဆက်အသွယ် မပြတ်ရှိနေဖို့ပါပဲ။ အနည်းဆုံး တစ်ပတ်တစ်ရက်တော့ ချစ်သူနှစ်ဦးအတွက် သီးသန့်အချိန်လေး ထားသင့်ပါတယ်။ အကယ်အလုပ်တွေ ရှုပ်လို့ မအားမလပ်လို့ မတွေ့ဖြစ်ကြရင်တောင် အွန်လိုင်းပေါ်က ဒါမှမဟုတ် ဖုန်းနဲ့အဆက်အသွယ်မပြတ်လေး ရှိပေးပါ။ ဒါဟာ ကွီးတို့ ချစ်သူနှစ်ဦးအတွက် ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခု ဖြစ်လာဖို့ အများကြီး အထောက်အပံ့ ဖြစ်စေပါလိမ့်မယ်။
(၃) ညှိနှိုင်းဖို့ ကြိုးစားပါ
Photo : Verywell Mind
သမီးရည်းစားချစ်သူတွေ ဖြစ်လာပြီဆိုရင် ညှိနှိုင်းမှုတွေကတော့ အများကြီး လုပ်ရမှာပါ။ မတူကွဲပြားမှုတွေ ၊ သဘောထား အမြင်ကွဲလွဲတာတွေက ထင်ထားတာထက် ပိုရှိလာနိုင်ပါတယ်။ ဒါတွေကို လက်လျော့ဖို့ မကြိုးစားပါနဲ့။ နှစ်ဦးသား အဖြေတစ်ခုရသည်အထိ ကြိုးစားညှိနှိုင်းပါ။ လျော့သင့်တာလျော့ ၊ တိုးသင့်တာတိုးပြီး နှစ်ဦးသား ကိုယ်ချင်းစာတရားနဲ့ စာနာဖေးမမှုရှိရင် ညှိနှိုင်းဖို့ မခက်ခဲပါဘူး။
(၄) ဒေါသတွေကို ကျော်မသွားပါနဲ့
Photo : VIVA GLAM Magazine
ချစ်သူဘဝ မှာ စိတ်ဆိုးစိတ်ကောက် ဖြစ်ကြတာ သဘာဝပါပဲ။ ဒါပေမယ့် မပြေလည်မှုတွေ ၊ ဒေါသတွေကို မြိုသိပ်ထားဖို့ ကျော်ချသွားဖို့ မကြိုးစားပါနဲ့။ အစိုင်အခဲသေးသေးလေးတွေ စုပုံလာရင် အချိန်ကြာလာတာနဲ့အမျှ ပြင်းအားကြီးတဲ့ ပေါက်ကွဲမှုကြီး ဖြစ်လာနိုင်ပါတယ်။ ပြဿနာတစ်စုံတစ်ရာ ဖြစ်ရင် ဖြေရှင်းပါ။ ကြေလည်တဲ့အထိ ဖြေရှင်းဖို့လိုပါတယ်။ ဒါမှနှစ်ဦးသား စိတ်ရှင်းရှင်းနဲ့ ရှေ့ဆက်လို့ရမှာပါ။
ကဲအခုပြောတဲ့ အခြေခံအချက်လေးတွေကို လိုက်နာရင် သာယာပျော်ရွှင်တဲ့ အထာကျကျ ချစ်သူဘဝ ကို ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။
Featured Photo : LovePanky