ချစ်တင်းနှော တဲ့အခါ ရင်ခုန်စိတ်လှုပ်ရှားမှု တိုးစေဖို့ အထိအတွေ့ ခံစားနိုင်စွမ်းအမြင့်ဆုံး လျို့ဝှက် ဧရိယာ လေးတွေကို မဖြစ်မနေ သိထားဖို့ လိုအပ်ပါတယ်။ သင့်ချစ်သူ ပါတနာအတွက် ရင်ခုန်စရာအကောင်းဆုံး အခိုက်အတန့်တွေကို ဖန်တီးပေးချင်တယ် ၊ မတူညီတဲ့ ခံစားမှုအသစ်တွေနဲ့ အချစ်ပင်လယ်ကြီးထဲ ပျော်ပျော်ကြီး စီးမြောချင်တယ်ဆိုရင်တော့ အခုပြောပြမယ့် နေရာလေးတွေကို အဓိကထား နှိုးဆွပေးဖို့ အကြံပေးချင်ပါတယ်။

(၁) လည်တိုင်နဲ့ ညှပ်ရိုး

Neck and collarbone

Photo : Dr. Matorin

လည်တိုင်နဲ့ ညှပ်ရိုး ဧရိယာ တဝိုက်ဟာ ခံစားမှုအမြင့်ဆုံး အာရုံကြော အဆုံးသတ်နေရာလေးတွေ ဖြစ်ပါတယ်။ ဒီနေရာလေးတွေကို နှုတ်ခမ်းလေးနဲ့ ခပ်ဖွဖွ နမ်းရှိုက်ပေးမယ် ၊ လျှာဖျားလေးနဲ့ ပွတ်သပ်ထိတွေ့ပေးမယ်ဆိုရင်တော့ အသက်ရှုသံတွေ မြန်ဆန်လာပြီး ထူးကဲတဲ့ ခံစားမှုအတွေ့အကြုံကို ရစေမှာ ဖြစ်ပါတယ်။

(၂) နားရွက်ဖျား

Ears

Photo : Unsplash

အထိအတွေ့ ခံစားနိုင်စွမ်းအမြင့်ဆုံး နောက်ထပ် ဧရိယာလေး တစ်ခုကတော့ နားရွက်ဖျားလေးပါ။ နားရွက်ဖျားလေးကို ကွီးတို့ရဲ့ နှုတ်ခမ်းဖျားလေးနဲ့ ညင်သာစွာ ပွတ်ဆွဲနမ်းပေးမယ် ဒါမှမဟုတ် လျှာဖျားထိပ်လေးနဲ့ မထိတထိ တို့ထိကစားပေးမယ်ဆိုရင် သင့်ချစ်သူပါတနာရဲ့ ခံစားမှုစိတ်အာရုံဟာ Gravity အပြင်ဘက် ခုန်ထွက်သွားစေမှာ အသေအချာပါပဲ။

(၃) လက်ကောက်ဝတ်အတွင်းဘက်

Inner wrist
Photo : Roll and Feel – Smoking Paper

လက်ကောက်ဝတ်အတွင်းဘက် ဧရိယာ ဟာ ထိရှလွယ်တဲ့ ခံစားမှုအမြင့်ဆုံး နေရာတွေထဲက တစ်ခုပါ။ ပါတနာနဲ့ မျက်နှာချင်းဆိုင် အနေအထားကနေ သူမရဲ့ လက်ကောက်ဝတ်ကို လက်နဲ့ ခပ်ဖွဖွ ဆုပ်ကိုင်ပြီး လက်ကောက်ဝတ် အတွင်းဘက် အလယ်ဗဟိုတည့်တည့်ကို လက်ချောင်းလေးတွေနဲ့ ခပ်ဖွဖွ ပွတ်သပ်ကစားပေးနိုင်ပါတယ်။ ဒီအခိုက်အတန်မှာ မျက်လုံးချင်းဆုံထားပေးပါ။ ရင်ခုန်သံစည်းချက်တွေ တရိပ်ရိပ် မြင့်တက်လာပါလိမ့်မယ်။

(၄) ရင်သား

Photo : Cosmopolitan

ရင်သား နေရာဟာ အာရုံကြောများစွာ စုဝေးနေပြီး အာရုံခံစားမှုကို အပြင်းရှဆုံး ဖွင့်ဟပေးနိုင်တဲ့ ဧရိယာ တစ်ခု ဖြစ်ပါတယ်။ အဓိကအားဖြင့်တော့ နို့သီးခေါင်း ဘေးတဝိုက်ကို လက်ချောင်းလေးတွေ ဒါမှမဟုတ် နှုတ်ခမ်း/လျှာတို့နဲ့ ညင်သာစွာ ပွတ်သပ်နမ်းရှိုက်ပြီး ခံစားမှုအာရုံကို ဂိတ်ဆုံးထိရောက်အောင် နှိုးဆွပေး နိုင်ပါတယ်။

(၅) ပေါင်တံ

Legs

Photo : Westend Laser Clinic

လိင်မှုခံစားချက်ကို နှိုးဆွတဲ့အခါ ပေါင်တံလေးကိုလည်း မေ့မထားသင့်ပါဘူး။ ပေါင်တံဟာအထိအတွေ့ ခံစားနိုင်စွမ်းမြင့်တဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ သင့်ပါတနာရဲ့ ပေါင်တံလေးကို အထက်အောက် လက်ချောင်းထိပ်လေးတွေနဲ့ ညင်သာစွာ ပွတ်သပ်ပြီး ကစားနိုင်သလို နှုတ်ခမ်းဖျားလေးနဲ့ ခပ်ဖွဖွ အနမ်းလေးပေးခြင်းဖြင့်လည်း ခံစားမှုအာရုံကို အကောင်းဆုံး ဖွင့်ဟပေးနိုင်ပါတယ်။

Source : Durex 

Featured Photo : GZH