အိပ်ရာပေါ်က သိုင်းကွက်ပေါင်း ရာဂဏန်းနီးပါး ရှိတဲ့အထဲမှာ တကယ်စွမ်းတဲ့ သိုင်းကွက်တွေကတော့ လက်ချိုးရေလို့ ရပါတယ်။ အချို့ သိုင်းကွက်တွေက ထင်ထားသလောက် အလုပ်မဖြစ်သလို အချို့ သိုင်းကွက်တွေ ကျပြန်တော့ ပါတနာကို ခံစားမှု ကောင်းကောင်း မပေးနိုင်ပြန်ပါဘူး။ ဒီတစ်ခေါက်မှာတော့ ကွီးတို့ရဲ့ ပါတနာကို လိင်စိတ် ခံစားမှု အဆုံးစွန် မြှင့်တင်ပေးနိုင်ပြီး အထွတ်အထိပ် ရောက်စေနိုင်မယ့် အကောင်းဆုံး သိုင်းကွက် အချို့ကို ပြောပြပေးချင်ပါတယ်။

(၁) လေးချောင်းထောက် သိုင်းကွက်

Couple In Bed

Photo : 30Seconds

လေးချောင်းထောက် တစ်ဖြစ်လည်း Doggystyle Position ကတော့ ဘယ်တော့မှ မရိုးနိုင်တဲ့ ဂန္ထဝင်သိုင်းကွက် တစ်ခုပါပဲ။ ဒီသိုင်းကွက်က ပါတနာကို လေးဘက်ထောက် အနေအထားနဲ့ နှစ်ပါးသွားရမှာဖြစ်ပြီး မိန်းမကိုယ် အတွင်းပိုင်းမှာရှိတဲ့ G-spot ဧရိယာကို နက်နက်ရှိုင်းရှိုင်း နှိုးဆွ လှုံ့ဆော်ပေးနိုင်တဲ့အတွက် အထွတ်အထိပ် ခံစားချက် ပိုမိုရရှိစေဖို့ အထောက်အကူ ဖြစ်စေပါတယ်။

(၂) လိပ်ပြာ တောင်ပံခတ် သိုင်းကွက်

Couple In Bed

Photo : The Gaze

ပုံမှန် Missionary Position ကိုပဲ Modified လုပ်ထားတဲ့ သိုင်းကွက်ပါ။ ပါတနာကို ပလက်အနေအထား လှဲလျောင်းစေပြီး လိပ်ပြာ တောင်ပံခတ်သလို ခြေထောက်တွေကို ကွေးညွှတ်ကာ ဘေးဘက်သို့ ဆန့်ထုတ်ထားစေရမှာ ဖြစ်ပါတယ်။ ဒီသိုင်းကွက်ကလည်း G-spot ကို အထိရောက်ဆုံး လှုံ့ဆော်နိုင်ပြီး နက်နက်ရှိုင်းရှိုင်း ထိုးဖောက်ဝင်ရောက်နိုင်ဖို့ လွယ်ကူစေပါတယ်။

(၃) နွားရိုင်းစီး သိုင်းကွက်

Couple In Bed

Photo : Better Humans

အမျိုးသမီးတွေအတွက် အော်ဂဇင်ရဖို့ အကောင်းဆုံး သိုင်းကွက်တွေထဲက တစ်ခုပါပဲ။ ပါတနာကို အပေါ်ကနေ ခွလျက်အနေအထားနဲ့ ဦးဆောင်ခိုင်းရမှာပါ။ ကွီးတို့က အောက်ကနေ အလိုက်သင့်လေး လှုပ်ရှားပေးရုံပါပဲ။ မိန်းမကိုယ်စေ့ (Clitoris) နှိုးဆွလှုံ့ဆော်ပေးလို့ ရသလို နက်ရှိုင်းတဲ့ ထိုးဖောက်ဝင်ရောက်မှု ရှိတဲ့အတွက် ခံစားမှု အမြင့်ဆုံးထိ ရောက်ရှိစေမှာ သေချာပါတယ်။

(၄) ရင်ဝယ်ပိုက်သိုင်းကွက်

Couple In Bed

Photo : YourTango

Spooning Position လို့ ခေါ်ပါတယ်။ ဒီသိုင်းကွက်က ပါတနာကို အနောက်ကနေ သိုင်းဖက်ထားပြီး ဘေးတစောင်း အနေအထား ချစ်တင်းနှောတဲ့ ပုံစံပါ။ ခန္ဓာကိုယ်ချင်း နီးနီးကပ်ကပ် ရှိစေတဲ့အတွက် ရင်းနှီးမှုကို တိုးစေသလို အိပ်ရာပေါ်မှာ ဘေးတစောင်း အနေအထား ထွေးပွေ့ထားတဲ့ Position ဖြစ်တာကြောင့် သက်တောင့်သက်သာ ပိုရှိစေပြီး ခံစားမှုကောင်းစေပါတယ်။

Source : My Fit Brain

Featured Photo : The Singapore Women’s Weekly