ယနေ့ခေတ်မှာ စမတ်ဖုန်းသည် ကျွန်တော်တို့ လူသားအားလုံးရဲ့ နေ့စဥ်ဘဝကို ချုပ်ကိုင်ခြယ်လှယ်ထားတာပဲ​ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဒါက အစပဲရှိပါသေးတယ်။ အနာဂတ် မှာ ဒီ့ထက်ပိုပြီး အဆင့်မြင့်တဲ့ စမတ်ဖုန်း တွေ ထပ်ထွက်လာဖို့ ရှိပါတယ်။

အနာဂတ် မှာ ဘယ်လိုမျိုး အဆင့်မြင့်တဲ့ စမတ်ဖုန်း တွေကို ကွီးတို့ အသုံးပြုနိုင်မလဲဆိုတာ အတူတူ ဆက်လေ့လာကြည့်လိုက်ရအောင်။

(၁) အားသွင်းပေါက်တွေ မပါဝင်တော့ဘဲ ကြိုးမဲ့ အားသွင်းစနစ်ကိုသာ အဓိကထားကြတော့မယ်

wireless charging

အားသွင်းကြိုးတဲ့ ပါတဲ့ ဖုန်းတွေကို နှစ်အတော်ကြာကြီး အသုံးပြုခဲ့ပြီးပါပြီ။ ဒါပေမဲ့ ထိုဖုန်းတွေက အပြင်သွားတဲ့အခါမှာ အဆင်မပြေတာတော့ အမှန်ပါပဲ။

အခုအခါမှာတော့ ကြိုးမဲ့ အားသွင်းခြင်းတွေကို တဖြည်းဖြည်း မိတ်ဆက်လာခဲ့ပါပြီ။ ဒါ့အပြင် ကြိုးမဲ့ အားသွင်းခြင်းက ပိုမို မြန်ဆန်ပြီး ကွီးတို့ ဖုန်းကို ၁၅ မိနစ်အတွင်း အားပြည့်အောင် ကူညီပေးနိုင်ပါတယ်။ လက်ရှိဈေးကွက်ထဲမှာဆိုရင်တော့ Samsung Galaxy S23 ကို သာဓက ပြစရာရှိပါတယ်။ ထိုစမတ်ဖုန်းက Fast Wireless Charging 2.0 ကို အသုံးပြုထားပြီး သူနဲ့ ကိုက်ညီတဲ့ ပစ္စည်းနဲ့ဆိုရင် 15 Watts ထိ အားဖြည့်ပေးနိုင်ပါတယ်။ iPhone မော်ဒယ်တွေမှာလည်း ကြိုးမဲ့ အားသွင်းခြင်းကို မိတ်ဆက်ပေးလာတာ နှစ်အနည်းငယ် ရှိပါပြီ။

ကွီးတို့ရော အားသွင်းကြိုးနဲ့ အားသွင်းရတာကို ကြိုက်နေတုန်းပဲလား။ ကြိုးမဲ့ အားသွင်းစနစ်နဲ့ အားသွင်းလို့ရတဲ့ ဖုန်းကို မသုံးချင်ဘူးလား။

(၂) စမတ်ဖုန်းတွေ အကုန်လုံးကို ခေါက်လို့ ရလာတော့မယ်

အနာဂတ် စမတ်ဖုန်း

ခေါက် စမတ်ဖုန်းတွေထဲမှာဆိုရင်တော့ Samsung Galaxy Fold စီးရီးများနဲ့ Galaxy Flip စီးရီးများလည်း ရှိသလို Samsung လိုမျိုး သဏ္ဍာန်တူတဲ့ Huawei နဲ့ Motorola ဖုန်းအချိုးလည်း ရှိပါတယ်။ အနာဂတ် မှာလည်း စမတ်ဖုန်း တွေအကုန်လုံးကို ခေါက်လို့ရအောင် တီထွင်လာကြမှာဖြစ်ပြီ။ ထိုစမတ်ဖုန်းနဲ့ ဒစ်ဂျစ်တယ် ပုံဆွဲခြင်း၊ မှတ်စုများ ရေးမှတ်ခြင်းအပြင် အခြားသော ပုံစံအမျိုးမျိုးကို ပြုလုပ်လာနိုင်မှာပဲဖြစ်ပါတယ်။

(၃) ရုပ်ကြွ စခရင်မ်တွေ ပေါ်လာတော့မယ်

အနာဂတ် စမတ်ဖုန်း

Star Wars တို့ Iorn Man နဲ့ အခြားသော သိပ္ပံ စိတ်ကူးယဥ် ဇာတ်လမ်းများထဲတွင် ရုပ်ကြွ စခရင်မ်များကို ထည့်သွင်းထားတာကို ကွီးတို့ တွေ့မြင်ရပါလိမ့်မယ်။ သူ့ကို တစ်နည်းခေါ်ရရင်တော့ Holographic Displays လို့ အမည်ခေါ်ဆိုနိုင်ပါတယ်။ လတ်တလောမှာတော့ ဒီလိုမျိုး Holographic Displays နဲ့ ဖုန်းတွေကို နမူနာ စမ်းသပ်တုန်းပဲ ရှိပါသေးတယ်။ မဝေးတော့တဲ့ အနာဂတ်မှာတော့ ထိုနည်းပညာကို အသုံးပြုနိုင်တော့မှာ အမှန်ပါပဲ။

(၄) ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုကို လျော့ချနိုင်မယ့် ဖုန်းများကိုသာ အသုံးပြုနိုင်တော့မယ်

အနာဂတ် စမတ်ဖုန်း

စမတ်ဖုန်းတွေကို တစ်လပြီး တစ်လ၊ တစ်နှစ်ပြီး တစ်နှစ် မော်ဒယ် အမျိုးမျိုးကို တီထွင်ထုတ်လုပ်နေကြတာပဲ ဖြစ်ပါတယ်။ ထိုထုတ်လုပ်မှုကြောင့် စက်ရုံ အလုပ်ရုံတွေက ထွက်ရှိတဲ့ အရာများက ပတ်ဝန်းကျင် ညစ်ညမ်းမှုကို ဖြစ်စေတဲ့အပြင်၊ အပျက်အစီးရှိတဲ့ စမတ်ဖုန်းများနှင့် စမတ်ဖုန်း အသုံးအဆောင်ပစ္စည်းတွေကလည်း ပတ်ဝန်းကျင်ကို ထိခိုက် ပျက်စီးစေပါတယ်။ iPhone ကတော့ သူတို့ ဖုန်းကို ထုတ်လုပ်တဲ့အခါမှာ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုကို လျော့ချဖို့အတွက် ထုတ်လုပ်နေတယ်လို့ ကြေညာထားပါတယ်။

၂၀၅၀ ဝန်းကျင်မှာဆိုရင် စမတ်ဖုန်းအားလုံးကို ထုတ်လုပ်တဲ့အခါ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု မရှိအောင် ထုတ်လုပ်သွားနိုင်တော့မယ်လို့လည်း ကျွမ်းကျင်ပညာရှင်များက ကြိုတင် ခန့်မှန်းထားပါတယ်။

ကွီးတို့ရော ဒီကြိုတင်ခန့်မှန်းချက်ကို ဘယ်လိုထင်မြင်မိပါသလဲ။

Source : Uswitch

Featured Photo : Vividq