ကွီးတို့ စကီလေးနဲ့ အနေဝေးတဲ့ LDRS ဆက်ဆံရေးမျိုး ပိုင်ဆိုင်ထားပါသလား။ တစ်ခါတစ်လေမှာ အလုပ်ကြောင့်ပဲဖြစ်ဖြစ်၊ ရှောင်လွဲလို့မရတဲ့ အခြေအနေကြောင့်ပဲဖြစ်ဖြစ် တစ်ယောက်နဲ့ တစ်ယောက်က အဝေးမှာပဲ နေကြရပါတယ်။ ဒီလိုမျိုး အနေဝေး ကြတဲ့အခါ ကိုယ့် ရှော်တီလေးနဲ့ ချစ်တင်းမနှော ရမှာကို စိတ်ပူနေပါသလား။​

ဒါဆိုရင်တော့ ကွီးတို့က ပူစရာမရှိ ရှာကြံပူနေကြတာပါပဲ။ ကွီးတို့ လက်ထဲမှာ ဖုန်းတစ်လုံး ရှိနေမှတော့ အနေဝေး လို့ ချစ်တင်းမနှော ရမှာကို စိတ်ပူနေစရာ မရှိတော့ပါဘူး။​

ဖုန်းနဲ့ မက်ဆေ့ ပို့လို့ရပါတယ်

sending message on phone

ကွီးတို့ လွမ်းတဲ့ အကြောင်းတွေကို စီကာပတ်ကုံး ရေးဖွဲ့ပြီး မက်ဆေ့ ပို့ကြည့်လိုက်ပါ။ တစ်ဖက်မှာလည်း ကွီးတို့က လက်သိုင်းကျင့်ကာ တစ်ကိုယ်ရည် အာသာဖြေလို့လည်း ရပါတယ်။ နှစ်ယောက်သား Dirty Talk တွေ ပြောပြီး တစ်ယောက်ကို တစ်ယောက် ကူညီပေးကာ လိုအင်ဆန္ဒပြည့်ဝအောင် ဖန်တီးနိုင်ပါတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ ရှော်တီလေးကို ပို့မယ့်စာကို တခြားလူကို မပို့မိအောင်တော့ သတိကြီးကြီး ထားရပါလိမ့်မယ်။ ဒါ့အပြင် ကွီးတို့ အပြန်အလှန် ပို့ကြတဲ့ မက်ဆေ့ကိုလည်း ကွီးတို့ လုံခြုံရေးအရ ပြန်ဖျက်ထားဖို့ မမေ့ပါနဲ့။

လူကြီးအရုပ်များကို အသုံးချပါ

အနေဝေး ချစ်တင်းမနှော

လူကြီးအရုပ်တွေကလည်း ကွီးတို့ရဲ့ လိုအင်ဆန္ဒကို ဖြည့်ဆည်းပေးနိုင်ပါတယ်။ ကွီးတို့ စိတ်အလို ဆန္ဒ ပြည့်ဝပြီးတဲ့နောက်မှာ စောစာက ပြင်းပြနေတဲ့ စိတ်ဆန္ဒတွေဆိုတာလည်း ပျောက်ကွယ်သွားပြီး သာမန်လူတစ်ယောက်လို ဖြစ်သွားမှာပါ။ ဒါ့ကြောင့် အနေဝေး လို့ ကိုယ့်ရည်းစားက အနားမှာ မရှိလို့ဆိုပြီး တခဏ စိတ်တောင့်တမှုကြောင့် လူမှုရေး ဖောက်ပြန်တာမျိုးတွေ မလုပ်မိဖို့လည်း ကိုယ့်ကိုယ်ကိုယ် ထိန်းဖို့ လိုအပ်ပါတယ်။

ဗွီဒီယိုကောလ် ခေါ်ပြီးလည်း ချစ်တင်းနှောနိုင်ပါတယ်

အနေဝေး ချစ်တင်းမနှော

အနေဝေးလို့ တစ်ယောက်ကို တစ်ယောက် လွမ်းဆွတ်နေချိန်မှာ ဗွီဒီယိုကောလ် ခေါ်ပြီး ကြည်ကြည်နူးနူး တီတီတာတာ စကားတွေ၊ အသက်ပြည့်မှ ပြောခွင့်ရမယ့် စကားမျိုးတွေကို ပြောကာ ကိုယ့်ရဲ့ ပြင်းထန်တဲ့ စိတ်ဆန္ဒကို ပြီးမြောက်အောင် ကြိုးပမ်းနိုင်ပါတယ်။ တစ်ခုရှိတာက ကွီးတို့ ရှော်တီလေးကတော့ ကွီးတို့နဲ့ စိတ်တူ ကိုယ်တူ ဖြစ်ဖို့တော့ လိုအပ်ပါလိမ့်မယ်။ နို့မဟုတ်ရင်တော့ သူ့ကို အလေးမထားရ ကောင်းလားဆိုပြီး ကွီးတို့ကို စိတ်နာသွားနိုင်ပါတယ်။

ကွီးတို့ရော အနေဝေးတဲ့အခါမျိုးမှာ ရှော်တီလေးကို သတိရ အောက်မေ့နေချိန် ကွီးတို့ ညီလေးကလည်း နိုးကြား တက်ကြွနေချိန်မှာ ဘယ်လိုနည်းလမ်းမျိုးနဲ့ စိတ်ဖြေဖျောက်လေ့ ရှိပါသလဲ။

Source: Mensjournal.com

Featured Image: Brideandbreakfast.ph