အနောက်အရပ် ကို သာယာချောမွေ့စွာ ခရီးသွားနိုင်ဖို့ ကွီးတို့အနေနဲ့ သိထားသင့်တာလေးတွေ ရှိပါတယ်။ Anal Sex က ပုံမှန် မိန်းမကိုယ် ဆက်ဆံမှုထက် ခက်ခဲတယ်လို့ ထင်ရပေမယ့် အခုအချက်လေးတွေ သိထားမယ်ဆိုရင်တော့ ကွီးတို့ ပိုပြီး လွယ်ကူအဆင်ပြေ သွားပါလိမ့်မယ်။ ကဲဒါဆို ဘာတွေသိထားရမလဲ လေ့လာကြည့်လိုက်ပါဦး။
(၁) အရက်နဲ့ မူးယစ်ဆေးသုံးစွဲခြင်းကို ရှောင်ပါ
Photo : Avenues Recovery
အနောက်အရပ် ဆီ ခရီးသွားတဲ့အခါ သတိရှိရှိ ခရီးသွားဖို့က အရေးကြီးဆုံးပါပဲ။ သတိကပ်နေမှသာ ခံစားမှုကောင်းကောင်းနဲ့ သက်တောင့်သက်သာ ဖြစ်ဖြစ် ခရီးရောက်နိုင်မှာပါ။ ဒါကြောင့် အနောက်အရပ်ကို ခရီးသွားတဲ့အခါ သင်ရောသင့်ပါတနာ နှစ်ဦးလုံး အရက်နဲ့ မူးယစ်ဆေး သုံးစွဲထားခြင်းမရှိစေဖို့ လိုပါတယ်။
(၂) သန့်ရှင်းရေး ကောင်းကောင်းလုပ်ပါ
Photo : Healthline
အနောက်အရပ် ဆီ ခရီးမသွား ခင်မှာရော ခရီးသွားပြီးချိန်မှာပါ တစ်ကိုယ်ရည် သန့်ရှင်းရေးကို ကောင်းကောင်း လုပ်ဆောင်ပေးရပါမယ်။ Anal Sex လုပ်ချိန်မှာ တစ်ကိုယ်ရည် သန့်ရှင်းမှုကို သေချာဂရုမစိုက် ဘူးဆိုရင် ဘတ်တီးရီးယားနဲ့ ပိုးမွှားတွေ အလွယ်တကူ ကူးစက်ခံရနိုင်ပါတယ်။
(၃) ချောဆီ မဖြစ်မနေ သုံးပေးပါ
Photo : The Honey Pot
ခြောက်သွေ့တဲ့ လမ်းကို ကြမ်းကြမ်းတမ်းတမ်း ခရီးဆက်မှာလား ? ဒါမှမဟုတ် ချောဆီသုံးပြီး လွယ်ကူချောမွေ့စွာပဲ ခရီးဆက်မလား ? ကွီးတို့ စဉ်းစားကြည့်ပါ။ စအိုဟာ မိန်းမကိုယ် ကဲ့သို့ သဘာဝချောဆီ မထုတ်ပေးနိုင်တဲ့အတွက် ဆက်ဆံချိန်မှာ လွယ်ကူချောမွေ့မှု ရှိစေဖို့ ချောဆီ မဖြစ်မနေ အသုံးပြုပေးရမှာ ဖြစ်ပါတယ်။
(၄) သေးငယ်တဲ့ အရာလေးတွေနဲ့ စတင်ပါ
Photo : The New York Times
အနောက်အရပ် ကို ခရီးသွားတဲ့အခါ တစ်ခါတည်းတန်းပြီး ဖွားဖက်တော်နဲ့ ထိုးဖောက် ဝင်ရောက်တာထက် ကွီးတို့ရဲ့ လက်ချောင်းလေးတွေ ဒါမှမဟုတ် လူကြီးကစားစရာ အရုပ်တွေနဲ့ စတင်သင့်ပါတယ်။ ခံစားမှု မြင့်တက်လာပြီး အရှိန်တဖြည်းဖြည်း ရလာပြီးဆိုတော့မှသာ ကွီးတို့ရဲ့ လက်နက်ကြီးကို ထုတ်သုံးသင့်ပါတယ်။
Source : Men’s Health
Featured Photo : Women’s Health and Menopause Center