စာရေးသူတို့ ယောကျာ်းလေးတွေရဲ့ အဓိကနေရာ ကန့်သတ်ဧရိယာတဝိုက်ဟာ ပူနွေးစိုစွတ်ပြီး ချွေးအောင်းလို့ကောင်းတဲ့ နေရာတစ်ခု ဖြစ်တဲ့အတွက် ဘတ်တီးရီးယားတွေ ပေါက်ဖွားဖို့ အလွယ်ဆုံးလို့ ပြောလို့ရသလို တခါတရံမှာ အနံ့အသက်ဆိုးတွေ ထွက်ပေါ်စေတက်ပါတယ်။ ဖွားဖက်တော်နဲ့ လိင်အင်္ဂါ တဝိုက် အနံ့အသက်ဆိုးတွေဟာ အဓိကအားဖြင့်တော့ တစ်ကိုယ်ရည်သန့်ရှင်းမှုအားနည်းခြင်းကြောင့်ပါ။ ဒါပေမယ့် ပုံမှန်မဟုတ်တဲ့ အရည်တွေနဲ့ ဆိုးရွားတဲ့ အနံ့ဆိုးတွေ ထွက်ပေါ်နေပြီ ဆိုရင်တော့ ဆီးပူညောင်းကျရောဂါ သို့မဟုတ် ကလက်မိုင်ဒီးယား ကဲ့သို့ လိင်မှတဆင့်ကူးစက်တက်တဲ့ ကူးစက်ရောဂါတွေကြောင့် ဖြစ်တက်တာကြောင့် သံသယရှိပါက ဒါမှမဟုတ် ရောဂါလက္ခဏာတွေ ကိုက်ညီမှု ရှိနေပါက ဆရာဝန်နဲ့ အမြန်ဆုံး သွားရောက်စစ်ဆေးကုသမှု ခံယူတာ အကောင်းဆုံး ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာ ယောကျာ်းလေးတွေမှာအနံ့အသက်ကောင်းတဲ့ ဖွားဖက်တော် ပိုင်ဆိုင်ဖို့ ကွီးတို့အနေနဲ့ ဘာတွေလိုက်နာရမလဲဆိုတာ ပြောပြပေးချင်ပါတယ်။

(၁) ဖွားဖက်တော် ကေ ပုံမှန်ရွှိုင်းပေးပါ

shave pubic hair

Photo : Braun

ကန့်သတ်ဧရိယာတဝိုက်က အမွှေးအမျှင်တွေ ပုံမှန်ရိတ်ပေး / ညှပ်ပေးတာ မရှိဘူးဆိုရင် အနံ့ဆိုးတွေ ပိုထွက်လွယ်စေပါတယ်။ အကြောင်းကတော့ လိင်အင်္ဂါအမွှေးအမျှင်တွေမှာ စိုထိုင်းဆများပြီး ဘက်တီးရီးယာတွေ ပေါက်ဖွားဖို့ လွယ်ကူတဲ့အတွက် အနံ့အသက်ဆိုးတွေကို ပိုမိုထွက်စေနိုင်တာပါ။ ဒါကြောင့် အနံ့အသက်ဆိုးတွေ ကင်းဖို့ရော တစ်ကိုယ်ရည် သန့်ရှင်းမှုအတွက်ပါ အမွှေးအမျှင်တွေကို ပုံမှန် ညှပ်ပေးတာ ၊ ရိတ်ပေးတာမျိုး လုပ်ပေးရပါမယ်။

(၂) သေချာဆေးကြော သန့်စင်ပေးပါ

Body Wash

Photo : Rolling Stone

ကျန်းမာသန့်ရှင်းတဲ့ ဖွားဖက်တော် ပိုင်ဆိုင်နိုင်ဖို့ဆို အရေးကြီးဆုံးက တစ်ရည်ကိုယ် သန့်ရှင်းရေးပါပဲ။ စာရေးသူတို့ ယောကျာ်းလေးတွေ အနေနဲ့ နေ့ရက်တိုင်းမှာ ကိုယ့်ရဲ့ ဖွားဖက်တော်ကို သေချာလေး ဆေးကြော သန့်စင်ပေးဖို့ လိုပါမယ်။ လိင်တံအရေပြား ဖြတ်တောက်ထားခြင်းမရှိတဲ့ ကွီးတို့မှာဆိုရင် လိင်တံထိပ်ဖူး အရေပြားအောက် ဧရိယာကို သေချာလေးဆေးကြောပေးပါ။ အပြင်းစား ဆပ်ပြာတွေ ၊ အမွှေးရနံ့ပါတဲ့ ဆပ်ပြာဆီတွေ ဒါမှမဟုတ် ခေါင်းလျှော်ရည်တွေနဲ့ ဆေးကြောတာမျိုး လုံးဝမလုပ်ပါနဲ့။ ဖွားဖက်တော်အတွက် သီးသန့်ထုတ်ထားတဲ့ သန့်စင်ဆေးရည် မဟုတ်ရင် ကြက်သီးနွေးရေနဲ့ ဆေးကြောတာ အကောင်းဆုံးနဲ့ ဘေးအကင်းဆုံး ဖြစ်ပါတယ်။

(၃) ခြောက်သွေ့အောင် ထားပါ

intimate hygiene

Photo : Times of India

ဖွားဖက်တော်နဲ့ ပေါင်ခြံလို နေရာတွေကို ဆေးကြောသန့်စင်ပြီးချိန် ဒါမှမဟုတ် ရေချိုးပြီးချိန်တွေမှာ အဝတ်ခပ်သန့်သန့်နဲ့ ခြောက်သွေ့အောင် သုတ်ပေးဖို့ လိုပါတယ်။ စိုစိစိဖြစ်နေရင် ဒါမှမဟုတ် စိုထိုင်းဆများနေရင် ဘက်တီးရီးယား ပေါက်ဖွားဖို့ ပိုလွယ်ပြီး အနံ့ဆိုးတွေ ထွက်နိုင်ခြေ ပိုများပါတယ်။ ဒါကြောင့် ညီလေးနဲ့ ညီလေး ဧရိယာတဝိုက်ကို ခြောက်ခြောက်သွေ့သွေ့ရှိအောင် သေချာလေး ဂရုစိုက်ပေးဖို့ လိုပါတယ်။

(၄) လေဝင်လေထွက်ကောင်းတဲ့ အတွင်းခံတွေ ရွေးဝတ်ပါ

Underwear

Photo : Werd

ရာသီဥတု ပူတဲ့ရက်တွေဆိုရင် ပေါင်ခြံလိုနေရာဟာ ချွေးအများဆုံး ထွက်တက်ပါတယ်။ ဒီလိုအချိန်တွေမှာ ကျပ်လွန်းတဲ့ ဘောင်းဘီတွေ ၊ အတွင်းခံတွေ ဝတ်မယ်ဆိုရင် ချွေးနဲ့အတူ ဘက်တီးရီးယားနဲ့ မှိုတွေ ပေါက်ဖွားလွယ်ပြီး အနံ့ဆိုးတွေ ထွက်ပေါ်လာနိုင်ခြေ များပါတယ်။ ဒါကြောင့် အဓိက လေဝင်လေထွက်ကောင်းကောင်းရှိတဲ့ ချည်သားဘောင်းဘီတွေ ၊ သက်တောင့်သက်သာရှိတဲ့ အတွင်းခံတွေကို ဝတ်ဆင်ပေးသင့်ပါတယ်။ ဒါက ဖွားဖက်တော်နဲ့ ကန့်သတ်ဧရိယာတဝိုက်မှာ ချွေးအောင်နိုင်ခြေကို နည်းစေပြီး အနံ့ဆိုးထွက်တာ သက်သာစေပါတယ်။

Source : Men’s Health

Featured Photo : Women’s Health