အမျိုးသားတွေအနေနဲ့ ကင်ဆာရောဂါ ဖြစ်ပွားနိုင်ချေကို လျှော့ချဖို့အတွက် တစ်လကို သတ်မှတ်ထားတဲ့ အကြိမ်အရေအတွက်အတိုင်း သုတ်လွှတ်ပေးဖို့ လိုအပ်တယ်လို့ လေ့လာမှုအသစ်တစ်ခုက ဖော်ပြလိုက်ပါတယ်။ သုတ်မလွှတ်ဘဲ အကြာကြီး စုပုံထားတာက ကျန်းမာရေးအတွက် တကယ်တမ်း ဆိုးကျိုးဖြစ်စေနိုင်ပါတယ်။

ကိုယ့်ဘာသာကိုယ် အချိန်ပေးတာပဲဖြစ်ဖြစ်၊ လက်တွဲဖော်နဲ့ အတူနေတာပဲဖြစ်ဖြစ် အားလုံး အကျုံးဝင်ပါတယ်။ အိပ်မက်ထဲမှာ သုတ်လွှတ်တာတောင် ပါဝင်ပါတယ်။ ဘယ်လိုနည်းလမ်းနဲ့ပဲဖြစ်ဖြစ် သုတ်လွှတ်လိုက်မယ်ဆိုရင် ကျန်းမာရေးအကျိုးကျေးဇူးတွေ ရရှိမှာဖြစ်ပါတယ်။
အားလုံးသိချင်နေမယ့် မေးခွန်းကတော့ တစ်လကို ဘယ်နှစ်ကြိမ် သုတ်လွှတ်သင့်သလဲ ဆိုတာပါပဲ။ European Urology ဂျာနယ်မှာ ဖော်ပြထားတဲ့ လေ့လာမှုတစ်ခုအရ တစ်လကို ၂၁ ကြိမ်လို့ ဆိုပါတယ်။

အဲဒီလေ့လာမှုမှာ အမျိုးသား ၃၂,၀၀၀ ကို ၁၈ နှစ်ကြာ လေ့လာခဲ့တာဖြစ်ပြီး မကြာခဏ သုတ်လွှတ်တဲ့သူတွေမှာ ဆီးကျိတ်ကင်ဆာဖြစ်ပွားမှုနှုန်း ပိုနည်းတာကို တွေ့ရှိခဲ့ရပါတယ်။ ၂၁ ကြိမ်လို့ သတ်မှတ်ထားပေမယ့် လူတစ်ဦးချင်းစီရဲ့ ခံနိုင်ရည်နဲ့ အချိန်ဇယားတွေအပေါ် မူတည်ပြီး အများဆုံး ဘယ်လောက်ဆိုတဲ့ ကန့်သတ်ချက်တော့ မရှိပါဘူး။
ဘာကြောင့် ကျန်းမာရေးအပေါ် အကျိုးသက်ရောက်မှု ရှိတာလဲဆိုရင် Urology Care Foundation ရဲ့ ဆီးကျိတ်ကျန်းမာရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ အန်း ကယ်လ်ဗာရီစီက သုတ်လွှတ်ပေးတာဟာ ခန္ဓာကိုယ်ထဲက အန္တရာယ်ဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်းတွေကို ဖယ်ရှားပေးနိုင်တယ်လို့ အကြံပြုထားပါတယ်။ ဒါ့အပြင် ပိုပြီး သုတ်လွှတ်တဲ့ အမျိုးသားတွေဟာ ယေဘုယျအားဖြင့် ပိုမိုကျန်းမာတဲ့ လူနေမှုပုံစံ အလေ့အကျင့်တွေ ရှိနိုင်တယ်လို့လည်း သူမက ထပ်လောင်းပြောကြားခဲ့ပါတယ်။
ဒါဟာ ကင်ဆာရောဂါနဲ့ ဆက်စပ်မှုရှိတာတင် မဟုတ်ပါဘူး။ လိင်ပိုင်းဆိုင်ရာ အထွတ်အထိပ်ရောက်ချိန်မှာ ဦးနှောက်ထဲကို အောက်ဆီတိုစင်၊ ဆီရိုတိုနင်နဲ့ ဒိုပါမင်းစတဲ့ ကောင်းမွန်တဲ့ ဓာတုပစ္စည်းတွေ အများကြီး ထွက်ရှိစေပါတယ်။
လိင်ဆက်ဆံတာ ဒါမှမဟုတ် တစ်ကိုယ်ရည်အာသာဖြေတာကို အချိန်အတော်ကြာ မလုပ်ဘဲနေတာက လိင်တံကျုံ့သွားတာမျိုး (အသုံးမပြုရင် ဆုံးရှုံးသွားနိုင်တယ်ဆိုတဲ့ သဘောတရား) ဖြစ်စေနိုင်ခြေရှိတယ်လို့ ကျွမ်းကျင်သူ ဒေါက်တာ တာရာ ဆူဝင်းယက်တီချိုင်းပွန်က Daily Mail ကို ပြောကြားခဲ့ပါတယ်။
Ref: tyla


