ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ အာဆင်နယ်ကို ၂ ကျော့ပေါင်း ၅-၁ ဂိုးရလဒ်နဲ့ အရေးနိမ့်ခဲ့ရပြီးနောက် ဘာနေဗျူးမှာ အန်ဆယ်လော့တီ ရဲ့ အနာဂတ်ဟာ သံသယဖြစ်ဖွယ် ရှိနေပါတယ်။
Photo : The Independent
အီတလီသားဟာ ဘာစီလိုနာနဲ့ ကစားရမယ့် ကိုပါဒယ်ရေးဗိုလ်လုပွဲအပြီးမှာ မက်ဒရစ်ကနေ ထွက်ခွာနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။ အန်ဆယ်လော့တီဟာ စပိန်ဘီလူးကြီး ရီးယဲလ် မက်ဒရစ်နဲ့ ၂၀၂၆ အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးပေမယ့် အာဆင်နယ်ကို ရှုံးနိမ့်ပြီး ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရပြီးနောက် ၎င်းရဲ့အနာဂတ်နဲ့ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာတော့ ” လောလောဆယ် ဒီကိစ္စကို ကျွန်တော် မပြောနိုင်သေးပါဘူး”
” ကလပ်အသင်းဘက်က နည်းပြအပြောင်းအလဲ လုပ်ဖို့ကို ဆုံးဖြတ်တာ ဖြစ်နိုင်ပါတယ်။ အဲ့ဒါက ဒီနှစ် ဒါမှမဟုတ် နောက်နှစ် ကျွန်တော့်ရဲ့ စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာ ဖြစ်နိုင်ပါတယ်။ မနက်ဖြန်လား ဒါမှမဟုတ် ၁၀ ရက်အတွင်း ၊ ၁ လအတွင်း ၊ တစ်နှစ်အတွင်းလည်း ဖြစ်သွားနိုင်ပါတယ်။ ပြဿနာ မရှိပါဘူး။ ”
” ဒါပေမယ့် ကျွန်တော် ဒီအသင်းအတွက် လုပ်နိုင်သမျှ အရာကတော့ ကျေးဇူးတင်ဖို့ပဲ ရှိပါတယ်။ တကယ်လို့ ကျွန်တော်နဲ့ စာချုပ်သက်တမ်းတိုးသည်ဖြစ်စေ ၊ စာချုပ်ဖျက်သိမ်းခဲ့သည်ဖြစ်စေ ၊ ကျွန်တော် ဂရုစိုက်မှာ မဟုတ်ဘူး ” လို့ ပြောကြားသွားခဲ့ပါတယ်။
Photo : Goal.com
ဘရာဇီးအသင်းဟာ ပြီးခဲ့တဲ့လက ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ပြိုင်ဘက်အာဂျင်တီးနားကို ၄-၁ ဂိုးနဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြ ဒိုရီဗယ်လ်ဂျူနီယာကို ရာထူးကနေ ထုတ်ပယ်ခဲ့ပြီး အီတလီသားကို အစားထိုး ခန့်အပ်ဖို့ အပြင်းအထန် ချိတ်ဆက်မှုတွေ ရှိနေတာ ဖြစ်ပါတယ်။
အန်ဆယ်လော့တီသာ ရာသီမကုန်ခင် ဘာနေဗျူးကနေ စောစီးစွာ ထွက်ခွာမယ်ဆိုပါက အီတလီသားကို သေချာပေါက် ခေါ်ယူဖွယ်ရှိနေတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ စပိန်ဘီလူးကြီးနဲ့ ချန်ပီယံလိဂ်ဖလား ၅ ကြိမ်ရခဲ့ဖူးတဲ့ နည်းပြ အန်ဆယ်လော့တီ နေရာမှာ အစားထိုးခန့်အပ်ဖို့ လေဗာကူဆင်အသင်းနည်းပြ ဇာဘီအလွန်ဆိုဟာ ရေပန်းအစားဆုံး ဖြစ်နေပြီး လာမယ့် နွေရာသီမှာ မက်ဒရစ်ကို ပြန်လာဖွယ်ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
Featured Photo : Goal.com