အဘက်ဘက်က စိတ်ပင်ပန်းစရာတွေ စိတ်ညစ်စရာတွေကြောင့် ထွက်ပေါက်ပိတ်နေသလို ခံစားနေရပါသလား။ ထွက်ပေါက်ပွင့်သွားပြီး စိတ်ပြေလက်ပျောက်ဖြစ်သွားအောင်လို့ မလုပ်ချင်ဘူးလား။ ကွီးတို့ စိတ်ထဲမှာ မွန်းကြပ်နေတာတွေကို ပြေပျောက်သွားအောင်လို့ ကွီးတို့ဖုန်းက ကူညီပေးပါလိမ့်မယ်။ ကွီးတို့ရဲ့ ဖုန်းကနေ အပီချဲ လို့ရတဲ့ အက်ရှင်ဂိမ်း တွေကို ဆော့ကစားရင်း မွန်းကြပ်နေတဲ့ နေ့စဥ်ဘဝကြီးထဲကနေ ခဏတဖြုတ်လောက် ရုန်းထွက်ကြည့်လိုက်ပါ။ ပျော်ရွှင်မှုကို ခံစားရပါလိမ့်မယ်။

ကွီးတို့ မယုံဘူးဆိုရင် အခုဖော်ပြပေးမယ့် ဂိမ်းလေးတွေ ဆော့ကြည့်လိုက်ပါ။ မွန်းကြပ်နေတာတွေ၊ ဒေါသထွက်နေတာတွေအကုန်လုံး ဖိုက်တင် ပလေးရင်း အပီချဲ လို့ရတဲ့ အက်ရှင်ဂိမ်း များအကြားမှာ လွှင့်ပါး ပျောက်ကွယ်သွားမှာပဲဖြစ်ပါတယ်။

Dead Cells

အပီချဲ အက်ရှင်ဂိမ်း

အမိုက်စား အက်ရှင်ဂိမ်းတစ်ခုဖြစ်ပြီး တစ်ယောက်တည်းလည်း ဆော့ကစားနိုင်တဲ့ ဂိမ်းအမျိုးအစားတစ်ခုဖြစ်ပါတယ်။ လက်နက်ပစ္စည်းမျိုးစုံနဲ့ ဆော့ကစားရင် ဖိုက်တင်း ပ လေးနိုင်သလို Adventure စွန့်စားခန်းတွေလည်း ဖွင့်လို့ရပါသေးတယ်။ ဒီဂိမ်းကို ၂၀၁၈ တုန်းက စတင် မိတ်ဆက်ပေးခဲ့တာဖြစ်ပြီး စစချင်းတုန်းကတော့ Linux ၊ MacOS ၊ Nintendo Switch ၊ PlayStation 4 ၊ Windows နှင့် Xbox One တို့မှာပဲ ဆော့ကစားလို့ရပါတယ်။ ၂၀၁၉ မှာတော့ iOS ဖုန်းသမားတွေ ဆော့ကစားနိုင်ပြီး ၂၀၂၀ မှာတော့ Android ဖုန်းတွေမှာလည်း ဆော့ကစားနိုင်ပြီပဲဖြစ်ပါတယ်။

Into the Dead 2

အပီချဲ အက်ရှင်ဂိမ်း

Into the Dead ဆိုတဲ့ နာမည်အတိုင်းပဲ ကြောက်စရာကောင်းတဲ့ ဂိမ်းအမျိုးအစား တစ်မျိုးပါ။ အသည်းငယ်တဲ့ ကွီးတို့ မဆော့သင့်တဲ့ ဂိမ်းအမျိုးအစားတစ်ခုပြဖြစ်ပါတယ်။ ဇွန်ဘီးတွေ အများကြီး ပါမှာဆိုတော့ ဇွန်ဘီးတွေကို ကြောက်တတ်တယ်ဆိုရင် ယောင်လို့တောင် မဆော့ပါနဲ့။ ဘာ့ကြောင့်လဲဆိုတော့ ကွီးတို့က ကွီးတို့ မိသားစုကို ထိုဇွန်ဘီးတွေ လက်ထဲကနေ ကယ်တင်ရမှာမို့လို့ပဲ ဖြစ်ပါတယ်။

Modern Combat 5: Blackout

အပီချဲ အက်ရှင်ဂိမ်း

နောက်ထပ် အပီချဲ လို့ကောင်းတဲ့ အက်ရှင်ဂိမ်း ကတော့ Modern Combat 5: Blackout ဂိမ်းပဲဖြစ်ပါတယ်။ ၂၀၁၄ ကတည်းက ထွက်ရှိခဲ့တဲ့ ဂိမ်းဖြစ်ပြီး Gameloft Bucharest က ထုတ်လုပ်ထားတဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။ တိုက်ပွဲပေါင်း များစွာကို ရင်ဆိုင်ရမှာဖြစ်ပြီး တိုက်ပွဲတိုင်းကို အနိုင်တိုက်မှသာလျှင် မစ်ရှင် အောင်မြင်မှာဖြစ်ပါတယ်။

Brawlhalla

အပီချဲ အက်ရှင်ဂိမ်း

ဒီဂိမ်းကလည်း ဖိုက်တင်ဂိမ်းတွေထဲမှာ နာမည်ကြီးတဲ့ ဂိမ်းတစ်ခုပဲဖြစ်ပါတယ်။ ၂၀၁၇ တုန်းက စတင်ထွက်ရှိခဲ့တာဖြစ်ပြီး ထိုအချိန်တုန်းက macOS ၊ PlayStation 4 နှင့် Windows တွေမှာပဲ ဆော့ကစားလို့ရတာ ဖြစ်ပါတယ်။ နောက်ပိုင်းကျမှ Nintendo Switch ၊ Xbox One ၊ Android နှင့် iOS တို့မှာပါ ဆော့ကစားနိုင်လာတာ ဖြစ်ပါတယ်။

Marvel Contest of Champions

Marvel Contest of Champions

အမိုက်စား အက်ရှင်ဂိမ်းတွေထဲမှာဆိုရင် Marvel Contest of Champions လည်း တစ်ခုအပါအဝင်ပါပဲ။ ဒီဂိမ်းလေးကတော့ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်နေ့တုန်းက စတင်ထွက်ရှိခဲ့တာဖြစ်ပြီး ထိုအချိန်ကတည်းက iOS သမားတွေရော Android သမားတွေပါ ဆော့ကစားနိုင်တာပဲဖြစ်ပါတယ်။ Marvel ဖန် အကြီးစားတွေကတော့ ဒီဂိမ်းကို အကြိမ်ကြိမ် အခါခါ ဆော့ဖူးကြပါလိမ့်မယ်။

ကွီးတို့ရော အခုဖော်ပြသွားတဲ့ ဂိမ်းတွေထဲက ဘယ်ဂိမ်းကို ဆော့ဖူးပါသလဲ။

Featured Image: Freepik