ချစ်တင်းနှော တဲ့အခါ ထွတ်အထိပ်ရောက်ချိန် လိင်တံကို မိန်းမကိုယ် ပြင်ပသို့ အချိန်မီ ဖယ်ထုတ်ပြီး သုတ်လွှတ်ခြင်းကို အပြင်မှာပြီး တဲ့ နည်းလမ်း တစ်နည်းအားဖြင့် Withdrawal Method လို့ ခေါ်ပါတယ်။ ဒီနည်းလမ်းက တကယ်ရော ကိုယ်ဝန်ရနိုင်ခြေကို တားဆီးပေးနိုင်တဲ့ ထိရောက်မှုမျိုး ရှိရဲ့လား ??

Withdrawal Method

Photo : Rewire News Group

လူအများစုကတော့ ကိုယ်ဝန်ရနိုင်ခြေကို တားဆီးကာကွယ်ဖို့အတွက် အပြင်မှာပြီး တဲ့ နည်းလမ်းကို အသုံးပြုကြပါတယ်။ ဒီနည်းလမ်းဟာ ငွေကုန်ကြေးကျ မရှိသလို ဘေးထွက်ဆိုးကျိုးလည်း မရှိပဲ ဆရာဝန်ညွှန်ကြားချက် ၊ ဆေးဝါး အကူအညီတွေ မလိုတာကြောင့် အခြား သန္ဓေတားနည်းတွေကို မသုံးချင်တဲ့ စုံတွဲအများစု သုံးကြတာ ဖြစ်ပါတယ်။

Withdrawal Method ဟာ ကိုယ်ဝန်မရယူလိုတဲ့ စုံတွဲတွေ အသုံးပြုတဲ့ နည်းလမ်းတွေထဲက တစ်ခုဆိုပေမယ့် ရာနှုန်းပြည့် ထိထိရောက်ရောက် ကာကွယ်မှု ပေးနိုင်ခြင်းတော့ မရှိပါဘူး။ လေ့လာမှုတွေအရ ဒီနည်းလမ်းကို အသုံးပြုတဲ့ စုံတွဲ ၅ ဦးမှာ တစ်ဦးနှုန်းဟာ ကိုယ်ဝန်ရနိုင်တယ်လို့ ဆေးပညာရှင်တွေက ခန့်မှန်းထားပါတယ်။ နောက်တစ်ခုကတော့ အကာအကွယ်မဲ့ ဆက်ဆံတာဖြစ်တဲ့အတွက် လိင်မှတဆင့် ကူးစက်တက်တဲ့ ရောဂါတွေကိုလည်း အကာအကွယ်မပေးနိုင်ပါဘူး။

အကယ်၍ အပြင်မှာပြီး တဲ့ နည်းလမ်းကို အသုံးပြုမယ်ဆိုရင် ပြီးမြောက်ချိန်မှာ လိင်တံကို မိန်းမကိုယ်အတွင်းကနေ အမြန်ဆုံး ဖယ်ရှားနိုင်တဲ့ လေ့ကျင့်မှု ကောင်းကောင်း ရှိရပါမယ်။ သုတ်လွှတ်ချိန်မှာ လိင်တံဟာ မိန်းမကိုယ်ကနေ ဖယ်ရှားပြီးကြောင်း သေချာမှု ရှိဖို့လိုပါတယ်။ နောက်တစ်ကြိမ် မဆက်ဆံမီမှာလည်း ဆီးသွားတာ ၊ လိင်တံထိပ်မှာ သုတ်ပိုးမရှိစေဖို့ သေချာသန့်ရှင်းရေး လုပ်ပေးတာတွေကို ဂရုတစိုက် လုပ်ဆောင်ပေးရမှာ ဖြစ်ပါတယ်။

Withdrawal Method
Photo : American Pregnancy Association

သုတ်လွှတ်ချိန်မှာ လိင်တံကို အချိန်မီ မဆွဲထုတ်နိုင်ခဲ့ဘူး သို့မဟုတ် ကိုယ်ဝန်ရနိုင်ခြေအတွက် စိုးရိမ်ရတယ်ဆိုရင်တော့ အရေးပေါ်သန္ဓေတားဆေးသောက်တာ သို့မဟုတ် ကျန်းမာရေး အကြံပေးစောင့်ရှောင်သူတွေနဲ့ အမြန်ဆုံး သွားရောက်တိုင်ပင်ဖို့ လိုပါတယ်။

Source : Mayo Clinic

Featurd Photo : GoodRx