အရွယ်ရောက်ပြီးသား လူတွေအတွက် အပြာကား ခေါ် လူကြီးရုပ်ရှင်တွေ ကြည့်တာဟာ သိပ်တော့မဆန်းလှတဲ့ ကိစ္စတစ်ခုပါပဲ။ ဒါဟာ လိင်မှုဘဝအတွက် တစ်စိတ်တစ်ပိုင်းအရေးပါတဲ့ သဘာဝ ဖြစ်စဉ်တစ်ခုပါ။ သို့သော်လည်း ဒါမှဒါ မကြည့်ရမနေနိုင် ဖြစ်နေတယ် ၊ စွဲလမ်းတဲ့အဆင့်ကို ရောက်နေပြီဆိုရင်တော့ အန္တရာယ်ရှိလာပြီလို့ ပြောရမှာ ဖြစ်ပါတယ်။ လူကြီးကား မကြည့်ရမနေနိုင် စွဲလမ်းတာဟာ တစ်နေ့တာ အလုပ်တွေအပေါ်မှာပါ ဆိုးကျိုးသက်ရောက်လာစေနိုင်သလို မိသားစု ၊ ပေါင်းသင်းဆက်ဆံရေးနဲ့ တစ်ကိုယ်ရည်ဘဝအပေါ်ပါ စတင်ထိခိုက်မှုတွေ ဖြစ်လာစေနိုင်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ နေ့တိုင်းလိုလို လူကြီးကားတွေ မကြည့်ရမနေနိုင် ဖြစ်နေတဲ့ ကွီးတို့အတွက် ဒီအလေ့အကျင့်ဆိုးကြီးကို ဖျောက်ဖျက်နိုင်မယ့် အကြံပြုချက်လေးတွေ ပြောပြပေးချင်ပါတယ်။
(၁) အလေ့အကျင့် ကောင်းတစ်ခုနဲ့ အစားထိုးပါ
Photo : Pexels
အကျင့်ဆိုးတစ်ခုကို ဖယ်ရှားပစ်ဖို့ အကောင်းဆုံး နည်းလမ်းတစ်ခုကတော့ အဲဒီအကျင့်ဆိုးကို စွဲစွဲမြဲမြဲ လုပ်ချင်လာတဲ့အခါတိုင်း အလေ့အကျင့် ကောင်းတစ်ခုနဲ့ အစားထိုးဖို့ပါပဲ။ ဥပမာအားဖြင့် သင့်အနေနဲ့ ညစ်ညမ်းရုပ်ရှင် အပြာကား တွေကြည့်ဖို့ စိတ်ကစွဲဆောင်လာတဲ့အခါတိုင်းမှာ လေ့ကျင့်ခန်းလုပ်ခြင်း ၊ ပြေးခြင်း ကဲ့သို့သော သင့်ကိုယ် ကျန်းမာစေမယ့် အလေ့အကျင့် ကောင်းတစ်ခုနဲ့ အာရုံပြောင်းကြည့်ဖို့ အကြံပြုချင်ပါတယ်။ လေ့ကျင့် ခန်းလုပ်ခြင်းဟာ လူတစ်ဦးရဲ့ စိတ်ပိုင်း/ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို တိုးတက်စေပြီး အင်တာနက်စွဲလန်းမှုကို လျော့ချပေးနိုင်ပါတယ်။
(၂) စွဲလမ်းမှုရဲ့ လမ်းစကို ပြန်ရှာပါ
Photo : Centres for Health and Healing
တစ်စုံတစ်ခုကို စွဲလမ်းလာတဲ့အခါ စွဲလမ်းမှုကို အစကို ပြန်သွားတာဟာ အဲ့ဒီစွဲလမ်းမှုကို ရပ်တန့်ဖို့အတွက် လမ်းစတစ်ခုပါပဲ။ ညစ်ညမ်းရုပ်ရှင် လူကြီးကားတွေ စွဲလမ်းရခြင်းမှာလည်း ထို့နည်းတူစွာ ဖြေရှင်းလို့ ရပါတယ်။ ဘယ်အရာတွေက သင့်ကို ညစ်ညမ်းရုပ်ရှင်ကြည့်ဖြစ်ဖို့ တွန်းအားပေးလဲဆိုတာ ပြန်သုံးသပ်ပါ။ ဒီလိုဖြစ်စေတဲ့ ဓာတ်ပုံ ၊ ဝက်ဆိုက် ၊ ချယ်နယ် ၊ ရုပ်ရှင် ၊ သီချင်း ၊ ဒါမှမဟုတ် လူပုဂ္ဂိုလ် စသည်ဖြင့် စွဲလမ်းမှုကို စတင်ဖြစ်ပေါ်လာစေတဲ့ အစပျိုးမှုတစ်ခုခုနဲ့ ထိတွေ့ဆက်ဆံနေမိတဲ့ အခြေအနေတွေနဲ့ ဝေးဝေးနေဖို့ လိုပါတယ်။ အကယ်၍ ကြည့်ချင်စိတ် ဖြစ်လာပါကလည်း သင့်ကိုသင် အာရုံလွှဲမိဖို့ အသက်ရှု လေ့ကျင့်ခန်းလုပ်တာ ၊ ကိန်းဂဏန်းရေတွက်တာ ၊ ဟိုနားဒီနား လမ်းလျှောက်ထွက်တာ စတဲ့ လှုပ်ရှားမှုတစ်ခုခု လုပ်ပေးသင့်ပါတယ်။
(၃) အဆက်သွယ်တွေ ဖြတ်တောက်ပါ
Photo : LinkedIn
သင့်အနေနဲ့ ညစ်ညမ်းရုပ်ရှင် ကင်းစင်သော လူနေမှုပုံစံဆီသို့ သွားဖို့ ရည်ရွယ်ထားတယ်ဆိုရင် သင့်ပတ်ဝန်းကျင်/ သင့်ရဲ့နေ့စဉ်အသုံးပြုနေတဲ့ ဆိုရှယ်မီဒီယာပေါ်က ဒီအရာတွေနဲ့ ဆက်နွယ်နေတဲ့ အရာတွေမှန်သမျှကို ဖြတ်တောက်ဖို့ လိုပါတယ်။ Porn ဝက်ဆိုဒ်တွေ ၊ Group တွေ ၊ ညစ်ညမ်းရုပ်ရှင်/ စာပေ App တွေအားလုံးကို သင့်ဖုန်း/ကွန်ပြူတာတွေထဲကနေ အပြီးတိုင် ဖျက်လိုက်ပါ။
(၄) အကြောင်းပြချက်တစ်ခုခု ချရေးထားပါ
Photo : Inspection Support Network
အပြာကား တွေ ကြည့်တဲ့အကျင့်ကို စွန့်လွှတ်ဖို့အတွက် သင့်မှာ ခိုင်မာတဲ့ အကြောင်းပြချက် တစ်ခုခုတော့ ရှိဖို့လိုပါမယ်။ ဒီလို လူကြီးကားတွေ စွဲစွဲလမ်းလမ်း ကြည့်နေမိတာက သင့်ရဲ့နေ့စဉ်ဘဝမှာ ဘာတွေထိခိုက်လာသလဲ ဥပမာ လူမှုဆက်ဆံရေးအပေါ် ထိခိုက်စေသလား ၊ အလုပ် တာဝန်တွေ ပျက်ကွက်နေရလား ၊ ချစ်သူနဲ့ဆက်ဆံရေး အဆင်မပြေဖြစ်လာစေလား စသည်ဖြင့် လက်တွေ့ဘဝအပေါ် ထိခိုက်နစ်နာလာစေတဲ့ အကြောင်းပြချက်တစ်ခုခုကို ရှာပြီး ဒီအကျင့်ဆိုးကို ဖျောက်ဖျက်ဖို့အတွက် ကိုယ့်ကိုယ်ကိုယ် သတိပေးသင့်ပါတယ်။
Source : Verywell Mind
Featured Photo : First Things First