ဆင်းရဲသား ရုပ်ရှင်တွေထဲမှာ အပြာသရုပ်ဆောင် (ခေါ်) Porn Stars တွေရဲ့ အံ့မခမ်း စွမ်းဆောင်ရည်တွေကို ကွီးတို့ ကြည့်ပြီး အားကျနေလောက်မှာပါ။ ဒီလို ရှယ်ကြမ်းတဲ့ လိင်မှုစွမ်းဆောင်ရည်မျိုးကလည်း ယောကျာ်းတိုင်း မလိုချင်တဲ့သူ မရှိသလောက်ပါပဲ။ Adult Film ထဲမှာ မြင်ရတဲ့ အချို့ပြကွက်တွေက ဖျော်ဖြေရေး သပ်သပ် လှည့်စားချက်တွေ အများကြီးပါသလို စွမ်းဆောင်ရည်ကောင်းအောင် အပြာသရုပ်ဆောင်တွေ ကိုယ်တိုင်လည်း စောင့်ထိန်းလိုက်နာရတဲ့အချက်တွေလည်း ရှိပါတယ်။ ဒီဆောင်းပါးမှာတော့ အပြာရုပ်ရှင်တွေထဲမှာ သရုပ်ဆောင်တွေအနေနဲ့ သူတို့ရဲ့ လိင်မှုကျန်းမာရေးနဲ့ စွမ်းဆောင်ရည်ပိုင်းကို ဘယ်လိုဘယ်ပုံ ထိန်းကြလဲဆိုတာ ပြောပြပေးချင်ပါတယ်။

Adult Film တွေရဲ့ နောက်ကွယ်က အမှန်တရား……….

Adult Film
Photo : Luxembourg Times

အပြာရုပ်ရှင်တွေထဲမှာ မြင်ရတဲ့ သရုပ်ဆောင်တွေရဲ့ လိင်မှုစွမ်းဆောင်ရည်ဟာ ကြည့်ရှုသူတွေအတွက် ရသမြောက်အောင် ဖန်တီးထားတဲ့ ဖျော်ဖြေမှုသပ်သပ် ပြကွက်တွေ အများကြီးပါဝင်ပြီး လက်တွေ့ဘဝနဲ့ ကွဲပြားမှုတွေ ရှိနေပါတယ်။ သေချာတာကတော့ ဇာတ်ကားထဲမှာ ပြင်ပက သာမန်ယောကျာ်းတစ်ယောက်ရဲ့ ပုံမှန်သဘာဝထက် ပိုမိုသာလွန်တဲ့ စွမ်းဆောင်ရည် ၊ လိင်တံအရွယ်အစား ၊ ကြာချိန်တွေဟာ ဖျော်ဖြေမှုကောင်းကောင်း ပေးနိုင်ဖို့အတွက်ပဲ ဖန်တီးထားတာ ဖြစ်ပါတယ်။ ပြင်ပလက်တွေ့ဘဝမှာ ဇာတ်ကားထဲက အပြာသရုပ်ဆောင်တွေနည်းတူ စွမ်းဆောင်ရည်မျိုး ပြနိုင်ဖို့ဆိုတာ တကယ်ကိုမလွယ်တဲ့ ကိစ္စတစ်ခုပါပဲ။

ရှယ်ကြမ်းတဲ့ စွမ်းဆောင်ရည်ကို ပြနိုင်ဖို့ ဆေးဝါးကူရလား ?

man take a pill

Photo : JHU Hub – Johns Hopkins University

အပြာသရုပ်ဆောင် တွေဟာ ဇာတ်ကားထဲမှာ ရှယ်ကြမ်းပြနိုင်ဖို့ နောက်ကွယ်မှာ ဆေးဝါးအကူအညီကို မဖြစ်မနေ ယူကြရပါတယ်။ ကွီးတို့ ဇာတ်ကားထဲမှာ မြင်ရတဲ့အတိုင်း ဘယ်ယောကျာ်းမှ လက်တွေ့ဘဝမှာ သဘာဝနည်းနဲ့ပဲ စွမ်းဆောင်နိုင်မှာ မဟုတ်ပါဘူး။ အပြာသရုပ်ဆောင် အများစုက ဇာတ်ကား ရိုက်ကူးနေစဉ်အတွင်းမှာ သူတို့ရဲ့ လိင်တံ ပြည့်ပြည့်ဝဝ ထောင်မတ်နိုင်ဖို့ ၊ အချိန်ကြာကြာ စွမ်းဆောင်နိုင်ဖို့ Viagra သို့မဟုတ် Cialis တို့လို ဆေးဝါးတွေကို သောက်သုံးကြရပါတယ်။ ဒီဆေးဝါးတွေဟာ ခန္ဓာကိုယ်တွင်း သွေးစီးဆင်းမှုကို ကောင်းမွန်စေပြီး အပြာသရုပ်ဆောင်တွေ ရိုက်ကူးရေး လုပ်ဆောင်နေစဉ်အတွင်းမှာ သုတ်လွှတ်ချိန်ကို ဆွဲဆန့်ပြီး အချိန်အကြာကြီး စွမ်းဆောင်ရည် ကောင်းကောင်းထုတ်ပြနိုင်ဖို့ ၊ လိင်မှုဆိုင်ရာ လှုံ့ဆော်မှုကောင်းကောင်း ပေးနိုင်ဖို့ ၊ လိင်တံထောင်မတ်မှု အားကောင်းစေဖို့ ကူညီထောက်ပံ့ပေးနေတာ ဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ ဒီလို ဆေးဝါးတွေကို မှီဝဲဖို့ စဉ်းစားနေတယ် ဆိုရင်တော့ ဆရာဝန်နဲ့ အရင်ဆုံး တိုင်ပင်ကြည့်ဖို့ အကြံပေးချင်ပါတယ်။

လိင်မှုဆိုင်ရာ စွမ်းဆောင်ရည်ကို သဘာဝနည်းအတိုင်း ထိန်းသိမ်းကြသလား ?

Upper Body Exercises

Photo : Men’s Health

သေချာပါတယ်။ အပြာသရုပ်ဆောင် တွေလည်း သူတို့ရဲ့ လိင်မှုကျန်းမာရေး ၊ လိင်မှုစွမ်းဆောင်ရည်ကို ဆေးဝါးအကူအညီအပြင် သဘာဝနည်းနဲ့လည်း ထိန်းသိမ်းမှု လုပ်ကြရပါတယ်။ အာဟာရဓာတ် ကျန်းမာမျှတအောင် စားသောက်တာ ၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်တာ ၊ စိတ်ဖိစီးမှုနည်းအောင် နေထိုင်တာ ၊ နေ့စဉ်ပုံမှန် အိပ်ချိန်ပြည့်ပြည့်ဝဝ အိပ်စက်အနားယူတာ ၊ သွေးစီးဆင်းမှု / လိင်တံထောင်မတ်မှု / သုတ်ပိုးအားကောင်းမှုနဲ့ လိင်မှုစွမ်းဆောင်ရည်ကို ပိုကောင်းအောင် ပံ့ပိုးပေးတဲ့ L-Citrulline ၊ Zinc ၊ Pygeum နဲ့ Lecithin တို့လို Supplements တွေ မှီဝဲတာ စတဲ့ အချက်တွေနဲ့ သူတို့ရဲ့ လိင်မှုဆိုင်ရာ စွမ်းဆောင်ရည်ကို သဘာဝနည်းအတိုင်း ထိန်းသိမ်းကြပါတယ်။

Source : VB Health

Featured Photo : Extra.ie