အဖြူရောင်က သန့်ရှင်းစင်ကြယ်ခြင်း၊ ရှင်းသန့်မှု စတာတွေကို ကိုယ်စားပြုပါတယ်။ ဘယ်လိုအရောင်နဲ့မဆို တွဲဆက်လို့ရတဲ့ အရောင်လည်း ဆိုလည်း မမှားပါဘူး။ ဒါ့အပြင် ရာသီဥတုမျိုးစုံနဲ့ လိုက်ဖက်တဲ့ အပြင် အဖြူရောင်က တောက်ပပြီး အသွင်အပြင်မျိုးစုံကို ဖန်တီးနိုင်တဲ့ အရောင်လည်း ဖြစ်ပါတယ်။ အမျိုးသားတို့အနေနဲ့ အဖြူရောင် အင်္ကျီကို ဝတ်လေ့ဝတ်ထ ရှိသော်လည်း အဖြူရောင်ဘောင်းဘီကို သိပ်ပြီး မဝတ်ကြပါဘူး။ အမှန်တကယ်တော့ အဖြူရောင် ဘောင်းဘီတွေကလည်း ကွီးတို့ကို မိမိုက်တဲ့ စတိုင်လ်ကို ပေးစွမ်းနိုင်စွမ်းရှိပါတယ်။ ဒီနေ့မှာတော့ ကွီးတို့အတွက် အဖြူရောင် ဘောင်းဘီနဲ့ ရဲရဲကြီး ရှိုးထုတ်နိုင်ဖို့ ဖက်ရှင် အိုင်ဒီယာကောင်းလေးတွေ ဝေမျှပေးမှာ ဖြစ်ပါတယ်။
ဘောင်းဘီအဖြူနဲ့ ရှပ်အင်္ကျီ
Photo : Dmarge
ဘောင်းဘီအဖြူနဲ့ တွဲဝတ်ဖို့ ဖက်ရှင်ကို အများကြီး မစဉ်းစားချင်ရင် ကွီးတို့ဆီမှာရှိတဲ့ ရှပ်အင်္ကျီတစ်ထည်ထည်နဲ့ ဝတ်ဆင်လိုက်ပါ။ ဘယ်လို ရှပ်အင်္ကျီအရောင်နဲ့မဆို တွဲပြီးဝတ်ဆင်လို့ ရပါတယ်။ အရောင်တောက်တောက် အင်္ကျီတွေနဲ့ စမ်းဝတ်ကြည့်ဖို့လည်း မတွန့်ဆုတ်ပါနဲ့။ ကွီးတို့ကို တမူထူးခြားတဲ့ စတိုင်လ်ကို ပေးစွမ်းနိုင်မှာ အသေအချာပါပဲ။
ဘောင်းဘီအဖြူနဲ့ တီရှပ်
Photo : Dmarge
လွတ်လပ်ပေါ့ပါးပြီး လူငယ်ဆန်ဆန်နဲ့ ဖက်ရှင်ကျချင်တယ်ဆိုရင်တော့ ဘောင်းဘီအဖြူနဲ့ တီရှပ်ကို တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။ ဘယ်လို တီရှပ်အရောင်နဲ့မဆို ဝတ်ဆင်နိုင်ပါတယ်။ ကွီးတို့အနေနဲ့ ဒီဇိုင်းဖော်ထားသော အင်္ကျီများနဲ့ ဖြစ်စေ၊ ဗြောင်တီရှပ်များနဲ့ဖြစ်စေ ဝတ်ဆင်ပြီး ပေါ့ပေါ့ပါးပါးနဲ့ ကိုယ်ရဲ့ လွတ်လပ်တဲ့ အသွင်အပြင်ကို အပြည့်အဝဖော်ပြလိုက်ပါ။
ဘောင်းဘီအဖြူ Blazers
Photo : Dmarge
အနည်းငယ်လေးနက်ပြီး ရှင်းသန့်တဲ့ အသွင်အပြင်အတွက် ဘောင်းဘီအဖြူကို Blazer နဲ့ တွဲပြီးဝတ်နိုင်ပါတယ်။ Formal ကျတဲ့ ပုံစံကို ဝတ်ဆင်ချင်ရင်လည်း Blazer တွေကို ဘောင်းဘီအဖြူနဲ့ တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။ ဒီလို စတိုင်လ်က ကွီးတို့ရဲ့ အသွင်အပြင်ကို မြှင့်တင်ပေးပြီး အထက်တန်းကျစေတဲ့အတွက် ဘောင်းဘီအဖြူက တကယ်ကို ရွေးချယ်စရာကောင်းပါတယ်။ ဘောင်းဘီအဖြူနဲ့ အရောင်ရင့်တဲ့ Blazer များသာမက အရောင်နုတဲ့ Blazer များနှင့်ပါ လိုက်ဖက်ပါတယ်။
ဘောင်းဘီအဖြူနဲ့ Denim Shirt
Photo : Pinmig
သက်တောင့်သက်သာရှိပြီး ပေါ်လွင်ထင်ရှားမှုကို တစ်ပြိုင်နက်တည်း ယူဆောင်လာပေးမယ့် ဖက်ရှင်ကို ဝတ်ချင်ရင် ဘောင်းဘီအဖြူနဲ့ Denim Shirt ကို ရွေးချယ်ပါ။ Denim Shirt ရဲ့ ပေါ့ပါးသော အသွင်အပြင်နဲ့ အဖြူရောင်ဘောင်းဘီတို့ရဲ့ သန့်စင်စမတ်ကျသော ပေါင်းစပ်မှုက မထင်မှတ်လောက်အောင် လိုက်ဖက်တာ တွေ့ရမှာပါ။ နောက်ထပ် ကွီးတို့သဘောကျတဲ့ Accessories အချို့နဲ့ ပေါင်းစပ်လိုက်ပါ။ လုံးဝကို အမိုက်စားစတိုင်လ်နဲ့ ထင်းနေမှာ အသေအချာပါပဲ။
ပေါ့ပါးတဲ့စတိုင်လ်တွေအပြင် အခုလို အေးမြမြ ရာသီမှာလည်း ဝတ်ဆင်နိုင်မယ့် အဖြူရောင် ဘောင်းဘီနဲ့ တွဲဖက်ဝတ်ဆင်ဖို့ အိုင်ဒီယာအချို့ကိုလည်း ဖော်ပြပေးလိုက်ပါတယ်။
အိုင်ဒီယာ (၁)
Photo : Dmarge
အိုင်ဒီယာ (၂)
Photo : Men’s Flair
အိုင်ဒီယာ (၃)
Photo : Men’s Flair
အိုင်ဒီယာ (၄)
Photo : Men’s Flair
အိုင်ဒီယာ (၅)
Photo : Men’s Flair
ကွီးတို့ရေ ဒီအိုင်ဒီယာကောင်းလေးတွေကို သုံးပြီး အဖြူရောင် ဘောင်းဘီနဲ့ ရဲရဲကြီး ရှိုးထုတ်လိုက်တော့ဗျို့။
Source : Dmarge
Featured Photo : Bearkoof