ဖဲမွေ့ရာထက်မှာ အချိန်ကြာကြာ စွမ်းဆောင်နိုင်ခြင်းသည် ကွီးတို့ကိုသာမက ကွီးတို့ရဲ့ ပါတနာကိုလည်း စိတ်ကျေနပ်မှု အပြည့်အဝ ရရှိစေပါတယ်။ ဒါပေမဲ့ ဒီလိုအချိန်ကြာကြာ စွမ်းဆောင်နိုင်ဖို့ဆိုရင် အမော ခံနိုင်ဖို့ လိုအပ်ပြီး စကီလေးက ငြိုငြင် မသွားမှာ ဖြစ်ပါတယ်။

ကွီးတို့ အချိန်ကြာကြာနဲ့ အမော ခံနိုင်ဖို့အတွက်နဲ့ ကွီးတို့ စကီလေးက မ ငြိုငြင် သွားစေဖို့အတွက်ဆိုရင် အခုဖော်ပြပေးမယ့် နည်းလမ်းကောင်းများကို အသုံးပြုနိုင်ပါတယ်။

ဒီဆေးဖက်ဝင် နည်းလမ်းများကို အသုံးပြုပါ

အမော ငြိုငြင်

ပထမတစ်နည်းကတော့ ကာဖိန်းဓာတ် မှီဝဲခြင်းပဲ ဖြစ်ပါတယ်။ လေ့လာမှု အားကစားမပြုလုပ်ခင် ကာဖိန်းဓာတ် မှီဝဲတဲ့ အမျိုးသားများသည် စွမ်းအင်များကို များများထုတ်သုံးနိုင်ပြီး အမောလည်း ပိုခံနိုင်ကြတယ်လို့ သိရှိရပါတယ်။ ကာဖိန်းဓာတ်က အမောခံနိုင်ဖို့အတွက် လှုံ့ဆော်ပေးလို့ပဲ ဖြစ်ပါတယ်။

နောက်တစ်နည်းကတော့ ဂျင်ဆင်းပဲဖြစ်ပါတယ်။ ဂျင်ဆင်းဆိုတာက တကယ့်ကို ဆေးဖက်ဝင်တဲ့ အစွမ်းထက် ဆေးဖက်ဝင် သစ်သီးသစ်ဖုတစ်ခုဖြစ်တယ်ဆိုတာ သိပြီးသားဖြစ်ပါလိမ့်မယ်။ ခန္ဓာကိုယ် စွမ်းဆောင်ရည်နှင့် လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို မြှင့်တင်ချင်တဲ့ ကွီးတို့အတွက် ဂျင်ဆင်းကလည်း မှီဝဲသင့်တဲ့ ဆေးဖက်ဝင် အစားအစာတစ်ခုပဲ ဖြစ်ပါတယ်။

ဒီအစားအစာများကို စားသုံးပါ

အမော ငြိုငြင်

ဗီတာမင်ဒီ ဓာတ် ကြွယ်ဝသော အစားအစာများ၊ ကာဘိုဟိုက်ဒြိုက်ဓာတ် ကြွယ်ဝသော အစားအစာများ၊ သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက်များ၊ အိုမီဂါ သရီး ဖက်တိ အက်ဆစ်ဓာတ် ကြွယ်ဝသော အစားအစာများ အစရှိသည်တို့ကို များများ စားသုံးသင့်ပါတယ်။ အသီးထဲမှာဆိုရင်တော့ ပန်းသီး၊ သစ်တော်သီး၊ လိမ္မော်သီးနှင့် အချဥ်ဓာတ် ကြွယ်ဝသော သစ်သီးများကို ဦးစားပေး စားသုံးဖို့ လိုအပ်ပါတယ်။

ဒီလေ့ကျင့်ခန်းများကို ပြုလုပ်ပါ

လေ့ကျင့်ခန်း

ကွီးတို့ ညီလေးရဲ့ စွမ်းဆောင်ရည်ကို မြှင့်ချင်တယ်ဆိုရင် ပြုလုပ်လို့ရတဲ့ လေ့ကျင့်ခန်း အမျိုးအစား (၃) မျိုးရှိပါတယ်။ ပထမ တစ်မျိုးကတော့ သက်လုံကောင်းအောင် ကူညီပေးမယ့် အေရိုးပစ် လေ့ကျင့်ခန်းများပဲ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းအမျိုးအစားထဲမှာဆိုရင် ရေကူးခြင်း၊ စက်ဘီးစီးခြင်း၊ လမ်းအမြန်လျှောက်ခြင်း အစရှိတဲ့ လေ့ကျင့်ခန်းများပဲဖြစ်ပါတယ်။

ဒုတိယအမျိုးအစားကတော့ ကြွက်သားများကို သန်မာလာစေမယ့် လေ့ကျင့်ခန်းများပဲ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းများထဲမှာတော့ အလေးမခြင်း၊ အလေးတုံးနဲ့ အခြားသော ပစ္စည်းကိရိယာများဖြင့် ဆော့ကစားရသော လေ့ကျင့်ခန်းတို့ ပါဝင်ပါတယ်။ ဒိုက်ထိုးလေ့ကျင့်ခန်းလည်း ဆော့ကစားနိုင်ပါတယ်။

တတိယ အမျိုးအစားကတော့ ခန္ဓာကိုယ်ကို ဟန်ချက်ညီအောင် ထိန်းညှိပေးတဲ့ လေ့ကျင့်ခန်းအမျိုးအစားများပဲ ဖြစ်ပါတယ်။ ခြေထောက်တစ်ဖက်တည်းနဲ့ မတ်တပ်ရပ်ခြင်းသည်လည်း ကွီးတို့ ခန္ဓာကိုယ်ကို ဟန်ချက်ညီအောင် ထိန်းညှိပေးပါတယ်။ ထိုက်ချိနှင့် ယောဂ အစရှိတဲ့ လေ့ကျင့်ခန်းများကိုလည်း ဆော့ကစားနိုင်ပါတယ်။

နောက်ထပ် အရေးကြီးဆုံး တစ်ချက်ကတော့ စိတ်ဖိစီးမှုကို တတ်နိုင်သမျှ လျော့ချခြင်းပဲ ဖြစ်ပါတယ်။ စိတ်ဖိစီးမှုများ စုပုံနေတဲ့အခါမှာ ကွီးတို့ရဲ့ စွမ်းဆောင်ရည်ကလည်း ထိုးကျသွားနိုင်တယ်ဆိုတာကို မေ့မသွားဖို့လိုအပ်ပါတယ်။

ကွီးတို့ရော ဖဲမွေ့ရာထက်မှာ အမော ခံနိုင်အောင်နဲ့ စကီလေးက ငြိုငြင် မသွားအောင် ဘယ်လိုမျိုး ကြိုးစားလုပ်ဆောင်လေ့ရှိပါသလဲ။

Source: Healthline

Featured Image: Freepik