ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်ရေးနဲ့ ကြွက်သားကျစ်လစ် သန်မာမှုအတွက် မရှိမဖြစ်တဲ့ အာဟာရဓာတ်လို့ ပြောရင် ပရိုတင်းကို ကွီးတို့ ပထမဆုံး ပြေးမြင်မိကြမယ် ထင်ပါတယ်။ တကယ်တော့ ပရိုတင်းဓာတ် ဟာ ခန္ဓာကိုယ်ကြံ့ခိုင်မှု ၊ ကြွက်သား တည်ဆောက်ဖို့ အတွက်တင်မကပဲ အမျိုးသား တွေရဲ့ လိင်မှုဘဝ ကျန်းမာရေးကိုပါ မြှင့်တင်ပေးနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ အမျိုးသားတွေရဲ့ စွမ်းဆောင်ရည်နဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့ ပရိုတင်းဓာတ်အကြောင်း ပြောပြပေးချင်ပါတယ်။

(၁) ဟော်မုန်းထုတ်လုပ်မှုကို မြှင့်တင်ပေးတယ်

Sexual Dysfunction
Photo : Global News

ပရိုတင်းဓာတ် ရဲ့ အဓိက လုပ်ဆောင်ချက်တွေထဲက တစ်ခုကတော့ ခန္ဓာကိုယ်အတွင်းဟော်မုန်း ထုတ်လုပ်မှုကို မြှင့်တင်ပေးတာပါ။ ပရိုတင်းဓာတ်ဟာ အမျိုးသားတွေရဲ့ လိင်မှုဘဝအတွက် အရေးပါတဲ့ တက်စတိုစတီရုန်း (Testosterone) ခေါ် ကျားဟော်မုန်း ထုတ်လုပ်မှုကို မြှင့်တင်ပေးပြီး ခန္ဓာကိုယ်မှာ ဟော်မုန်းပမဏ ဟန်ချက်ညီမျှစေဖို့ အထောက်အပံ့ ဖြစ်စေပါတယ်။

(၂) သက်လုံကောင်းစေတယ်

Sexual Dysfunction
Photo : Verywell Health

အားကစား လုပ်သူတွေအနေနဲ့ စွမ်းအင်နဲ့ သက်လုံကို ထိန်းထားဖို့ ပရိုတင်း ဖြည့်စွက်စာတွေ မှီဝဲလေ့ ရှိကြပါတယ်။ ပရိုးတင်းဓာတ် ဟာ ခန္ဓာကိုယ်ရဲ့ စွမ်းအင်နဲ့ သက်လုံစွမ်းအားကို တိုးတက်ကောင်းမွန်စေဖို့ ကူညီပေးပါတယ်။ အိပ်ရာထဲမှာ စွမ်းဆောင်ရည် ကောင်းကောင်း ပြသနိုင်ဖို့ လုံလောက်တဲ့ စွမ်းအင်ပမာဏနဲ့ သက်လုံစွမ်းအားရှိဖို့ လိုအပ်ပါတယ်။

(၃) စိတ်ဖိစီးမှု ထိန်းညှိပေးတယ်

Sexual Dysfunction
Photo : LA Weekly

လိင်မှုဘဝ အရည်အသွေးကို ကျဆင်းစေတဲ့ အဓိက တရားခံကတော့ စိတ်ဖိစီးမှုတွေပါပဲ။ စိတ်ဖိစီးမှုဟာ လိင်မှုစွမ်းဆောင်ရည်ကို ကျဆင်းစေသလို လိင်တံ ကမောက်ကမဖြစ်မှု ပြဿနာလည်း ပိုတိုးစေနိုင်ပါတယ်။ ဒီအတွက် ဖြေရှင်းနိုင်မယ့် အာဟာရဓာတ်တစ်မျိုးဟာ ပရိုတင်းပါ။ ပရိုတင်းဓာတ် ဟာ အမျိုးသားတွေရော အမျိုးသမီးတွေမှာပါ ခန္ဓာကိုယ်မှာရှိတဲ့ စိတ်ဖိစီးမှုအဆင့်ကို ထိန်းညှိရာမှာ အထောက်အကူ ဖြစ်စေပြီး လိင်မှုဘဝအတွက် အနှောက်အယှက်ဖြစ်စေတဲ့ စိတ်ဖိစီးမှုတွေကို ဟန့်တားထိန်းညှိ ပေးနိုင်ပါတယ်။

(၄) လိင်စိတ်ဆန္ဒ တိုးစေတယ်

Sexual Dysfunction
Photo : VOI

Libido လို့ခေါ်တဲ့ လိင်စိတ်ဆန္ဒ တက်ကြွမှုဟာ လိင်မှုဘဝအတွက် အရေးပါဆုံး ဖြစ်ပါတယ်။ လေ့လာမှုတွေအရ ပရိုတင်းဓာတ် ပြည့်စုံလုံလောက်စွာ စားသုံးပေးသူတွေဟာ လိင်စိတ်ဆန္ဒ မြင့်မားကြပြီး ကျန်းမာတဲ့ လိင်မှုဘဝ ၊ ကျေနပ်ဖွယ် လိင်မှုစွမ်းဆောင်ရည်တွေကို ပိုင်ဆိုင်နိုင်ကြတယ်လို့ ဆိုပါတယ်။

(၅) လိင်တံ ကမောက်ကမဖြစ်မှု ပြဿနာတွေကို လျှော့ချပေးတယ်

Sexual Dysfunction
Photo : Op. Dr. Burçak Tok

လိင်တံ ကောင်းစွာ ထောင်မတ်နိုင်မှု မရှိခြင်း ၊ သုက်လွှတ်မြန်ခြင်း ၊ လိင်စိတ်နည်းပါးခြင်းစတဲ့ ပြဿနာတွေကို ပရိုတင်းဓာတ်ဟာ ဖြေရှင်းပေးနိုင်ပါတယ်။ လိင်မှုဘဝအတွက် ပရိုတင်းရဲ့ အကျိုးကျေးဇူးတွေမှာ သုက်လွှတ်ခြင်းဆိုင်ရာ ပြဿနာတွေ ၊ ဟော်မုန်းနဲ့ အခြားသော လိင်မှုဆိုင်ရာ ကမောက်ကမဖြစ်မှု လက္ခဏာတွေကို လျော့နည်းစေတာ ဖြစ်ပါတယ်။ ပရိုတင်းဓာတ် ပြည့်စုံမျှတစွာ စားသုံးခြင်းဟာ အမျိုးသားတွေမှာ ကြုံရနိုင်တဲ့ လိင်ပိုင်းဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းပေးပြီး လိင်မှုဘဝအရည်အသွေးကို တိုးတက်ကောင်းမွန်စေဖို့ ကူညီပေးနိုင်တာ ဖြစ်ပါတယ်။

Source : My Fit Brain

Featured Photo : Healthshots