ပုံမှန်အားဖြင့် ဆံပင်အတိုနဲ့ နေနေကျ အမျိုးသား တွေအတွက် ၂ လ ၃ လလောက် ဆံပင်မညှပ်ဘဲ ထားလိုက်တာနဲ့ Medium Length လို့ ခေါ်တဲ့ ၃/၄ လက်မလောက် ရှည်တဲ့ ဆံပင်တွေနဲ့ ဖြစ်နေကြမှာပါ။ ၅ လ ၆ လလောက်ကြာအောင် မညှပ်ဘဲ ထားရင်တော့ Shoulder-Length Style တွေနဲ့ ပုံစံသစ်တွေ ပြောင်းနေမှာ အမှန်ပါပဲ။
တစ်ခါမှ ဆံပင်အရှည် မထားဖူးသူတွေအတွက်တော့ Shoulder-Length အရှည် ဆံပင်ပုံစံတွေက တစ်မျိုး ဖြစ်ကောင်း ဖြစ်နိုင်ပေမယ့် ဒီဆံပင်ပုံစံတွေဟာ ယောကျာ်းတွေနဲ့ အလိုက်ဖက်ဆုံး Hairstyle ထဲမှာ ပါပါတယ်။ တကယ်လို့ ပခုံးဝဲရုံ ဆံပင်ရှည်ပုံစံ ထားချင်ရင် အိုင်ဒီယာ ယူနိုင်အောင် အကောင်းဆုံး Shoulder Length ဆံပင်ဒီဇိုင်း တစ်ချို့အကြောင်း လက်ဆင့်ကမ်းလိုက်ပါတယ်။
(၁) Chin Length Waves

Photo: machohairstyles
ရှေး ဂရိခေတ် သူရဲကောင်းတစ်ယောက်ရဲ့ စတိုင်မျိုးကို သဘောကျရင် ဒီဆံပင်ဒီဇိုင်းမျိုး ထားသင့်ပါတယ်။ နာမည်ကျော် Troy ကားမှာ မင်းသားကြီး ဘရက်ဒ်ပစ်ရဲ့ ဆံပင်ပုံစံမျိုးပါပဲ။ အနောက်ကို လှန်ထားပြီး ဆံပင်တွေကို ဆွဲချလိုက်ရင် မေးစေ့ကို အသာလေးဖုံးတဲ့အထိ ရှည်ပါတယ်။
(၂) Racy Waves

Photo: machohairstyles
လှိုင်းထတဲ့ ဆံပင်ပုံရှင်တွေအတွက် Hairstyle ပါ။ လှိုင်းပုံစံ Wave တွေ ထားရင် မိန်းကလေးပုံ ပေါက်မသွားဖို့တော့ လိုပါတယ်။ ဒီဆံပင်ပုံစံကလည်း ကုပ်ပိုးအထိ ကျပြီး ရှေ့ခြမ်းဆံပင်က မျက်နှာကို ကွပ်ထားသလို ရှည်လျားနေရမှာပါ။ ခေါင်းဝိုင်းတဲ့ အမျိုးသား တွေ ထားသင့်ပါတယ်။
(၃) Uneven Curl Pattern Hairstyle

Photo: machohairstyles
ဆံပင်အရှည်ထားတာဟာ အရိုင်းဆန်ပါတယ်။ Rocker တစ်ယောက်လို ကြမ်းတမ်းရှတတဲ့ ဒီဇိုင်းမျိုးလိုချင်ရင် Uneven Curl Pattern ဆံပင်ဒီဇိုင်းမျိုး ထားသင့်ပါတယ်။ ဒီဆံပင်ပုံစံက သဘာဝအတိုင်း ရှည်လျားလာတဲ့ ဆံပင်တွေကို ထိန်းသိမ်းထားရတာပါ။ ခန့်ညားမှုနဲ့ အရိုင်းဆန်မှု ရသနှစ်မျိုးစလုံးကို ပေးစွမ်းနိုင်တဲ့ ဆံပင်ပုံစံ ဖြစ်ပါတယ်။
(၄) The Semi Bun

Photo: machohairstyles
ဆံပင်ကို စည်းနှောင်ထားတဲ့ ဖက်ရှင်ဟာ အမျိုးသား ထုအကြားမှာ ရေပန်းစားပြီးသားပါ။ Semi Bun စတိုင်ကတော့ နောက်စေ့အထက်မှာ ဒီအတိုင်း ထုံးဖွဲ့ထားတာ ဖြစ်ပြီး ဘေးနှစ်ဖက်နဲ့ ခေါင်းအနောက်က ဆံပင်တွေကို သုံးပြီး စည်းတာမျိုး မလုပ်ပါဘူး။ ဆိုလိုတာက ခေါင်းပေါ်က ဆံပင်ရဲ့ သုံးပုံတစ်ပုံပဲ စည်းတာဖြစ်လို့ Semi Bun လို့ ခေါ်တာပါ။
(၅) Half up Pony Hairstyle

Photo: machohairstyles
ဆံပင်အတော်လေးရှည်ရင် ဒီ Hairstyle မျိုး ထားကြည့်သင့်ပါတယ်။ ဆံပင်တစ်ဝက်ကို ပိုနီတေးစတိုင် ခပ်လွယ်လွယ် စည်းထားတာပါ။ တစ်ဝက်က ပခုံးပေါ် ဒီအတိုင်း ပြေလျော့ကျနေအောင် ထားထားတာပါ။ လုပ်ငန်းခွင်တွေမှာ ဝင်နေသူတွေအတွက် ထားဖို့ မသင့်ပေမယ့် လွတ်လပ်ပြီး ကိုယ့်စတိုင်နဲ့ကိုယ် နေခွင့်ရတဲ့ လူငယ်တွေအတွက် ဒီလို ပိုနီတေးစတိုင်ကလည်း တစ်ခါလောက် ထားကြည့်သင့်တဲ့ Hairstyle ထဲမှာ ပါပါတယ်။
Featured Photo: The Jakarta Post
