လူတစ်ယောက်အတွက် အရေးကြီးတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေထဲမှာ မျိုးပွားအင်္ဂါ ကလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ယောကျာ်းလေးတွေအနေနဲ့ လူပျိုဖော်ဝင်ချိန်ကစပြီး လိင်အင်္ဂါနဲ့ ပတ်သတ်တဲ့ စူးစမ်းသိလိုစိတ်ဟာ မြင့်မားလာကြပါတယ်။ တစ်ခါတစ်လေမှာ မိမိရဲ့ လိင်အင်္ဂါနဲ့ ပတ်သတ်ပြီး မလုပ်သင့်တဲ့ အမှားတွေ ၊ စမ်းသပ်မှုတွေလည်း လုပ်မိတက်ကြပါတယ်။ တကယ်တော့  မျိုးပွားမှုဆိုင်ရာ လိင်အင်္ဂါ ဆိုတာဟာ အမျိုးသားတစ်ယောက်ရဲ့ ဘဝတစ်လျောက်လုံးအတွက် အရေးကြီးဆုံးဖြစ်တာကြောင့် မလုပ်သင့်တဲ့အရာတွေ ၊ ရှောင်ကြဉ်ရမယ့် အရာတွေကို သိထားဖို့ လိုပါတယ်။  အခုပြောပြပေးမှာကတော့ ကွီး တို့အနေနဲ့ မိမိရဲ့  အမျိုးသား လိင်အင်္ဂါနဲ့ ပတ်သတ်ပြီး လုံးဝမလုပ်သင့်တဲ့ အရာတွေပဲ ဖြစ်ပါတယ်။

(၁) ကွေးတာ / ချိုးတာမျိုး မလုပ်ပါနဲ့

Photo : Refinery29

အထူးသဖြင့် လိင်အင်္ဂါထောင်မတ်နေချိန်တွေမှာ မိမိရဲ့ လိင်အင်္ဂါကို ကွေးတာ / ချိုးတာမျိုး လုံးဝမလုပ်သင့်ပါဘူး။ လိင်တံကို ၃၀ ဒီဂရီထက်ပိုပြီး ကွေးညွှတ်အောင် ပြင်းပြင်းထန်ထန် ဖိအားပေးခြင်းဟာ လိင်တံကျိုးစေတဲ့အထိ အန္တရာယ်ကြီးပါတယ်။

(၂) လိင်တံကို မကိုက်ပါနဲ့

Photo : Cosmopolitan

ဆက်ဆံဖော်နဲ့ လိင်ဆက်ဆံချိန်မှာ လိင်တံကို သွားနဲ့ ကိုက်တာမျိုးကို အထူးရှောင်ကြဉ် သင့်ပါတယ်။ ဘာကြောင့်လဲဆိုရင် လိင်တံ အနီးတဝိုက်က အရေပြားဟာ အလွန်အမင်း ထိလွယ်ရှလွယ်တာကြောင့် အရေပြားပေါက်ပြဲသွားစေပြီး ရောဂါပိုးမွှားတွေ အလွယ်တကူ ဝင်ရောက်စေနိုင်လို့ပါ။

(၃) ရိုက်ပုတ်ခြင်း မလုပ်ပါနဲ့

Photo : Alodokter

သူငယ်ချင်းအချင်းချင်း စနောက်ပြီး လိင်အင်္ဂါကို ရိုက်ပုတ်တာမျိုး ယောကျာ်းလေးအများစု လုပ်မိတက်ကြပါတယ်။ ဒါဟာ အရမ်းကို အန္တရာယ်များတဲ့ စနောက်ခြင်းမျိုး ဖြစ်ပါတယ်။ အမျိုးသားတွေရဲ့ ဝှေးစေ့တွေဟာ အထိခိုက်မခံတဲ့အတွက် ပြင်းထန်တဲ့ နာကျင်မှုမျိုး ခံစားရစေနိုင်ပြီး အခန့်မသင့်ရင် အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိ အခြေအနေ ဆိုးနိုင်ပါတယ်။

(၄) လိင်တံကို ပြင်းထန်တဲ့ ပွတ်တိုက်ခြင်းမျိုး မလုပ်ပါနဲ့

Photo : PHOENIX

လိင်တံကို ပြင်းပြင်းထန်ထန် ပွတ်တိုက်ခြင်း ၊ ဆွဲဆန့်ခြင်းတွေကိုလည်း အထူးရှောင်ကြဉ် ရမှာဖြစ်ပါတယ်။ မလိုအပ်ပဲ လိင်တံကို အားပြင်းပြင်းနဲ့ ပွတ်တိုက်ခြင်းဟာ လိင်တံအရေပြားကို လောင်စေပြီး အပူလောင်အနာမျိုး ဖြစ်စေနိုင်ပါတယ်။

(၅) သန့်စင်ဆေးတွေနဲ့ ဆေးကြောတာမျိုး မလုပ်ပါနဲ့

Photo : MENSOPEDIA

လိင်အင်္ဂါအတွက် သီးသန့်ထုတ်ထားတဲ့ သန့်စင်ဆေးမျိုးမဟုတ်ပဲ ကြုံရာအိမ်သုံး သန့်စင်ဆေးတွေ ၊ အပြင်းစား ဆပ်ပြာတွေနဲ့ ဆေးကြောသန့်စင်တာမျိုး လုံးဝမလုပ်သင့်ပါဘူး။ လိင်တံအရေပြားဟာ နုနယ်တဲ့အတွက် အပြင်းစား သန့်စင်ဆေးတွေဟာ အန္တရာယ်ရှိ နိုင်ပါတယ်။ အကောင်းဆုံးကတော့ ရိုးရိုးရေနဲ့ ဆေးကြောသန့်စင်ပေးရင်ပဲ လုံလောက်ပါပြီ။

Featured Photo : SMSNA