လူတိုင်းလူတိုင်းသည် ကိုယ် နေထိုင်တဲ့ ကိုယ့်ရဲ့နေအိမ်အပြင်အဆင်ကို ခမ်းခမ်းနားနားနဲ့ တင့်တယ်လှပချင်သူတွေချည်းပါပဲ။ ဒီလိုမျိုး ခမ်းနားလှပတဲ့ အိမ်မျိုး ပိုင်ဆိုင်ချင်တယ်ဆိုရင် ကွီးတို့ရဲ့အိမ်ကို အရည်အသွေးကောင်းမွန်တဲ့ ပစ္စည်းများနဲ့ မွမ်းမံပြင်ဆင်ထားရမှာဖြစ်ပါတယ်။ အိမ်သုံးပစ္စည်းများကို ရွေးချယ်တဲ့အခါမှာလည်း အရည်အသွေး အကောင်းတကာ့ အကောင်းဆုံးဆိုတဲ့ Luxury အိမ်သုံးပစ္စည်း များကို ရွေးချယ်သင့်ပါတယ်။
ကွီး တို့အနေနဲ့ ဘယ်လိုမျိုး အရည်အသွေး ကောင်းပြီး Luxury ဆန်တဲ့ အိမ်သုံးပစ္စည်း များကို ဝယ်ယူရမလဲ စဉ်းစားရကြပ်နေတယ်ဆိုရင်တော့ ဒီဆောင်းပါးလေးက ကူညီပေးပါလိမ့်မယ်။ ဒီဆောင်းပါးလေးမှာ ကမ္ဘာ့နာမည်အကြီးဆုံး ဘရန်းတံဆိပ်တွေဖြစ်တဲ့ Dior အစ Versace အလယ် Saint Laurent အဆုံး အားလုံးရှိပါတယ်။
Dior

Dior သည် တဖြည်းဖြည်းနဲ့ စီးပွားရေး ချဲ့ထွင်လာခဲ့ရာ အခုဆိုရင် အရည်အသွေး ကောင်းတဲ့ Luxury အိမ်သုံးပစ္စည်း များကိုပါ ထုတ်လုပ်လာခဲ့ပြန်ပြီ။ စတင်ထုတ်လုပ်ခဲ့တာကတော့ ၂၀၁၉ ခုနှစ်လောက်က ဖြစ်ပါတယ်။
ကြွေထည်ပစ္စည်းများ၊ ဖန်ထည်ပစ္စည်းများအပြင် လှပတဲ့ ပန်းကန်ခွက်ယောက်များကိုပါ ထုတ်လုပ်ရောင်းချလိုက်ရှိပါတယ်။
Saint Laurent

Saint Laurent ရဲ့ ကျားသစ်ကွက်ပုံစံ ပန်းကန်ပြား Set လိုက်သည်လည်း နာမည်ကြီးပါတယ်။
Gucci

အိမ်တွင်းအလှဆင်ခြင်း အသုံးအဆောင်ပစ္စည်းများကို ၂၀၁၇ ခုနှစ်က စတင်ထုတ်လုပ်ရောင်းချခဲ့တာဖြစ်ပါတယ်။ Luxury ဆန်တဲ့ အိမ်တွင်းအပြင်အဆင်များ၊ စားပွဲခုံများ၊ ကူရှင်များအပြင် ဆက်တီခုံများ၊ ဆိုဖာများကိုလည်း ထုတ်လုပ်ရောင်းချလျက်ရှိပါတယ်။
Diane von Furstenberg x H&M Home

၂၀၂၁ နွေဦးရာသီနှင့် နွေရာသီတုန်းက Diane von Furstenberg နှင့် H&M တို့ ပူးပေါင်းကာ ပန်းအိုးများ၊ ကူရှင်အစွပ်များ၊ စောင်များ၊ ရနံ့မွှေးပျံ့သော ဖယောင်းတိုင်များ စသည်တို့ ထုတ်လုပ်ရောင်းချလျက်ရှိပါတယ်။
မြင်ကျားနဲ့ ကျားသစ်သားရေတို့ကတော့ အရောင်းရဆုံးဒီဇိုင်းတွေပဲဖြစ်ပါတယ်။
Fendi Casa

အိမ်ခန်းအတွင်းပိုင်းအပြင်အဆင် အလှဆင်ခြင်းနဲ့ပတ်သက်လာရင်တော့ Fendi Casa က နာမည်ကြီးပါပဲ။ ဒီကုမ္ပဏီကတော့ အိမ်ခန်းအပြင်အဆင်အစ၊ မွေ့ယာအလယ်၊ မီးဖိုချောင်သုံးပစ္စည်းများအဆုံး အစ အလယ် အဆုံး ပြင်ဆင်ပေးပါတယ်။
Louis Vuitton

LV ည် ၂၀၁၂ ခုနှစ်ကတည်းက နာမည်ကြီးဒီဇိုင်နာများကို ဖိတ်ခေါ်ကာ လှပသော အိမ်ထောင်ပရိဘောဂအသုံးအဆောင်ပစ္စည်းများကို ဒီဇိုင်းရေးဆွဲစေပြီး ထုတ်လုပ်ရောင်းချစေခဲ့ပါတယ်။
Versace

အခုမြင်တွေ့နေရတဲ့ အရည်အသွေး ကောင်းပြီး Luxury ဆန်တဲ့ အိမ်သုံးပစ္စည်း လေးကတော့ Versace က ထုတ်ထာပဲဖြစ်ပါတယ်။

ဒီလိုခမ်းနားလှပတဲ့ ကူရှင်များ၊ အိပ်ရာခင်းအထည်များကိုလည်း ဝယ်ယူနိုင်ပါသေးတယ်။
Hermès

Hermès သည်လည်း အိမ်သုံးပန်းကန်ပြာများ၊ ထိုင်ခုံ၊ ကူရှင်၊ စောင် စသည်တို့ကို အရည်အသွေးကောင်းကောင်းနဲ့ ဝယ်ယူရရှိနိုင်အောင် ထုတ်လုပ်ရောင်းချလျက်ရှိပါတယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ Board Games တွေကိုလည်း ဒီဇိုင်းအမိုက်စားဖြင့် ရွေးဆွဲထားကာ ရောင်းချလျက်ရှိပါတယ်။
ကမ္ဘာကျော် ဒီဇိုင်နာဘရန်းတွေရဲ့ စီးပွားရေးလာဘ်မြင်ချက်ကတော့ တကယ့်ကို ကြောက်ခမန်းလိလိပါပဲ။
ကွီးတို့ရော ကိုယ့်ရဲ့ နေအိမ်မှာ ဘယ်လိုမျိုး အရည်အသွေး ကောင်းတဲ့ Luxury အိမ်သုံးပစ္စည်း များနဲ့ အလှဆင်ချင်ပါသလဲ။
Source: Lofficielusa
Featured Image: Decorilla
 
											
				 
									 
	 
	 
	 
	 
	 
	