ကွီးတို့ အလုပ်များတဲ့ရက်တွေ အိမ်မှာ ချက်ဖို့ ပြုတ်ဖို့ မအားတဲ့ရက်တွေမှာ ဘယ်လိုနည်းလမ်းနဲ့ ဗိုက်ဖြည့်ကြလေ့ရှိပါသလဲ။ အချို့က အပြင်စားသောက်ဆိုင်က ထမင်းကြော် ၊ ခေါက်ဆွဲကြော်၊ ကြာဇံကြော် စတာတွေ ဝယ်စားလေ့ရှိပြီး အချို့ကတော့ အရသာ ရှိတဲ့ Fast-Food စားသောက်ဆိုင်က အသင့်စား အစားအစာတွေကို မှာစားလေ့ရှိကြပါတယ်။

ကွီးတို့ရော ဘယ်လိုအစားအစာမျိုးကို ဝယ်စားလေ့ရှိပါသလဲ။ ကမ္ဘာပေါ်မှာ နာမည်အကြီးဆုံး နဲ့ အရသာ အရှိဆုံး Fast-Food အစားအစာများနှင့် စားသောက်ဆိုင်များသည် အများအပြားရှိပါတယ်။ ထိုထဲကမှ လူကြိုက်အများဆုံးနဲ့ ရောင်းရအကောင်းဆုံး စားသောက်ဆိုင်များကတော့ …

McDonald’s

McDonald’s

Photo: Food Advisor Singapore

ဒီဆိုင်ကတော့ နံပါတ် (၁) လူကြိုက်အများဆုံး ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ McDonald’s ဆိုင်ပေါင်း ၁၈၇၁၀ ဆိုင် ရှိပါတယ်။ အမေရိကန်နိုင်ငံရဲ့ အကြီးဆုံးနဲ့ အရသာ အရှိဆုံး Fast-Food အစားအစားတစ်မျိုးပဲ ဖြစ်ပါတယ်။

KFC

KFC

Photo: Jon to the World Blog

ဒုတိယနာမည်အကြီးဆုံး အသင့်စား စားသောက်ဆိုင်ကတော့ KFC ပဲဖြစ်ပါတယ်။ ထိုဆိုင်ကတော့ ဆိုင်ခွဲပေါင်း ၁၁၇၉၈ ဆိုင်ရှိပါတယ်။ မြန်မာနိုင်ငံတွင်းမှာလည်း KFC ဆိုင်ခွဲများ အများအပြားရှိတာကြောင့် ဒီက Foodies လေးတွေနဲ့လည်း မစိမ်းတဲ့ အစားအစာတစ်ခုဖြစ်ပါတယ်။

Subway

အရသာ Fast-Food

Photo: Green Queen

တတိယပေါ်ပြူလာအဖြစ်ဆုံး အသင့်စား စားသောက်ဆိုင်ကတော့ Subway ဖြစ်ပါတယ်။ နိုင်ငံပေါင်း ၁၀၀ မှာ ဆိုင်ခွဲအများအပြားဖွင့်လှစ်ထားပြီး သူ့ဆီက ရောင်းချတဲ့အစားအစာများကတော့ အရသာရှိပြီး စားလို့အင်မတန်ကောင်းတဲ့ Fast-Food အစားအစာတွေပဲဖြစ်ပါတယ်။

Pizza Hut

အရသာ Fast-Food

Photo: Alamanda Shopping Centre

ပီဇာချစ်သူတွေအတွက်တော့ Pizza Hut ဆိုင်လေးနဲ့ အထူးတလည် မိတ်ဆက်ပေးစရာလိုမယ် မထင်ပါဘူး။ မြန်မာနိုင်ငံထဲမှာလည်း Pizza Hut ဆိုင်ခွဲများ အများအပြားရှိပြီး ပရိုမိုးရှင်းအစီအစဉ်များကလည်း အမြဲဆိုသလို ပြုလုပ်ပေးနေတာကြောင့် လူကြိုက်များပါတယ်။

Starbucks

အရသာ Fast-Food

Photo: Downtown East

ကမ္ဘာ့နာမည်အကြီးဆုံးနဲ့ အရသာအရှိဆုံး Fast-Food အစားအစာနှင့် ကော်ဖီဆိုင်လေးပဲဖြစ်ပါတယ်။ နိုင်ငံပေါင်း ၅၀ မှာ ဆိုင်အများအပြားဖွင့်လှစ်ထားပြီး ကော်ဖီချစ်သူများအတွက် နိဗ္ဗာန်ဘုံတစ်ခုလိုပါပဲ။

ကွီးတို့ရော အခုဖော်ပြသွားတဲ့ အရသာအရှိဆုံး Fast-Food အစားအစာများထဲက ဘယ်အစားအစာကို အကြိုက်ဆုံးလဲ။

Source: Forbes

Featured Image: iHeart