Motorola ကတော့ Generations ၂ ဆက်ခန့် ခုန်ကျော်ပြီးနောက် ပထမဆုံး Device အသစ်အဖြစ် Moto G4x စီးရီးကို အိန္ဒိယနိုင်ငံမှာ စတင်မိတ်ဆက် လိုက်ပါတယ်။ 5G ချိတ်ဆက်မှု အသုံးပြုနိုင်တဲ့ Chipset တပ်ဆင်ပေးထားပြီး အရောင်တောက်တောက် ကာလာ ၃ မျိုး ရွေးချယ်နိုင်မှာဖြစ်တဲ့ Moto G45 စမတ်ဖုန်း ကို ဒေါ်လာ ၁၅၀ ဝန်းကျင်ခန့်ကနေ စတင်ပြီး ဈေးနှုန်းသတ်မှတ်ပေးထားပါတယ်။

Moto G45

Photo : GSMArena.com

ဈေးသင့်ပြီး စွမ်းဆောင်ရည်မြင့်တဲ့ Moto G45 စမတ်ဖုန်းမှာ Snapdragon 6s Gen 3 Chipset မောင်းနှင်ပေးထားတာ ဖြစ်ပြီး ဒါဟာ Moto G85 မှာ အသုံးပြုထားတဲ့ Chipset နဲ့ အတူတူပဲ ဖြစ်ပါတယ်။ RAM အနေနဲ့တော့ 4 GB RAM နဲ့ 8 GB RAM ၂ မျိုး ရွေးချယ်စရာ ပေးထားပြီး Storage 128 GB နဲ့ microSD Card ထပ်စိုက်နိုင်တဲ့ Hybrid Slot တစ်ခုလည်း ပါဝင်ပါတယ်။

မျက်နှာပြင်ပိုင်းမှာတော့ ၆.၅ လက်မ HD+ Resolution LCD တပ်ဆင်ပေးထားပြီး 120 Hz Refresh Rate ထောက်ပံ့ပေးထားပါတယ်။ အရှေ့ဘက် မျက်နှာပြင်ကို Gorilla Glass 3 ဖုံးအုပ်ပေးထားပြီး 16 MP ဆယ်လ်ဖီ ကင်မရာ ထည့်သွင်းပေးထားတဲ့ Punch Hole ၁ ခု ပါပါတယ်။ ကျောဘက်မှာတော့ f/1.8 Aperture ပါတဲ့ 50 MP Main ကင်မရာ ၁ လုံးနဲ့အတူ 2 MP Macro Sensor ၁ လုံး တွဲဖက် တပ်ဆင်ပေးထားပါတယ်။

Moto G45

Photo : GSMArena.com

Moto G45 စမတ်ဖုန်းရဲ့ အဓိက ထူးခြားဆုံး အချက်တစ်ခုမှာ အရောင်တောက်တောက် ကာလာအသုံးပြုမှု အပိုင်း ဖြစ်ပါတယ်။ Motorola အနေနဲ့ Pantone နဲ့ တဖန်ပူးပေါင်းပြီး Moto G45 စမတ်ဖုန်းကို Brilliant Blue ၊ Brilliant Green နဲ့ Viva Magenta ဆိုပြီး အရောင်သွေးစုံလင်လှတဲ့ ရွေးချယ်စရာ ကာလာ ၃ မျိုးကို ထုတ်ပေးထားတာ ဖြစ်ပါတယ်။

အဆိုပါ Options ၃ မျိုးလုံးရဲ့ ကျောဘက်မှာ Vegan Leather ကို အသုံးပြုပေးထားပြီး Panel ရဲ့အောက်မှာ NFC ပါရှိပါတယ်။ ဘက်ထရီအနေနဲ့တော့ 5,000 mAh ဘက်ထရီကို တပ်ဆင်ပေးထားပြီး 20W TurboPower Charger ပါ ထည့်ပေးထားပါတယ်။ Software ပိုင်းမှာ Android 14 ကို အသုံးပြုပေးထားပြီး FM Radio နဲ့ 3.5 mm နားကြပ်ပေါက်လည်း ပါပါတယ်။

Moto G45

Photo : GSMArena.com

Moto G45 ရဲ့ ဈေးနှုန်းကတော့ 4/128 GB ဗားရှင်းအတွက် ရူပီး ၁၀,၉၉၉ ( ဒေါ်လာ ၁၃၀ / ယူရို ၁၁၇ ) နဲ့ 8/128 GB မော်ဒယ်အတွက်ကိုတော့ ရူပီး ၁၂,၉၉၉ ( ဒေါ်လာ ၁၅၅ / ယူရို ၁၄၀ ) ခန့် ကျသင့်မှာ ဖြစ်ပြီး လာမယ့် သြဂုတ်လ ၂၈ ရက်နေ့ကစတင်ကာ Flipkart နဲ့ Motorola India ဝက်ဘ်ဆိုဒ်တွေကနေတဆင့် ဈေးရောင်းပေးသွားမယ်လို့ သိရပါတယ်။

Source : GSMArena.com

Featured Photo : Business Today