ကွီးတို့လည်း တစ်နေကုန် အလုပ်စားပွဲမှာ ထိုင်ပြီး အလုပ်လုပ်နေရတာ စိတ်ကျဥ်းကြပ်ပြီး စိတ်ဖိစီးမှုတွေ များနေမှာပါပဲ။ ကွီးတို့ စိတ်ဖိစီးမှုတွေကို ပြေပျောက်စေမယ့် နည်းလမ်းကောင်းတစ်ခု ရှိပါတယ်။ ထိုနည်းလမ်းကတော့ ကွီးတို့ အလုပ် စားပွဲ ပေါ်မှာ ဥယျာဥ် ငယ်တစ်ခု ဖန်တီးလိုက်ခြင်းပါပဲ။

ထွေထွေထူးထူး လုပ်နေစရာလည်း မလိုအပ်ပါဘူး။ အခုဖော်ပြပေးမယ့် ပစ္စည်းတွေ ရှိရုံနဲ့တင် ကွီးတို့ အလုပ်စားပွဲပေါ်မှာ မီနီ ဥယျာဥ်ငယ်လေးတစ်ခု ဖန်တီးနိုင်ပါပြီ။

လိုအပ်မယ့် ပစ္စည်းများ

mini zen garden

  • သေတ္တာငယ် တစ်လုံး (သို့) ပုံးခပ်သေးသေး တစ်ပုံး
  • သဲ အနည်းငယ်
  • အိမ်တွင်း အပင်ငယ် တစ်ခု
  • ကျောက်စရစ်ခဲ အနည်းငယ်
  • ထွန်ခြစ်ခပ်သေးသေးတစ်ခု

အိမ်တွင်း အပင်ငယ်ကို ရွေးချယ်တဲ့အခါ ရေအများကြီး လောင်းစရာမလိုတဲ့ အပင်များ၊ မြေဆီလွှာ အများကြီး ထည့်စရာမလိုတဲ့ အပင်မျိုးဆို ပိုအဆင်ပြေပါလိမ့်မယ်။ တစ်ပတ်မှာ တစ်ရက်လောက် ရေလောင်းလိုက်ရုံနဲ့တင် ကွီးတို့ အပင်ငယ်က ကောင်းကောင်းကြီး ရှင်သန်နိုင်ပါတယ်။

ပြုလုပ်ရမယ့် အဆင့်ဆင့်

အလုပ် စားပွဲ ဥယျာဥ်

(၁) ပြုလုပ်နည်းတွေကတော့ လွယ်ကူပါတယ်။ အရင်ဦးဆုံး ပစ္စည်းတွေကို စုဆောင်းထားလိုက်ပါ။

(၂) ထို့နောက် ကွီးတို့ ရွေးချယ်ထားတဲ့ ပုံးငယ် (သို့) သေတ္တာငယ် တစ်လုံးထဲတွင် သဲတွဗ ထည့်လိုက်ပါ။

(၃) ကွီးတို့ ရွေးချယ်ထားတဲ့ အပင်ငယ်လေးကိုလည်း ထိုသေတ္တာပုံးငယ်လေးထဲ တစ်ခါတည်း ထည့်လိုက်ပါ။

(၄) ထို့နောက် ကျောက်စရစ်ခဲလေးများနဲ့ အထာကျကျ အလှဆင်လိုက်ရုံပါပဲ။

(၅) နောက်တစ်ဆင့်အနေနဲ့ ထွန်ခြစ်ငယ်တစ်ခုပါ ထပ်ထည့်ပြီး သဲပေါ်တွင် လိုင်းများ ရေးဆွဲနိုင်ပါတယ်။ ဒီလိုမျိုး ပြုလုပ်ခြင်းက ကွီးတို့ရဲ့ စိတ်ဖိစီးမှုများကို တစ်နည်းတစ်ဖုံ လျော့ချပေးနိုင်ပါတယ်။

ဒါဆိုရင်တော့ ကွီးတို့ အလုပ် စားပွဲ မှာ စိတ်အပန်းပြေစေမယ့် ဥယျာဥ် ငယ်တစ်ခု ရရှိသွားပြီပဲ ဖြစ်ပါတယ်။ ပုံးထဲက အပင်ငယ်ကလည်း အကြမ်းပတမ်း အထားခံတဲ့အတွက်ကြောင့် တယုတယကြီး ဂရုစိုက်နေစရာ မလိုပါဘူး။

အလုပ် စားပွဲ ဥယျာဥ်

လေးထောင့် ပုံစံငယ်လေးတွေကို မကြိုက်ဘူးဆိုရင်လည်း အဝိုင်းပုံစံငယ်လေးတွေနဲ့ ပြောင်းလဲကာ ပြင်ဆင်နိုင်ပါသေးတယ်။

အလုပ်လုပ်နေရင်း ပျင်းသွားရင်ပဲဖြစ်ဖြစ်၊ အိုင်ဒီယာတွေ ကုန်ခမ်းသွားရင်ပဲဖြစ်ဖြစ် ထွန်ခြစ်လေးနဲ့ သဲပေါ်မှာ လျှောက်ခြစ်ရင်း အိုင်ဒီယာအသစ်တွေကို ထပ်စဥ်းစားနိုင်ပါတယ်။

Source: Seevanessacraft

Featured Image: Ubuy.com.sg