စိတ်ကျန်းမာရေးနှင့် ကိုယ်ခန္ဓာကျန်းမာရေးသည် အမြဲတမ်း ဒွန်တွဲနေတာဖြစ်ပါတယ်။ သို့သော်သင်သည် စီးပွားရေး လုပ်ကိုင်နေရတဲ့ အလုပ်များသောလုပ်ငန်းရှင်တစ်ယောက်ဖြစ်တဲ့အခါ နှစ်ခုစလုံးကို ဟန်ချက်ညီအောင် ထိန်းဖို့ခက်ပါတယ်။

ဒါဆိုရင် အောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအားလုံး စိတ်ကျန်းမာရေးကောင်းနေနှင့် ကိုယ်ခန္ဓာကျန်းမာရေး ချို့တဲ့နေမယ် (သို့) ကိုယ်ကျန်းမာရေး ကောင်းနေရင် စိတ်ကျန်းမာရေး ချို့တဲ့နေမှာပေါ့။

အောင်မြင်နေတဲ့ စီးပွားရေးသမားတွေအတွက် ကိုယ်ခန္ဓာကျန်းမာရေးသည်လည်း အရေးကြီးသလို စိတ်ကျန်းမာရေးကိုလည်း ပစ်ပယ်ထားလို့မရပါဘူး။ အောင်မြင်နေတဲ့သူတွေ ထိုအရာနှစ်ခုကို ဟန်ချက်ညီအောင် ဘယ်လိုကျင့်ကြံကြသလဲဆိုတော့ …

အိပ်ရေးဝဝ အိပ်စက်ဖို့ကြိုးစားပါ

How Business Owners Can Maintain Their Physical Well-Being And Energy

အိပ်ရေးဝဝ အိပ်စက်ခြင်းသည် ကိုယ်ရောစိတ်ပါ ကျန်းမာလန်းဆန်းစေပြီး လုပ်ဆောင်ရမယ့်ကိစ္စများအားလုံးကို အာရုံအပြည့်စူးစိုက်နိုင်အောင် ကူညီပေးပါတယ်။ တစ်နေ့လျှင် ၇ နာရီမှ ၈ နာရီအတွင်း အိပ်ရေးဝဝ အိပ်စက်နိုင်အောင် ကြိုးစားဖို့လိုအပ်ပါတယ်။

လေ့ကျင့်ခန်း နေ့စဉ်ပြုလုပ်ပါ

How Business Owners Can Maintain Their Physical Well-Being And Energy

အိမ်ထဲမှာ လေ့ကျင့်ခန်းပြုလုပ်တာထက် မနက်ခင်းရဲ့ နေရောင်ခြည်ဓာတ်ကို ရယူကာ လေ့ကျင့်ခန်းပြုလုပ်ခြင်းသည် ကိုယ်ခန္ဓာကျန်းမာရေးအတွက်သာမက စိတ်ကျန်းမာရေးအတွက်လည်း အထောက်အပံ့ဖြစ်စေပါတယ်။

အသက်ရှူလေ့ကျင့်ခန်း ပြုလုပ်ပါ

How Business Owners Can Maintain Their Physical Well-Being And Energy

ဒီလေ့ကျင့်ခန်းကတော့ မိမိစိတ်ကို တည်ငြိမ်အေးချမ်းစေပြီး စိတ်ဖိစီးမှုများ ကင်းဝေးအောင် ကူညီပေးနိုင်ပါတယ်။ အသက်ရှူလေ့ကျင့်ခန်းပြုလုပ်နေစဉ်မှာ တခြားဘယ်အကြောင်းအရာကိုမှ မတွေ့မိအောင် ကြိုးစားဖို့လိုအပ်ပါတယ်။

မိမိရဲ့ တိုးတက်မှုကို ပြန်လည်ဆန်းစစ်ပါ

How Business Owners Can Maintain Their Physical Well-Being And Energy

မနေ့ကနဲ့ ဒီနေ့နဲ့ ဘာတွေကွာခြားသွားသလဲ။ အရင်လနဲ့ ဒီလကိုလည်း နှိုင်းယှဉ်ကြည့်တဲ့အခါ တိုးတက်မှုနှုန်းဘယ်လောက်ရှိသလဲ စတာတွေကို ပြန်လည်ဆန်းစစ်ကြည့်ပါ။ ထို့နောက် မိမိရဲ့ တိုးတက်အောင်မြင်မှုကို ပြန်လည်သုံးသပ်ပြီး စိတ်ဓာတ်ခွန်အားရယူလိုက်ပါ။

မိမိရဲ့အချိန်ကို ကာကွယ်ပါ

How Business Owners Can Maintain Their Physical Well-Being And Energy

ကိုယ့်ရဲ့အလုပ်လုပ်မယ့်အချိန်နဲ့ အနားယူမယ့်အချိန်ကို သေသေချာချာသတ်မှတ်ထားပါ။ အလုပ်လုပ်မယ့်အချိန်မှာ သေချာအာရုံစူးစိုက်သလိုမျိုးပဲ အနားယူမယ့်အချိန်မှာလည်း ပြည့်ပြည့်ဝဝအနားယူဖို့လိုအပ်ပါလိမ့်မယ်။ ဒါမှသာ စိတ်ဖိစီးမှုကင်းဝေးပြီး အောင်မြင်ရတဲ့ဘဝကို ပိုင်ဆိုင်နိုင်မှာပါ။

နေ့လည်နေ့ခင်း တရေးအိပ်ပါ

How Business Owners Can Maintain Their Physical Well-Being And Energy

တရေးအိပ်ဖို့အချိန်မရှိဘူးဆိုပြီး မပြောပါနဲ့။ ၅ မိနစ်၊ ၁၀ မိနစ်ခန့် မျက်လုံးလေး မှိတ်ထားပြီး အနားပေးခြင်းသည်လည်း စွမ်းအင်ပြန်လည်ပြည့်ဝလာအောင် ကူညီပေးပါတယ်။ နေ့လည်နေ့ခင်းမှာ နာရီဝက်လောက် အနားယူနိုင်ရင်တော့ အကောင်းဆုံးပဲပေါ့။

ဒီအချက်လေးတွေသည် အလုပ်များတဲ့ စီးပွားရေးလုပ်ငန်းရှင်များက သူတို့ရဲ့စိတ်ကျန်းမာရေးနဲ့ ကိုယ်ကျန်းမာရေးအတွက် ကျင့်သုံးလေ့ရှိကြတဲ့ နည်းလမ်းကောင်းတွေပဲဖြစ်ပါတယ်။

Source: Forbes.com

Featured Image: Tribune