အမျိုးသားများရဲ့ အသွင်အပြင်ကို တစ်ဆင့်မြှင့်အောင် စွမ်းဆောင်ပေးနိုင်တဲ့ အရာတွေထဲမှာ ဝတ်စားဆင်ယင်မှုအပြင် အသုံးအဆောင်တွေကလည်း အပါအဝင်ဖြစ်ပါတယ်။ ဒီအသုံးအဆောင်များထဲမှာ ယောက်ျားသားတို့အတွက် ကျိန်းသေရှိသင့်တာကတော့ လက်ပတ်နာရီ ကောင်းကောင်းတစ်လုံးပါပဲ။ လက်ပတ်နာရီတွေက အသုံးအဆောင်တစ်ခုထက်ပိုပြီး ကိုယ့်ရဲ့ အသွင်အပြင်နဲ့ ကိုယ်ရည်ကိုယ်သွေးကိုပါ မြင့်တင်ပေးနိုင်တဲ့ အလေးနက်ဆုံးသော အရာ တစ်ခုပါ။ ဒီဆောင်းပါးလေးမှာတော့ ကွီးတို့အတွက် ဒေါ်လာ ၃၀၀ အောက် အကောင်းဆုံး လက်ပတ်နာရီများကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။
Seiko “Fifty Fathoms” SNZH Watch

Photo : Drop
ကွီးတို့ကို ပထမဆုံးဖော်ပြပေးချင်တာကတော့ ဒေါ်လာ ၃၀၀ အောက် အမျိုးသားဝတ်နာရီများထဲက အကောင်းဆုံး တစ်လုံးဖြစ်တဲ့ Seiko “Fifty Fathoms” SNZH Watch ပဲ ဖြစ်ပါတယ်။ လုပ်ငန်းခွင် ဝင်ရောက်နေသော အမျိုးသားများအတွက် နေ့စဉ်ဝတ်ဆင်နိုင်ပြီး သက်တောင့်သက်သာ ရှိစေပါတယ်။ သူ့ရဲ့ ဒီဇိုင်း ရိုးရှင်းပြီး ကွီးတို့ရဲ့ အသွင်အပြင်ကို လေးနက်အောင် ထောက်ပံ့ပေးနိုင်ပါတယ်။ ဒါ့အပြင် ရေဒဏ်ကို ၁၀၀ မီတာ (၃၃၀ ပေ) အထိခံနိုင်ပါတယ်။ ၎င်းမှာ ရွေးချယ်စရာ အရောင်တွေလည်း ရှိတာကြောင့် ကွီးတို့ စိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်။
Seiko SNA Flight Alarm Chronograph Watch

Photo : Drop
ကွီးတို့အနေနဲ့ ပုံစံဆန်းတဲ့ အမိုက်စား ဒီဇိုင်းနဲ့ နာရီကို ရှာနေပါသလား။ ဒါဆိုရင် Seiko ထဲကပဲ Seiko SNA Flight Alarm Chronograph Watch ရှိပါတယ်။ ၎င်းကို Daily Wear အနေနဲ့ ဝတ်ဆင်နိုင်သလို ပွဲအခန်းအနားတွေမှာ ဝတ်ဆင်ဖို့လည်း သင့်တော်ပါတယ်။ ရေဒဏ်ကို ၂၀၀ မီတာ (၆၆၀ ပေ) အထိခံနိုင်ပါတယ်။ ၎င်းမှာ လက်ပတ်ကြိုးကို ရွှေရောင်နဲ့ ငွေရောင် နှစ်မျိုးရွေးချယ်စရာ ရှိပါတယ်။
Orient Symphony Gen II Automatic Watch

Photo : Drop
ရိုးရိုးရှင်းရှင်းနဲ့ လူငယ်ဆန်တဲ့ နာရီကောင်းကောင်း တစ်လုံးကို ရှာနေတယ်ဆိုရင်တော့ Orient Symphony Gen II Automatic Watch ရှိပါတယ်။ ဒိုက်ခွက်အရောင်က အဖြူနဲ့ အမဲ နှစ်ရောင်ရှိတဲ့ အတွက် ကွီးတို့ ကြိုက်နှစ်သက်ရာကို ရွေးချယ်နိုင်ပါတယ်။ ရေဒဏ်ကို ၅၀ မီတာ (၁၆၄) ပေအထိ ခံနိုင်ပါတယ်။ ပေါ့ပေါ့ပါးပါး ဝတ်ဆင်ဖို့အတွက်လည်း ဒီကောင်လေးက အဆင်ပြေပါတယ်။
Orient Mako II Automatic Watch

Photo : Drop
ခိုင်မာသော တည်ဆောက်မှုပုံစံ၊ ရိုးရှင်းသော ဒီဇိုင်းနဲ့ Orient Mako II Automatic Watch ကလည်း ဒေါ်လာ ၃၀၀ အောက် ရွေးချယ်စရာ အကောင်းဆုံးများထဲက တစ်ခုပါပဲ။ ၎င်းမှာ ရွေးချယ်စရာ အရောင်တွေ စုံလင်ကြောင့် ကွီးတို့ များသောအားဖြင့် ဝတ်ဆင်လေ့ရှိတဲ့ ဝတ်စားဆင်ယင်မှုပုံစံကို လိုက်ပြီး ရွေးချယ်နိုင်ပါတယ်။ ရေဒဏ်ကို ၂၀၀ မီတာ (၆၆၀ ပေ) အထိခံနိုင်ပါတယ်။
Bertucci DX3 Plus Performance Field Watch

Photo : Drop
ခပ်မိုက်မိုက် ဒီဇိုင်းလေးနဲ့ ကွီးတို့ သဘောကျမှာ သေချာတဲ့ Bertucci DX3 Plus Performance Field Watch လက်ပတ်နာရီကလည်း ဒေါ်လာ ၃၀၀ အောက် အကောင်းဆုံးနာရီများထဲက တစ်ခု ဖြစ်ပါတယ်။ ၎င်းမှာ လက်ပတ်ကြိုး အရောင် ၃ ရောင် ထွက်ရှိပါတယ်။ ရေဒဏ်ကို ၅၀ မီတာ (၁၆၄) ပေအထိ ခံနိုင်ပါတယ်။
အခုဖော်ပြပေးလိုက်တာကတော့ ကွီးတို့ရဲ့ အသွင်အပြင်နဲ့ ကိုယ်ရည်ကိုယ်သွေး ဖော်ပြမှုကို တစ်ဆင့်မြှင့်တင်ပေးနိုင်တဲ့ အလေးနက်ဆုံးသော အရာ လို့ ဆိုနိုင်တဲ့ လက်ပတ်နာရီများပဲ ဖြစ်ပါတယ်။ အမျိုးသားတိုင်းမှာ လက်ပတ်နာရီကောင်းကောင်း တစ်လုံး ရှိသင့်တာ မှန်သော်လည်းပဲ မဖြစ်မနေ စျေးကြီးတာမျိုးရှိရမယ်လို့ မဆိုလိုပါဘူး။ မိမိ အများဆုံး ဝတ်ဆင်တဲ့ ဝတ်စားဆင်ယင်မှုပုံစံနဲ့ လိုက်ဖက်ကာ ကိုယ်နဲ့ သင့်တော်တဲ့ နာရီကောင်းတစ်လုံး ရွေးချယ်တတ်ဖို့ပဲ လိုပါတယ်။
Source : Drop
Featured Photo : Keyleiibson
