အမျိုးသားတို့ဆီမှာ သူတို့ အသက် အရွယ် ရလာသည်နှင့်အမျှ ချစ်တင်းနှော ချင်စိတ် ကုန် ခမ်းသွားတာကတော့ ပုံမှန်ဖြစ်စဥ် တစ်ခုပဲဖြစ်ပါတယ်။ သူတို့ရဲ့ ကုန်ခမ်းသွားတဲ့ ဒီဂရီ အနည်း အများပဲ ကွာခြားသွားတာပါ။ ဒါပေမဲ့ ကျန်းမာတဲ့ အမျိုးသားတစ်ယောက်သည် သူ့ရဲ့ အသက် ၆၀၊ ၇၀ ကျော်သည်အထိ သူ့ရဲ့ ချစ်တင်းနှောချင်စိတ်သည် ကျန်ရှိနေတတ်ပါသေးတယ်။

ချစ်တင်းနှော ချင်စိတ် အနည်း အများသည် ဘယ်လိုအခြေအနေတွေပေါ် ကွာခြားသွားတာလဲ

couple in bed

အသက် အရွယ် ရလာသည်နှင့်အမျှ ချစ်တင်းနှော ချင်စိတ် ကုန် ခမ်းသွားခြင်းသည် အကြောင်းအချက် အမျိုးမျိုးပေါ် မူတည်ပါတယ်။ တစ်ချို့က စိတ်ကျရောဂါ ခံစားရလို့၊ တစ်ချို့ကျ စိတ်ဖိစီးမှုတွေ များလို့၊ တရားမဝင် ဆေးသုံးစွဲမှုများရှိလို့ အစရှိတဲ့ အကြောင်းအရင်း အမျိုးမျိုးပေါ် မူတည်ပါတယ်။

စိတ်ဖိစီးမှုတွေကြောင့် ချစ်တင်းနှော ချင်စိတ် ကုန်ခမ်းရတယ်ဆိုရင် ဘာလုပ်ရမလဲ

အသက် ချစ်တင်းနှော ကုန်

အကောင်းဆုံးကတော့ ဆွေးနွေးကုသမှု ခံယူတာပါပဲ။ စိတ်ဖိစီးမှုများနဲ့ စိတ်ကျရောဂါ ခံစားရခြင်းတို့သည် ကြာကြာ မွေးမြူထားလို့ မသင့်တဲ့အရာတွေပဲဖြစ်ပါတယ်။ ဒါ့ကြောင့် စိတ်ရောဂါကု ဆရာဝန်နဲ့ အမြန်ဆုံး ဆွေးနွေးတာမျိုး၊ သူတို့ ညွှန်ကြားတဲ့ အချက်များကို လိုက်လုပ်တာမျိုးတွေ၊ သောက်ဆေး ညွှန်းမယ်ဆိုရင်လည်း အချိန်မှန်မှန် သောက်သုံးတာမျိုးတွေ ပြုလုပ်သင့်ပါတယ်။

ရုတ်ချည်းသပ်သပ် အကြောင်းပြချက် ရှာမတွေ့ရင်

အသက် ချစ်တင်းနှော ကုန်

တချို့ဖြစ်ရပ်တွေမှာတော့ ရုတ်ချည်းဆိုသလို ချစ်တင်းနှောချင်းစိတ်တွေ ကုန်ခမ်းသွားတာမျိုးတွေပါ။ ဒီလိုမျိုး အကြောင်းပြချက် မရှိဘဲနဲ့ ချစ်တင်းနှောချင်စိတ်တွေ ရုတ်ချည်း ပြောင်းလဲသွားတာမျိုးဆိုရင်တော့ ကျွမ်းကျင် ဆရာဝန်ထံ​သွားပြပြီး တိုင်ပင် ဆွေးနွေးတာမျိုးတွေ ပြုလုပ်သင့်ပါတယ်။ ဆရာဝန်တွေကနေပြီး ကွီးတို့ရဲ့ ကျန်းမာရေး ရာဇဝင် ကို အရင်ဦးဆုံး အသေးစိတ် မေးမြန်းမှာဖြစ်ပြီး ထိုမှတဆင့် ကိုယ် ခန္ဓာ ကျန်းမာရေးကိုလည်း စစ်ဆေးပါလိမ့်မယ်။ ထိုကနေ တဆင့် ဘာ့ကြောင့် ဒီလိုမျိုး ရုတ်ချည်းသပ်သပ် ချစ်တင်းနှောချင်စိတ်တွေ ကုန်ခမ်းသွားရသလဲဆိုတာကို ရှာဖွေကြမှာပဲဖြစ်ပါတယ်။

ရှက်ကြောက်မနေပါနဲ့

အသက် ချစ်တင်းနှော ကုန်

မျိုးပွားအင်္ဂါ ကျန်းမာရေးသည်လည်း ကွီးတို့ရဲ့ ယေဘုယျ ကျန်းမာရေးနဲ့ အများကြီး သက်ဆိုင်ပါတယ်။ ကွီးတို့ ဘဝ တစ်စိတ်တစ်ပိုင်းထဲမှာ ဒီ ချစ်တင်းနှောတဲ့ ဖြစ်စဥ်ကလည်း ပါဝင်တဲ့အတွက်ကြောင့် ကျန်းမာရေး ပြဿနာ တစ်စုံတစ်ရာ ကြုံတွေ့ခဲ့ရင် ကိုယ့်ဘာသာ တစ်ယောက်တည်း ကြိတ်ပြီး ဖြေရှင်းတာမျိုး မလုပ်ဘဲ ဆရာဝန်ထံ အမြန်ဆုံးသွားကာ ကုသမှု ခံယူသင့်ပါတယ်။ နို့မဟုတ်ရင် အပ်နဲ့ ထွင်းရမယ့် ကိစ္စက ပုဆိန်နဲ့ ပေါက်ရသည်အထိ ဆိုးရွားသါားနိုင်လို့ပါပဲ။

ကွီးတို့ရော ဒီလို ကျန်းမာရေး ပြဿနာတွေ ကြုံတွေ့ရရင် ရှက်စိတ်ကို ရှေ့တန်း တင်ထားတုန်းလား။

Source: Mayoclinic.org

Featured Image: Thewellforhealth