အိုဇုန်းလွှာ တဖြည်းဖြည်း ပါးလွှာလာသည်နှင့်အမျှ ခရမ်းလွန်ရောင်ခြည်ဒဏ်တွေကို ကျွန်တော်တို့တွေ အလူးအလဲ ခံလာကြရပါတယ်။ နေရောင်ကြောင့် အသားမဲ သကြားခဲ ဘဝ ရောက်တာက ပြဿနာမဟုတ်ပါဘူး။ ဘာက ပြဿနာလဲဆိုတော့ နှစ်စဥ်နှစ်တိုင်းမှာ အရေပြားကင်ဆာကြောင့် အသက်ဆုံးရှုံးနေရခြင်းပဲ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ ပုံပန်းသွင်ပြင်ကို ဂရုစိုက်သူများကလည်း အသားမဲ သကြားခဲ ဘဝကို မရောက်ချင်ကြပါဘူး။

ဒါဆိုရင် နေလောင်ဒဏ်ကြောင့် အသားအရေ ပျက်စီးခြင်းမှ ကာကွယ်ဖို့နဲ့ အရေပြားကင်ဆာ ဖြစ်ပွားခြင်းမှ ကာကွယ်ဖို့ အခုဖော်ပြပေးမယ့် အချက်များကို လိုက်နာကျင့်သုံးဖို့ လိုအပ်ပါတယ်။

နေလောင်ကာခရင်မ်က အရေးကြီးပါတယ်

နေလောင်ကာခရင်မ်

အပြင်ထွက်တော့မယ်ဆိုတာနဲ့ နေပူပူ၊ မိုးအုံ့အုံ့၊ မိုးရွာရွာ နေလောင်ကာခရင်မ်လိမ်းကျံပေးဖို့ လိုအပ်ပါတယ်။ မိုးအုံ့နေတာပဲလေ၊ နေမှမပူတာဆိုပြီး လျော့မတွက်လိုက်ပါနဲ့။ နားကားသွားပါလိမ့်မယ်။ ကိုယ့်ရဲ့ အသားအရေနဲ့ ကျန်းမာရေးအတွက် အရေးကြီးတာ မရှိပါဘူး။ ဒါ့ကြောင့် နေလောင်ကာခရင်မ် လိမ်းကျံပေးဖို့ကို မပျင်းရိပါနဲ့။

နေလောင်ကာခရင်မ်ကို ဘယ်လောက်များများ လိမ်းကျံပေးဖို့ လိုသလဲ

နေလောင်ကာခရင်မ်

အပြင်သွားခါနီးမှာ ၁၅ မိနစ်မှ မိနစ် ၃၀ ခန့်အလိုမှ နေလောင်ကာခရင်မ်ကို ၁ အောင်စခန့် လိမ်းကျံပေးဖို့ လိုအပ်ပါတယ်။ မျက်နှာတစ်ခုတည်းအတွက် ကွက်ပြီး မလိမ်းပါနဲ့။ လက်နဲ့ ခြေထောက်တွေ၊ နေရောင်ခြည် တိုက်ရိုက်ထိတွေ့ခြင်း ခံရတဲ့ နေရာတွေမှာလည်း နေလောင်ကာခရင်မ် လိမ်းကျံပေးဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် နှုတ်ခမ်းကိုလည်း SPF ပါတဲ့ နှုတ်ခမ်းနီအဆီလေး လိမ်းကျံပေးသင့်ပါတယ်။

ဘယ်လို နေလောင်ကာခရင်မ်မျိုး ရွေးချယ် ဝယ်ယူရမလဲ

အသားမဲ သကြားခဲ

နေလောင်ကာခရင်မ် ဝယ်တော့မယ်ဆိုတာနဲ့ သူ့ရဲ့ အထုပ် (သို့) ဘူးပေါ်မှာ UVA နဲ့ UVB နှစ်ခုစလုံးအတွက် ထုတ်ထားတဲ့ နေလောင်ကာခရင်မ်ကို ရွေးချယ်သင့်ပါတယ်။ ဒါ့အပြင် Water Resistant လည်းရှိပြီး SPF 30 ထက် ပိုများတဲ့ နေလောင်ကာခရင်မ်ကို ရွေးချယ်သင့်ပါတယ်။ အခြားသော နေလောင်ကာခရင်မ်တွေက ကွီးတို့ကို နေလောင်ဒဏ်မှ ကာကွယ်ပေးနိုင်ပေမယ့် အရေပြားကင်ဆာ မဖြစ်ပွားဖို့အတွက်တော့ ကာကွယ်ပေးနိုင်မှာ မဟုတ်ပါဘူး။

ရေနှင့် သဲသောင်ပြင်အနီးတစ်ဝိုက်တွင် ပိုမိုသတိထားပါ

အသားမဲ သကြားခဲ

ရေနှင့် သဲသောင်ပြင်တို့သည် နေရောင်ကြောင့် အလင်းပြန်လာတဲ့အခါ ထိုအလင်းပြန်ခြင်းကြောင့် အသားအရေက ပိုမိုပျက်စီးသွားစေနိုင်ပါတယ်။ ဒါ့ကြောင့် ရေကူးကန် အနီးတစ်ဝိုက်နှင့် ကမ်းခြေပေါ်တွင် သွားလာတဲ့အခါ အထူးသတိထားသင့်ပါတယ်။ ဒါ့အပြင် ရေကူးနေချိန် (သို့) ချွေးထွက်နေချိန်တို့တွင် တစ်နာရီခြားတစ်ခါ နေလောင်ကာခရင်မ်ကို ပြန်လိမ်းပေးဖို့ လိုအပ်ပါတယ်။ ပုံမှန်ဆိုရင်တော့ နှစ်နာရီခြားတစ်ခါ လိမ်းကျံပေးရင် လုံလောက်ပါပြီ။

ဘယ်အချိန်မှာ အပြင်ထွက်သင့်သလဲ

အသားမဲ သကြားခဲ

နေ့အပူချိန် အမြင့်မားဆုံးနှင့် ခရမ်းလွန်ရောင်ခြည် အမြင့်မားဆုံး အချိန်ကတော့ မနက် ၁၀ နာရီနဲ့ ညနေ ၄ နာရီကြားပဲဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ အပြင်ထွက်တဲ့အခါ ကိုယ့်အရိပ်ကို ကိုယ် ပြန်ကြည့် ကြည့်ပါ။ ကိုယ့်ရဲ့ အရိပ်က ကိုယ့်ထက် တိုနေမယ်ဆိုရင်တော့ ခရမ်းလွန်ရောင်ခြည်များ အလွန်အမင်း မြင့်မားနေလို့ပဲ ဖြစ်ပါတယ်။ ထိုအချိန်မျိုးမှာဆို အရိပ်ကောင်းကောင်းအောက်မှာ နေထိုင်တာ အကောင်းဆုံးပါပဲ။

မဖြစ်မနေ အပြင်ထွက်ရတော့မယ်ဆိုရင်

အသားမဲ သကြားခဲ

ဘယ်သူကမှတော့ နေပူထဲမှာ ပျော်လွန်းလို့ သွားချင်နေကြမှာမဟုတ်ပါဘူး။ မဖြစ်မနေ သွားရတော့မယ်ဆိုရင်တော့ စောစောက ဖော်ပြခဲ့တဲ့ နည်းများအတိုင်း နေလောင်ကာခရင်မ်ကို လိမ်းကျံသင့်ပါတယ်။ ဒါ့အပြင် လက်ပြတ်အင်္ကျီ၊ ဘောင်းဘီတိုတွေထက် ဘောင်းဘီရှည်၊ အင်္ကျီလက်ရှည်တွေကို ဝတ်ဆင်သင့်ပါတယ်။ ထိုဘောင်းဘီရှည်၊ အင်္ကျီလက်ရှည်တွေကလည်း လေဝင်လေထွက်ကောင်းပြီး ပါးလျတဲ့ အဝတ်အစားတွေ ဖြစ်ဖို့လိုပါတယ်။ ချည်သားတွေကတော့ ပူအိုက်တဲ့အချိန်မှာ ဝတ်ဆင်လို့ အကောင်းဆုံးပဲ ဖြစ်ပါတယ်။

နေပူထဲကို လက်ချည်းဗလာနဲ့ မသွားပါနဲ့

 

အသားမဲ သကြားခဲ

နေပူထဲသွားတော့မယ်ဆိုတာနဲ့ ထီးတို့၊ ဦးထုပ်တို့၊ နေကာမျက်မှန်တို့ ဝတ်ဆင်သွားလာ သင့်ပါတယ်။ နေကာမျက်မှန်ဆိုရင်တော့ ခရမ်းလွန် နေရောင်ခြည်ဒဏ်ကို ၉၉ ရာခိုင်နှုန်း၊ ၁၀၀ ရာခိုင်နှုန်းခန့် ကာကွယ်ပေးတဲ့ အမျိုးအစားများကို ဝတ်ဆင်ပေးမယ်ဆိုရင် မျက်လုံးနှင့် မျက်လုံးအနီးတစ်ဝိုက်ရှိ အသားအရေများအတွက် အင်မတန်မှ ကောင်းမွန်ပါတယ်။

ဒီလောက်ဆိုရင်တော့ ကွီးတို့လည်း နေပူထဲမှာ အထာကျကျနဲ့ စိတ်အေးချမ်းသာစွာ သွားလာနိုင်ပါပြီ။

ကွီးတို့ရော နေပူထဲသွားတော့မယ်ဆိုရင် နေလောင်ကာခရင်မ် လိမ်းသွားရဲ့လား။

Source: Cancer

Featured Image: Freepik