စာရေးသူတို့ ယောကျာ်းလေးတွေလည်း ကျန်းမာပြီး နုပျိုတဲ့ အသားအရေကို ပိုင်ဆိုင်ဖို့ ထိုက်တန်ပါတယ်။ အသားအရေကို ပိုကောင်းအောင် ဂရုစိုက်ဖို့ အချိန်ပေးတာဟာ သင့်ကိုယ်သင် ရင်းနှီးမြုပ်နှံမှု တစ်ခုပါပဲ။ တကယ်တော့ အသားအရေ ကောင်းဖို့အတွက် နာရီပေါင်းများစွာ အချိန်ပေးပြီး Skincare ရတာတွေ ၊ အလှအပဆိုင်ရာ ဆရာဝန်ဆီ ငွေကုန်ကြေးကျခံ သွားဖို့တွေ မဖြစ်မနေ မလိုအပ်ပါဘူး။ ရိုးရှင်းတဲ့ နည်းလမ်းတွေနဲ့ အသားအရေကို အကောင်းဆုံး ရလဒ်ရအောင် ထိန်းသိမ်း နိုင်ပါတယ်။

(၁) ရေသာ များများသောက်

Drinking Water

Photo : OSR Physical Therapy

အသားအရေ ကောင်းချင်ရင် အများကြီး ခေါင်းစား မခံပါနဲ့။ ရေသာ များများသောက်ပေးပါ။ ရေဓာတ်က ကျန်းမာစိုပြေပြီး ချောမွေ့တဲ့ အသားအရေအတွက် အဓိကသော့ချက်ပါ။ ရေဓာတ်ခန်းခြောက်တဲ့အခါ သင့်အသားအရေလည်း ခြောက်သွေ့ကြမ်းတမ်းနေမှာပါ။ ဒါကြောင့် နေ့တိုင်း ရေများများသောက်ဖို့ သေချာပေါက် လိုအပ်ပါတယ်။

(၂) သကြားလျှော့စားပါ

Sugar

Photo : Columbia Smiles

သကြားဓာတ်က အသားအရေအတွက် တကယ်တော့ အိပ်မက်ဆိုး တစ်ခုပါပဲ။ သကြားစားသုံးမှုများရင် အသားအရေ လျော့ရဲတာ ၊ အရေးအကြောင်းတွေ ဖြစ်ပေါ်တာ ၊ အသားအရေ ကြမ်းတမ်းပျက်စီးတာတွေ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့တာမှာ သကြားပါဝင်မှုများတဲ့ အစားအစာတွေကို ကန့်သတ်လျော့ချဖို့ အကြံပေးချင်ပါတယ်။

(၃) နေရောင်ခြည် ထိတွေ့မှုကို ကာကွယ်ပါ

sunscreen

Photo : Nutrisense

နေရောင်ထိတိုင်း မကောင်းပါဘူး။ နေရောင်ခြည်မှာ ပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည်ဟာ သင့် အသားအရေကို ပျက်စီးစေပြီး အရေးအကြောင်းတွေ ၊ တင်းတိတ်နဲ့ အစက်အပြောက်တွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် နေရောင်နဲ့ တိုက်ရိုက် ထိတွေ့မှုကို တတ်နိုင်သမျှ ရှောင်ရှားပါ။ နေပူထဲသွားရတော့မယ်ဆိုရင် နေလောင်ကာခရမ်င် မဖြစ်မနေ လိမ်းသင့်ပါတယ်။

(၄) အိပ်ချိန် ပြည့်ပြည့်ဝဝ အိပ်ပါ

Sleep

Photo : StudentRez

အသားအရေကို အကောင်းဆုံး ထိန်းသိမ်းဖို့ဆို တစ်ညကို အနည်းဆုံး ၆ နာရီကနေ ၈ နာရီ အိပ်ဖို့ လိုအပ်ပါတယ်။ ညဘက်မှာ ပြည့်ပြည့်ဝဝ အိပ်စက်အနားယူခြင်းဟာ ပိုမိုကောင်းမွန်တဲ့ အသားအရေကို ရရှိစေမှာ ဖြစ်ပြီး ခန္ဓာကိုယ်ရဲ့ အလုံးစုံ ကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။

Source : Brickell Mens Products

Featured Photo : Stryx