အသားအရေ ခြောက်သွေ့ကာ အသားပတ်တတ်တဲ့ ဒုက္ခကတော့ ဆောင်းတွင်းမှာ လူတိုင်းနီးပါး ကြုံတွေ့ရတာပဲဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ ဆောင်းတွင်းမှာ အသားအရေ မပျက်စီးစေဖို့ရန်အတွက် ဘော်ဒီလိုးရှင်း များကို နေ့စဥ် အသုံးပြုပေးဖို့ လိုအပ်ပါတယ်။
အအေးဓာတ် ပိုလေ၊ အသားအရေက ပိုမို ခြောက်သွေ့လေပါပဲ။ ဒီအချိန်မှာ ခန္ဓာကိုယ်ကို ရေဓာတ် ဖြည့်တင်းပြီး အသားအရေ ကို အစိုဓာတ် ထိန်းပေးဖို့ရန်အတွက် ဘော်ဒီလိုးရှင်း များကို အသုံးပြုရတော့မှာ ဖြစ်ပါတယ်။
ဘော်ဒီလိုးရှင်းများ ရွေးချယ်တဲ့အခါမှာလည်း အသားထဲသို့ လျင်မြန်စွာ စိမ့်ဝင်လွယ်ပြီး စေးကပ်ကပ် မဖြစ်တဲ့ လိုးရှင်းများကို ရွေးချယ် ဝယ်ယူကာ အသုံးပြုရမှာဖြစ်ပါတယ်။
ကွီးတို့အနေနဲ့ ရွေးချယ်ရတာ အာရုံခြောက်နေမယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် အမျိုးအစားများကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။ ဒီတံဆိပ်များသည် မြန်မာနိုင်ငံမှာလည်း လူသုံးများနေတဲ့ တံဆိပ် အမျိုးအစားများပဲ ဖြစ်ပါတယ်။
Kiehl’s

ဒီအမျိုးအစားကတော့ Kiehl’s က ထုတ်တဲ့ Crème de Corps Body Lotion ပဲဖြစ်ပါတယ်။ ဒီအမျိုးအစားသည် စေးကပ်မှု မရှိဆုံး ဘော်ဒီလိုးရှင်းလေးဖြစ်ပြီး ပမာဏ နည်းနည်းလောက် ယူလိမ်းလိုက်ရုံနဲ့တင် အချိန်အကြာကြီး ခံပါတယ်။ ကွီးတို့ အသားအရေလေးက အသားပတ် အက်ကွဲခြင်းမှ ကာကွယ်ဖို့ရန်အတွက် ရေချိုးပြီးပြီးချင်းမှာ လိုးရှင်းခရင်မ် အနည်းငယ်ကို ယူကာ အသားအရေပေါ် လိမ်းကျံပေးလိုက်ရုံပါပဲ။ ဈေးနှုန်းကတော့ ဒေါ်လာ ၃၀ နှင့် ပေးဝယ်နိုင်ပါတယ်။
Vaseline

Vaseline ကလည်း ဈေးနှုန်းသင့်တင့်ပြီး လူကြိုက်များတဲ့ အလှကုန်တံဆိပ်အမျိုးအစားတစ်ခုဖြစ်ပါတယ်။ ကွိးတို့အနေနဲ့ အသုံးပြုမယ်ဆိုရင်တော့ Men Healing Moisture Hand and Body Lotion အမျိုးအစားကို ရွေးချယ်သင့်ပါတယ်။ သူက ခန္ဓာကိုယ်အတွက်သာမက လက်နှင့် မျက်နှာပါ အသုံးပြုနိုင်တဲ့ 3 In 1 အမျိုးအစားဆိုတော့ အလုပ်ရှုပ် သက်သာပါတယ်။ အသားခြောက်သူများအနေနဲ့ ၅ ရက်အတွင်းမှာ အသားအရေကို အမြန်ဆုံး ကုစားပေးပါတယ်။ ဈေးနှုန်းကလည်း ၈ ဒေါ်လာသာ ကုန်ကျမှာဖြစ်ပါတယ်။
CeraVe

ဒီအမျိုးအစားကတော့ ပျက်စီးနေတဲ့ ဆဲလ်သေများကို ပြန်လည်ပြုပြင်ပေးပြီး အသားအရေရဲ့ အတွင်းပိုင်းအထိ စိမ့်ဝင်သွားအောင် ကူညီပေးနိုင်ပါတယ်။ ပုံမှန်အသားအရေ ပိုင်ရှင်များနှင့် အသားအရေ ခြောက်သွေ့သူများပါ အသုံးပြုနိုင်ပါတယ်။ နေ့စဥ် အသုံးပြုနိုင်တဲ့ Daily Moisturizing Body Lotion ပဲဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၁၄ ဒေါ်လာ ပေးဝယ်ရမှာပဲဖြစ်ပါတယ်။ လိမ်းကျံပြီးသွားတဲ့နောက်မှာ ၂၄ နာရီတိတိ အသားအရေကို စိုပြေနေစေမှာဖြစ်ပါတယ်။ အရေပြား ပညာရှင်များက ထုတ်လုပ်ပေးထားတဲ့ အမျိုးအစားတစ်ခုဖြစ်ပြီး အနံ့လည်း မရှိတဲ့အတွက်ကြောင့် Sensitive အသားအရေ ပိုင်ရှင်များပါ အသုံးပြုနိုင်ပါတယ်။
အထက်ဖော်ပြပါ အမျိုးအစားများကတော့ နာမည်ကြီး တံဆိပ်တွေဖြစ်ပြီး လက်ရှိမှာလည်း လူသုံးများနေတဲ့ အမျိုးအစားများဖြစ်တာကြောင့် စိတ်ချလက်ချအသုံးပြုနိုင်ပါတယ်။ အသုံးပြုတဲ့အခါမှာလည်း တံတောင်ဆစ်များ၊ ဒူးဆစ်များ၊ ခြေခုံနှင့် ခြေဖဝါးတို့ကိုပါ မမေ့မလျော့ လိမ်းကျံပေးဖို့လည်း လိုအပ်ပါတယ်။ ဒါဆိုရင်တော့ ဒီဆောင်းတွင်းမှာ အသားအရေ အက်ကွဲ ခြောက်သွေ့ခြင်း မရှိတော့ဘဲနဲ့ အသားအရေ စိုပြေဝင်းပစွာနှင့် ဖြတ်သန်းနိုင်ပြီပဲဖြစ်ပါတယ်။
Source: Menshealth
Featured Image: Freepik
