ကျွန်တော်တို့ အိမ်မှာရှိတဲ့ မသုံးမလိုတော့ဘူး ထင်ထားတဲ့ အမှိုက်တွေဟာ နည်းနည်းလေး ပြုပြင်လိုက်ရုံနဲ့ အသုံးဝင်တဲ့ ပစ္စည်းတစ်ခု ဖြစ်သွားနိုင်ပါတယ်။ ဒါကို အဟောင်း ကနေ အသစ်ဖန်တီးခြင်း အနုပညာလို့ ခေါ်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ အိမ်မှာစွန့်ပစ်ထားတဲ့ ပစ္စည်းအတိုအစလေးတွေကို အသုံးပြုပြီး အသုံးဝင်တဲ့ အမိုက်စား ပစ္စည်းသစ်လေးတွေ ပြန်လည်ဖန်တီးနိုင်မယ့် DIY နည်းလမ်းလေးတွေကို မျှဝေပေးချင်ပါတယ်။

(၁) နံရံကပ် အလှဆင် အိုးခွက်များ

Vintage Baking Tin Art

Photo : Diyncrafts

အသုံးမပြုဖြစ်တော့တဲ့ မီးဖိုချောင်သုံး ပစ္စည်းအဟောင်းတွေကို အသုံးပြုပြီး ကွီးတို့ရဲ့ အိမ်နံရံကို အလှဆင်လို့ ရပါတယ်။ အဓိကအားဖြင့် အလေးချိန်ပေါ့ပါးတဲ့ စတီးနဲ့ ဒန်လို အသုံးအဆောင်ပစ္စည်းတွေကို သေချာတိုက်ချွတ်ဆေးကြောပြီး နံရံမှာ စီစီရီရီ အလှဆင်လိုက်ပါ။ ရှေးကျတဲ့ဒီဇိုင်း ခေတ်ဟောင်း မီးဖိုချောင်သုံး ပစ္စည်းတွေဆိုရင် ပိုပြီးခမ်းနားလှပမှုကို ပေးစွမ်းမှာ ဖြစ်ပါတယ်။

(၂) ပန်းပင်ဆိုင်းချိတ်

Bent Spoon Plant Hangers

Photo : Diyncrafts

အိမ်တွင်းပန်းပင်လေးတွေကို နံရံမှာအလှဆင်ချိတ်ဆွဲဖို့အတွက် ဇွန်းအဟောင်းတွေ အသုံးပြုလို့ရပါတယ်။ မသုံးဖြစ်တော့တဲ့ ဇွန်းအဟောင်းတွေကို သေချာကွေးညွှတ်ပြီး နံရံမှာ သံနဲ့တွဲရိုက်ပေးပါ။ အဓိကအားဖြင့် တွဲလောင်းကျနေတဲ့ အလှပန်းပင်လေးတွေအတွက် ရိုးရှင်းပြီးလှပတဲ့ ပန်းပင်ဆိုင်းချိတ်လေးတစ်ခု ရရှိသွားမှာ ဖြစ်ပါတယ်။

(၃) ပုလင်းခွံ အလှမီးဆိုင်း

DIY Wine Bottle Chandelier

Photo : Diyncrafts

ဝိုင်ပုလင်း ၊ ဘီယာပုလင်းအခွံ အဟောင်းတွေကို လှပတဲ့ မီးဆိုင်းလေးအဖြစ် ပြောင်းလဲလို့ရပါတယ်။ ပုလင်းခွံတွေရဲ့ အောက်ခြေကို သေချာလေး ဖြတ်တောက်ပြီး အတွင်းမှာ မီးလုံးလေးတွေထည့်ကာ လှပတဲ့ DIY မီးဆိုင်းလေး တစ်ခုဖန်တီးလို့ ရနိုင်ပါတယ်။ ပုလင်းခွံ အလှမီးဆိုင်းလေးတွေဟာ မီးဖိုချောင် ၊ ထမင်းစားခန်းနဲ့ ဝရံတာလို နေရာတွေမှာ ချိတ်ဆွဲအလှဆင်ထားလို့ အင်မတန်လိုက်ဖက်တဲ့ အလှဆင် ပစ္စည်းလေးတစ်ခု ဖြစ်ပါတယ်။

(၄) ဇွန်းခရင်း သော့ချိတ်

Repurposed Silverware Key Hooks

Photo : Diyncrafts

ကားသော့ ၊ အိမ်သော့တွေ ခဏခဏ အထားမှားလို့ ရှာနေရတယ်ဆိုရင်တော့ အခုပြောပြတဲ့ ဇွန်းခရင်း သော့ချိတ်လေးသာ လုပ်ထားပါ။ ကွီးတို့အိမ်က ထမင်းစားပွဲမှာ မသုံးတော့တဲ့ ဇွန်းခရင်းအဟောင်းတွေကို သေချာကွေးညွှတ် နံရံမှာကော်နဲ့တွဲကပ်ပြီး လှပတဲ့ သော့ချိတ်လေးတွေ ဖန်တီးလို့ရပါတယ်။ ဒီအမိုက်စား ဇွန်းခရင်းသော့ချိတ်လေးတွေဟာ အိမ်သော့ကားသော့တွေ ချိတ်ဆွဲဖို့အပြင် ဂျာကင်နဲ့ ဦးထုပ်တွေကိုလည်း ကောင်းကောင်း ချိတ်လို့ရနိုင်ပါတယ်။

(၅) ကော်ဖီခွက် အပင်အိုး

Photo : Diyncrafts

Succulents အပင်လေးတွေ စိုက်ရတာ နှစ်သက်တဲ့ အပင်ချစ်သူလေးတွေ အတွက်ပါ။ ကော်ဖီခွက် အဟောင်းတွေကို အသုံးပြုပြီး Succulents အပင်အိုးလေးတွေ ဖန်တီးလို့ ရနိုင်ပါတယ်။ အိမ်တွင်းမှာ အလှဆင်ဖို့ပဲဖြစ်ဖြစ် ၊ လက်ဆောင်ပေးဖို့အတွက်ပဲ ဖြစ်ဖြစ် သင့်တော်ပါတယ်။ ပုံကော်ဖီခွက်အဟောင်းလေးတွေဟာ ပုံမှန်အပင်အိုးလေးတွေနဲ့မတူပဲ ထူးခြားတဲ့ ဒီဇိုင်းလေးနဲ့ လှပနေစေမှာ ဖြစ်ပါတယ်။

Featured Photo : Diyncrafts