ဒီကမ္ဘာမြေကြီးပေါ်မှာ သဘာဝအတိုင်း ဖြစ်တည်နေတဲ့ အလှတရားတွေနဲ့ ပြည့်နှက်နေပါတယ်။ လှပတဲ့ ရေတံခွန်တွေ၊ မြင့်မားတဲ့တောင်တန်းကြီးတွေ၊ ရင်သပ်ရှုမောဖွယ် ပင်လယ်ကမ်းခြေတွေ ဆိုတာ သဘာဝတရားကြီးက လူသားတွေအတွက် ပေးထားတဲ့ ဆုလာဒ်တွေပါပဲ။ သဘာဝအလှတရားဟာ လူသားတွေရဲ့ စိတ်ကို အေးချမ်းစေတယ်၊ တည်ငြိမ်စေတယ်၊ ပျော်ရွှင်စေပါတယ်။ ဒါကြောင့်လူတွေဟာ စိတ်အပန်းပြေစေဖို့ လှပတဲ့သဘာဝတရားနဲ့ ထိတွေ့ဖို့ ခရီးထွက်ကြပါတယ်။ ဒါကြောင့် ကွီးတို့အတွက် ဘဝမှာ တစ်ခါလောက်တော့ သွားရောက်လည်ပတ်သင့်တဲ့ အာရှတစ်လွှားမှ လှပတဲ့ ရေတံခွန်များ ကိုဖော်ပြပေးချင်ပါတယ်။
(၁) Kawasan Waterfalls

Photo : Road Affairs
ကွီးတို့ တစ်ခေါက်လောက်တော့ သွားရောက်လည်ပတ်သင့်တဲ့ အာရှတစ်လွှားမှ ရေတံခွန်များ ထဲက ပထမဆုံးဖော်ပြချင်တဲ့ တစ်ခုကတော့ ဖိလစ်ပိုင်နိုင်ငံ၊ Cebu ကျွန်းတွင်တည်ရှိတဲ့ Kawasan Waterfalls ပဲ ဖြစ်ပါတယ်။ ဒီရေတံခွန်ဟာ အရမ်းကို လှပပြီး အများသုံး သယ်ယူပို့ ဆောင်ရေးနဲ့ အလွယ်တကူ သွားရောက်နိုင်ပါတယ်။ ဒါ့အပြင် ရေတံခွန်သို့ သွားရာလမ်းတစ်လျှောက် ၁၅ မိနစ်မှ မိနစ် ၃၀ ခရီးမှာ Kawasan မြစ်တစ်လျှောက်ရှိ ကျေးရွာများကိုဖြတ်သန်းပြီး ရှုခင်းတွေကိုလည်း ကြည့်လို့ရပါသေးတယ်။
(၂) Detian-Banyue Falls

Photo : Experienced Travellers
ဗီယက်နမ် နိုင်ငံမှာရှိတဲ့ Detian-Banyue ရေတံခွန်ဟာ အမှန်တကယ်ကော့ Daxin County ရဲ့ Karst တောင်ကုန်းနှင့် Trung Khanh ခရိုင်ကြားရှိ ရေတံခွန်နှစ်ခု ဖြစ်ပါတယ်။ တရုတ်နှင့်ဗီယက်နမ်နိုင်ငံတို့ကြား အပြည်ပြည်ဆိုင်ရာနယ်စပ်ကို မျှဝေထားသည့် Detian-Banyue ရေတံခွန်က အမှန်တကယ်ကို လှပရုံသာမက တစ်ခါတစ်ရံ မိုးရာသီတွင် ကြီးမားသော ဧရာမရေတံခွန်အဖြစ်သို့ ပြောင်းလဲသွားနိုင်တာဟာ တကယ်ကို အံ့မခန်းပါပဲ။
(၃) Jembong Waterfall

Photo : Bali Garden Tour
အာရှတစ်လွှားမှ သွားရောက်လည်ပတ်သင့်တဲ့ နောက်ထပ် ရေတံခွန်များ ထဲက တစ်ခုကတော့ ဘာလီမှာ တည်ရှိတဲ့ ကျောက်မျက်ရတနာလို လှပတဲ့ အဆင်းရှိတဲ့ Jembong ရေတံခွန်ပဲ ဖြစ်ပါတယ်။ ဒီရေတံခွန်ရဲ့ ဆန်းကြယ်တဲ့ အငွေအသက်နဲ့ လှပတဲ့ အမှတ်တရ ဓာတ်ပုံတွေကို ဖန်တီးလိုက်ပါ။ ဒါ့အပြင် နာမည်ကြီး Gitgit ရေတံခွန်နဲ့လည်းနီးတော့ ရေတံခွန် ၂ ခုကို တစ်ရက်လည်း လည်ပတ်လို့ရပါတယ်။
(၄) JOG Falls

Photo : Revv
ကွီးတို့ကို နောက်ထပ်ဖော်ပြချင်တဲ့ ရေတံခွန်ကတော့ အိန္ဒိယနိုင်ငံ Karnataka မှာ ရှိတဲ့ ရေတံခွန်ပဲ ဖြစ်ပါတယ်။ ဒီရေတံခွန်ဟာ အာရှမှာရှိတဲ့ ရေတံခွန်တွေထဲက သွားရောက်လည်ပတ်ဖို့ရွေးချယ် သင့်တဲ့ ရေတံခွန်တစ်ခုထဲမှာ ပါဝင်ပါတယ်။ ဒီရေတံခွန်ဟာ Raja၊ Roar၊ Rocket နှင့် Rani ဟု အမည်ပေးထားသည့် ရေတံခွန်လေးခုဖြင့် ပေါင်းစပ်ထားပြီး အိန္ဒိယရဲ့ အကြီးဆုံးနဲ့အမြင့်ဆုံး ရေတံခွန်တစ်ခုဖြစ်ပါတယ်။ ကံမကောင်းစွာနဲ့ပဲ ရေအားလျှပ်စစ်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများကို ပြုလုပ်ရန်အတွက် မြစ်ရေရဲ့ လေးပုံတစ်ပုံကို အသုံးပြုလိုက်သောကြောင့် မုတ်သုံ ရေတံခွန်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပါတယ်။ သို့သော်လည်း JOG Falls ဟာ လှပဆဲ ဖြစ်ပြီး သွားရောက်လည်ပတ်သင့်တဲ့ ရေတံခွန်ထဲမှာ ပါဆဲပါ။
(၅) Mae Ya Waterfall (Namtok Mae Ya)

Photo : The Asia Collective
အာရှတစ်လွှားမှ သွားရောက်လည်ပတ်ရမဲ့ ရေတံခွန်များ ထဲမှာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှ နှစ်နာရီအတွင်း သွားလို့ရတဲ့ Doi Inthanon အမျိုးသားဥယျာဉ်အတွင်း တည်ရှိသော Mae Ya ရေတံခွန် ပဲဖြစ်ပါတယ်။ ရေချိုကျောက်တုံးအလွှများနဲ့ မှော်ဆန်သော မြူကန့်လန့်ကာများဖြင့် ထုလုပ်ထားသော မယ်ယာရေတံခွန်က စားစရာသောက်စရာများ ထုတ်ပိုးပြီး နေ့ခင်းဘက်တွင် ပျော်မွေ့ရန် အကောင်းဆုံးနေရာဖြစ်ပါတယ်။
Source : The Asia Collective
Featured Photo : Cebu Vacations
