တနင်္ဂနွေညရောက်တိုင်း မနက်ဖြန် အလုပ်သွားရမှာကို တွေးပြီး စိတ်ညစ်ဖူးကြမှာပါ။ အခုခေတ်မှာ အလုပ်က ဘဝရဲ့ အချိန်တော်တော်များများကို နေရာယူလာပါတယ်။ အလုပ်မှာ အဆင်ပြေအောင် ကြိုးစားရတဲ့ ဖိအားတွေကလည်း အရမ်းကို များပါတယ်။

အလုပ်တွေ ပိနေလို့ စိတ်ညစ်နေရရင် သင်ဟာ အားနည်းတဲ့သူ မဟုတ်ပါဘူး။ ဖိအားများတဲ့ ပတ်ဝန်းကျင်ကို တုံ့ပြန်နေတာ သက်သက်ပါပဲ။
🛑 ဘာကြောင့် စိတ်ဖိစီးရတာလဲ
အလုပ်တွေ အရမ်းများလာတဲ့အခါ၊ ကိုယ်မနိုင်ဝန် ထမ်းရတဲ့အခါမျိုးမှာ စိတ်ဖိစီးမှု စဖြစ်ပါတယ်။ အမျိုးသားတွေ အနေနဲ့ မိသားစုကို ရှာဖွေကျွေးမွေးရမယ်ဆိုတဲ့ တာဝန်ကြောင့် ပိုပြီး ဖိအားများတတ်ပါတယ်။
အားနည်းသူလို့ ထင်ခံရမှာစိုးလို့ အများစုက ဖွင့်မပြောဘဲ ကြိတ်ခံလေ့ရှိပါတယ်။ အလုပ်ပြုတ်မှာ စိုးရိမ်တာ၊ အထက်လူကြီးနဲ့ အဆင်မပြေတာတွေကလည်း စိတ်ဖိစီးမှုကို ပိုဆိုးစေပါတယ်။
🛑 စိတ်ဖိစီးနေပြီဆိုတာ ပြသနေတဲ့ လက္ခဏာတွေ
✔ ညဘက် ကောင်းကောင်း အိပ်မပျော်တာ
✔ ခေါင်းခဏခဏ ကိုက်တာ၊ ပင်ပန်းနွမ်းနယ်နေတာ
✔ စိတ်တိုလွယ်တာ၊ အလုပ်ကို စိတ်မဝင်စားတော့တာ
✔ အားလပ်ရက်မှာတောင် ဖုန်းခဏခဏ ကြည့်ပြီး အလုပ်ကိစ္စပဲ တွေးနေမိတာ
🛑 စိတ်ဖိစီးမှုကို လျှော့ချမယ့် နည်းလမ်း (၅) ခု
၁။ အကြောင်းရင်းကို ရှာပါ - ဘာကြောင့် စိတ်ဖိစီးနေရတာလဲဆိုတာကို အရင်ဆုံး သေချာရှာဖွေပါ။
၂။ ဖွင့်ပြောပါ - ယုံကြည်ရတဲ့ သူငယ်ချင်း၊ မိသားစု ဒါမှမဟုတ် ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ဆွေးနွေးပါ။
၃။ အချိန်ခွဲခြားပါ - အလုပ်ချိန်နဲ့ ကိုယ်ပိုင်အချိန်ကို သေချာခွဲခြားထားပါ။ မနိုင်တဲ့ အလုပ်တွေကို ငြင်းတတ်အောင် လေ့ကျင့်ပါ။
၄။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ - အားကစားလုပ်တာ၊ အိပ်ရေးဝဝအိပ်တာနဲ့ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသောက်ပါ။
၅။ အကူအညီယူပါ - ကိုယ်တိုင် ဖြေရှင်းလို့ အဆင်မပြေတော့ရင် စိတ်ကျန်းမာရေး ဆရာဝန်တွေနဲ့ ပြသဖို့ ဝန်မလေးပါနဲ့။
Ref : mens-mental-health


