စိတ်လက်အပန်းပြေဖို့အတွက် နောက်တစ်ခေါက် ခရီးထွက်ဖို့ အစီအစဉ်ဆွဲတဲ့အခါ အခုဖော်ပြပေးမယ့် အာရှနိုင်ငံ များကိုလည်း သင့်ရဲ့ခရီးသွားမယ့်စာရင်းထဲ ထည့်သွင်းရေးမှတ်ထားဖို့ လိုပါလိမ့်မယ်။
အာရှနိုင်ငံတွေထဲမှာ ဘယ်နိုင်ငံတွေက ကမ္ဘာလှည့်ခရီးသွားများရဲ့ စိတ်ဝင်စားမှုကို အခံရဆုံးလဲဆိုတာ ဆက်လေ့လာကြည့်လိုက်ရအောင်။
သီရိလင်္ကာ
Photo Source: Tourscanner.com
ရှေးဟောင်းယဉ်ကျေးမှုအနုပညာများ ပေါကြွယ်ဝခြင်း၊ သဘာဝသားရဲတိရစ္ဆာန်များ ပေါများခြင်းကြောင့် ကမ္ဘာလှည့်ခရီးသွားများရဲ့အာရုံကို သိမ်းပိုက်ထားပါတယ်။
ဂျပန်
Photo Source: Tsunagujapan.com
ဂျပန်မှာ လည်ပတ်စရာတွေ အများအပြားရှိပြီး သူ့ရဲ့သယ်ယူပို့ဆောင်ရေးစနစ်က ကောင်းမွန်တဲ့အတွက်ကြောင့် တစ်ခေါက်သွားလည်ပြီးရင် မပြန်ချင်လောက်အောင် ခံစားရပါလိမ့်မယ်။ ရှော့ပင် ထွက်ဖို့ဆိုရင်တော့ မြို့ကြီးပြကြီးတွေကို သွားလည်သင့်ပြီး သဘာဝပတ်ဝန်းကျင်အလှကို ခံစားချင်တယ်ဆိုရင်တော့ တောတောင်များ၊ ကျေးလက်ဒေသများကို သွားရောက်လည်ပတ်သင့်ပါတယ်။
ထိုင်း
Photo Source: Thetowerinfo.com
အပြုံးများနှင့် ပြည့်နှက်နေသောမြေအဖြစ် တင်စားခေါ်ဝေါ်ခြင်းခံရတဲ့ ထိုင်းနိုင်ငံသည်လည်း သဘာဝကမ်းခြေများ ပေါကြွယ်ဝလွန်းတာကြောင့် ခရီးသွားများ အင်မတန်မျက်စိကျ ကြပါတယ်။
ကမ္ဘောဒီးယား
Photo Source: Archpaper.com
ခမ်းနားလှပတဲ့ နန်းတော်ကြီးများ၊ သာယာလှပတဲ့ သဘာဝကမ်းခြေများ၊ ရင်သပ်ရှုမောဖွယ်ရာကောင်းတဲ့ ရှေးဟောင်းအန်ကောဝပ်ကြီးလည်း တည်ရှိတဲ့အတွက်ကြောင့် သွားရောက်လည်ပတ်သင့်တဲ့ နေရာတစ်ခုပါ။
အိန္ဒိယ
Photo Source: Planetware.com
ယဉ်ကျေးမှုမျိုးစုံ ထွန်းကားရာနေရာဒေသကို သွားလည်ချင်တယ်ဆိုရင်တော့ အိန္ဒိယကို သွားရောက်လည်ပတ်သင့်ပါတယ်။ အိန္ဒိယအစားအစာများ မြည်းစမ်းကြည့်ရင်း သူတို့ရဲ့ယဉ်ကျေးမှုများကိုလည်း လေ့လာနိုင်ပါတယ်။
ဗီယက်နမ်
Photo Source: Arrestedworld.com
ဗီယက်နမ်ကတော့ အစားအသောက်ချစ်သူများအတွက် အသင့်တော်ဆုံးနေရာပါပဲ။ ဘာ့ကြောင့်လဲဆိုတော့ သူတို့ရဲ့အစားအစာတွေက မြင်လိုက်တာနဲ့ သွားရေကျစရာကောင်းလွန်းလို့ပဲ ဖြစ်ပါတယ်။
နီပေါ
Photo Source: Kiingo.com
နီပေါနိုင်ငံကတော့ Adventure ခရီး ကြိုက်နှစ်သက်သူများအတွက် ရွေးချယ်စရာအကောင်းဆုံးနေရာတစ်ခုပါ။
မြန်မာ
Photo Source: Traveltowork.com
ကမ္ဘာလှည့်ခရီးသွားများ အလည်ပတ်ဆုံးအာရှနိုင်ငံထဲတွင်လည်း ကျွန်တော်တို့ရဲ့ မြန်မာနိုင်ငံသည်လည်း တစ်ခုအပါအဝင်ပါပဲ။ ရင်သပ်ရှုမောဖွယ်ကာ ရှုမျှော်ခင်းများ၊ တောတောင်အလှအပများ ပေါကြွယ်ဝတဲ့အပြင် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ကိန်းအောင်းနေတဲ့အတွက်ကြောင့် သွားရောက်လည်ပတ်သင့်တဲ့ နိုင်ငံထဲတစ်ခု အပါအဝင်ပါပဲ။
တောင်ကိုရီးယား
Photo Source: Agoda.com
ကိုရီးယားကားတွေ ကြည့်ပြီး ကိုရီးယားသွားချင်တယ်ဆိုရင်တော့ တစ်ခါတစ်ခေါက်လောက် သွားရောက်လည်ပတ်သင့်တယ်လို့ အကြံပေးချင်ပါတယ်။ သူတို့ရဲ့အစားအစာများကိုလည်း မြည်းစမ်းကြည့်ရင်း အေးချမ်းလှပတဲ့ အငွေ့အသက်ကို ခံစားကြည့်ရှုနိုင်ပါတယ်။
Source: Gurusway.com