ကွီးတို့ အလုပ်စားပွဲ၊ ဒါမှမဟုတ် အိပ်ရာနံဘေးမှာ အားသွင်းကြိုး ပေါင်းစုံနဲ့ ရှုပ်ယှက်ခတ်နေပါသလား။ ဒီလိုမျိုး ရှုပ်ယှက်ခတ်နေတဲ့ အားသွင်းကြိုး တွေကို သူ့နေရာနဲ့သူ စုစုစည်းစည်းလေးဖြစ်ပြီး မျက်စိရှင်းနေအောင် ကူညီပေးမယ့် DIY နည်းလမ်းလေး ရှိပါတယ်။

cable organizer

ဒီနည်းလမ်းလေးက ကွီးတို့ အလုပ်စားပွဲမှာ ရှုပ်ယှက်ခတ်နေတဲ့ အရာတွေအားလုံးကို မျက်စိရှင်းသွားအောင် ကူညီပေးမယ့် နည်းလမ်းကောင်းတစ်ခုပဲဖြစ်ပါတယ်။

လိုအပ်မယ့် ပစ္စည်းတွေကလည်း များများစားစား မဟုတ်ပါဘူး။

လိုအပ်သော ပစ္စည်းများ

cable organizer

  • ကတ္ထူ စက္ကူနဲ့ ညှပ်ထုတ်ပြီးသား Pattern တစ်ခု
  • ၃ မီလီမီတာ အထူရှိတဲ့ ပိတ်စတစ်ခု (သို့) ကွီးတို့ ကြိုက်နှစ်သက်ရာ ပိတ်စ (မဝတ်ဖြစ်တော့တဲ့ အဝတ်အထည် အဟောင်းရဲ့ ပိတ်စတွေကိုလည်း အသုံးပြုနိုင်ပါတယ်)
  • ကြယ်သီး တစ်စုံ (အားသွင်းကြိုးတစ်ခုအတွက် တစ်စုံစီ လိုအပ်ပါမယ်)
  • ညှပ်ဖို့ရန်အတွက် ကတ်ကြေး
  • တူ တစ်ချောင်း အစရှိတဲ့ ပစ္စည်းများ လိုအပ်ပါမယ်။

ပြုလုပ်နည်း အဆင့်ဆင့်

အဆင့် (၁)

cable organizer

အရင်ဦးဆုံး ကတ္ထူစက္ကူ Pattern ကို ကွီးတို့ ရွေးချယ်ထားတဲ့ အဝတ်စအပေါ် တင်ပြီးနောက် ပုံစံချလိုက်ပါ။

အဆင့် (၂)

cable organizer

ထို့နောက် ပုံစံချထားတဲ့အတိုင်း ကတ်ကြေးနဲ့ ဖြတ်ထုတ်လိုက်ပါ။

အဆင့် (၃)

အားသွင်းကြိုး DIY

ထို့နောက် ညှပ်ထုတ်ထားတဲ့ ပိတ်စ တစ်ခုချင်းစီမှာ ကြယ်သီးတပ်ဖို့ရန်အတွက် အပေါက် ခပ်သေးသေးလေး ဖောက်ထားလိုက်ပါ။

အဆင့် (၄)

အားသွင်းကြိုး DIY

နောက်တစ်ဖက်အတွက် ကြယ်သီးပေါက် ဖောက်ဖို့ရန်အတွက် အရင်ဦးဆုံး ပိတ်စကို ထက်ဝက်ညီအောင် ချိုးချပြီး နောက်ထပ် ဖောက်ရမယ့် နေရာကို အမှတ်အသား ပေးထားလိုက်ပါ။ ဒါမှသာလျှင် အကုန်ပြီးစီးသွားတဲ့အခါ ကြယ်သီးပေါက်တွေက တစ်ခုနဲ့ တစ်ခု အံကိုက်ကျနေပြီး ကြည့်လို့ လှနေမှာပါ။

အဆင့် (၅)

အားသွင်းကြိုး DIY

ကြယ်သီးပေါက်တွေ ညီညီညာညာ ဖောက်ပြီးတဲ့အခါမှာတော့ ကြယ်သီးတွေကို နေရာကျအောင် ထားပြီး တူနဲ့ အကျအန ထုပေးလိုက်မယ်ဆိုရင် ခိုင်ခံ့သွားမှာပဲ ဖြစ်ပါတယ်။

အားသွင်းကြိုး DIY

နောက်ဆုံးမှာတော့ အခုလိုမျိုး လှပတဲ့ အားသွင်းကြိုးများ သိမ်းလို့ရတဲ့ ပစ္စည်းတစ်ခု ရရှိသွားပြီပဲ ဖြစ်ပါတယ်။

အားသွင်းကြိုး DIY

ကွီးတို့ အားသွင်းကြိုးများကို အသုံးပြုပြီးပါက အခုလိုမျိုးလေး စနစ်တကျ သိမ်းထားလို့ရပါပြီ။

ဒါဆိုရင်တော့ ကွီးတို့ရဲ့ အလုပ်စားပွဲနဲ့ အိပ်ရာ နံဘေးနားမှာ ရှုပ်ယှက်ခတ်နေတာမျိုးတွေ ရှိတော့မှာ မဟုတ်ပါဘူး။

ကွီးတို့ အားသွင်းကြိုး အတွက်ရော အခုဖော်ပြသွားတဲ့ DIY နည်းနဲ့ အသုံးမပြုချင်ဘူးလား။

Source: Inspiredbycharm

Featured Image: Fidelity Group