ကိုယ့်ဘက်က ခရက်ရှ်လေးကို နှစ်နှစ်ကာကာ သဘောကျပေမယ့် အဝေးကနေ ငေးကြည့်ရုံဘဝနဲ့တင် ကျေနပ်နေတာ့မှာလား။ တကယ်လို့သာ ကွီးတို့သာ အိန္ဒြေ တစ်ခွဲသားနဲ့ ရှက်ကြောက်နေမယ်ဆိုရင်တော့ ကွီးတို့ရဲ့ ခရက်ရှ် နဲ့ ဝေး သထက်ဝေးသွားမှာပဲ ဖြစ်ပါတယ်။

ကိုယ့်ရဲ့ အိန္ဒြေ တွေ ပဲများတာတွေ ရှက်ကြောက်တာတွေကို အဝေးတစ်နေရာမှာ ပစ်ထားခဲ့နိုင်မှ ကွီးတို့ရဲ့ ခရက်ရှ် နဲ့ ဝေး ရမယ့်ဘဝကနေ ကင်းဝေးပြီး နီးစပ်လာမှာပဲ ဖြစ်ပါတယ်။ ကွီးတို့ရဲ့ ခရက်ရှ်လေးနဲ့ မြန်မြန်နီးစပ်ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ဆောင်ရန် ရှောင်ရန်များကို သိထားဖို့လိုပါတယ်။

ရှက်ကြောက်နေတာမျိုး၊ စိတ်လှုပ်ရှားနေတာမျိုးကို မဖော်ပြပါနဲ့

shy

ကိုယ်က ခရက်ရှ်လေးနဲ့ မျက်လုံးချင်းဆုံမိသွားတဲ့အခါမျိုးမှာ ကိုယ့်ဘက်က ရဲရဲတင်းတင်း အနေအထားလေးကိုသာ ပြသင့်ပါတယ်။ ကွီးတို့ ခရက်ရှ်ကောင်မလေး ရှက်ဖို့လည်း ထားသင့်ပါတယ်။ အကြောင်းတိုက်ဆိုင်လို့ သူ(မ)နဲ့ စကားပြောဖြစ်တယ်ဆိုရင်တောင် ရှက်ရွံ့နေတာမျိုး၊ စိတ်လှုပ်ရှားနေတာမျိုးကို မပြသသင့်ပါဘူး။

အချိန်အခါကောင်းကို စောင့်မနေပါနဲ့

man smiling

ကွီးတို့ ခရက်ရှ်နဲ့ အနေနီးဖို့ ရက်ကောင်းရက်မြတ်ကို စောင့်ဆိုင်းနေမယ်ဆိုရင်တော့ တစ်ရက်ပြီးတစ်ရက် အချိန်တွေ ကြာသွားမှာပဲဖြစ်ပါတယ်။ အချိန်အခါကောင်းကို စောင့်မနေဘဲ အခုချက်ချင်းသာ သွားပြီး ပိုးပန်းသင့်ပါတယ်။ ဒါမှသာ နောက်ကောက်ကျ မကျန်ခဲ့မှာပါ။ လူချင်းတွေ့ပြီး စကားပြောလို့လည်း ရသလို၊ အခုခေတ်မှာ ဆိုရှယ်မီဒီယာကနေ Chatting ထိုင်တာက ခေတ်စားနေတာဆိုတော့ ကွီးတို့လည်း ဆိုရှယ်မီဒီယာကနေ ပိုးပန်းနိုင်ပါတယ်။

အွန်လိုင်းမှာ Chat ကြတဲ့အခါ

အိန္ဒြေ ခရက်ရှ် ဝေး

အွန်လိုင်းမှာ Chat တဲ့အခါ သတိထားရမယ့်အချက်ကတော့ ယေဘုယျဆန်တဲ့ မေးခွန်းတွေကို မမေးမိဖို့ပါဘဲ။ ဘာလုပ်နေလဲ၊ ထမင်းစားပြီးပြီလား စတဲ့ ယေဘုယျဆန်တဲ့ မေးခွန်းတွေ မေးမယ့်အစား သူ(မ)က ဘယ်လို အကြောင်းအရာမျိုးကို စိတ်ဝင်စားသလဲဆိုတာကို သိအောင် အရင်လုပ်ပါ။ ပြီးမှ သူ(မ) စိတ်ဝင်စားတဲ့ အကြောင်းအရာများနဲ့ ချဥ်းကပ်ကာ သူ(မ)ရဲ့ စိတ်ဝင်စားမှုကို ရယူနိုင်ပါတယ်။

ချိန်းတွေ့ဖို့ ကိုယ့်ဘက်က စပြောပါ

အိန္ဒြေ ခရက်ရှ် ဝေး

သူ(မ)နဲ့ စကားပြောရတာ ရှောရှောရှူရှူနဲ့ အဆင်ပြေချောမွတ်သွားပြီဆိုရင်တော့ ကွီးတို့အနေနဲ့ နှစ်ယောက်သား အပြင်မှာ ဒိတ်လုပ်ဖို့ ဇာတ်လမ်းစရတော့မှာပဲ ဖြစ်ပါတယ်။ ဒီလိုဒိတ်လုပ်ဖို့ကိုလည်း ကွီးတို့ဘက်က အရင်ဦးဆုံး စကားစရမှာ ဖြစ်ပါတယ်။ ကိုယ်က ယောကျာ်းလေးဆိုတော့ ကိုယ့်ဘက်က ချိန်းတွေ့ဖို့ကို အရင်ဦးဆုံး စပြောရမှာပဲ ဖြစ်ပါတယ်။ ကွီးတို့ ခရက်ရှ်က မငြင်းဘဲ လက်ခံတယ်ဆိုရင်တော့ ကွီးတို့အတွက် တော်တော်လေးကို အခြေအနေ ကောင်းသွားပြီပဲ ဖြစ်ပါတယ်။

ချိန်းတွေ့ ပြီးသွားတဲ့အခါ

အိန္ဒြေ ခရက်ရှ် ဝေး

နှစ်ယောက်သား အပြင်မှာ ချိန်းတွေ့ပြီးသွားတဲ့အခါ သူ(မ)ဘက်က လက်ခံတယ်ဆို သူ(မ)ကို အိမ်ပြန်လိုက်ပို့ပေးလိုက်ပါ။ သူ(မ)က လက်မခံဘူးဆိုရင်တော့ ခရီးတစ်ထောက်အထိသာ လိုက်ပို့သင့်ပါတယ်။ သူ(မ) အိမ်ပြန်ရောက်ချိန်နားနီးရင်လည်း အန္တရာယ်ကင်းကင်း ပြန်ရောက်ရဲ့လားဆိုတာကို ဖုန်းဆက်ပါ။ ထို့နောက် သူ့အတွက် တန်ဖိုးရှိတဲ့အချိန်လေး ကုန်ဆုံးခဲ့ရကြောင်း၊ သူ(မ)ကလည်း ဘယ်လောက်ထိ လှကြောင်း ချီးမွမ်းသင့်ပါတယ်။ ထို့နောက် သူ(မ) အားရင်လည်း နောက်ထပ် တွေ့ချင်သေးကြောင်း စကားခေါ်သင့်ပါတယ်။

ဒီဆောင်ရန် ရှောင်ရန်တွေကို သိထားမယ်ဆိုရင်တော့ ကွီးတို့လည်း အိန္ဒြေ တစ်ခွဲသားနဲ့ ရှက်ကြောက်နေတဲ့အဖြစ်ကနေ ကင်းဝေးပြီး ခရက်ရှ် လေးနဲ့ မ ဝေး တော့ဘဲ မြန်မြန်နီးစပ်သွားမှာဖြစ်ပါတယ်။

Source: Wikihow

Featured Image: Dating.lovetoknow