အိပ်စက်ခြင်းက လူတစ်ယောက်အတွက် မရှိမဖြစ်လိုအပ်ပြီး ကျန်းမာရေးမှာလည်း အရေးကြီးသော အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ သာမာန်လူတစ်ယောက်အတွက် တစ်နေ့လျှင် ပျှမ်းမျှအိပ်ချိန် ၇ နာရီကနေ ၈ နာရီအတွင်း ရှိသင့်ပါတယ်။ သို့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် အိပ်ပျော်ဖို့ခက်ခဲတာမျိုး ဖြစ်လာတဲ့အခါ ရေရှည်မှာ ကွီးတို့ရဲ့ အိပ်စက်မှုစက်ဝန်းကို ထိခိုက်လာနိုင်ပြီး ကျန်းမာရေးအပေါ် ဆိုးကျိုးတွေ သက်ရောက်လာနိုင်ပါတယ်။ ဒီလို ပြဿနာကို ဖြေရှင်းဖို့ နည်းမျိုးစုံရှိသော်လည်း နည်းပညာခေတ်မှာ ပိုမိုဆန်းသစ်ပြီး စိတ်ဝင်စားဖွယ် Gadgets တွေကို အသုံးပြုပြီး ဖြေရှင်းတာကလည်း နည်းလမ်းကောင်းပါပဲ။ ဒီဆောင်းပါးလေးမှာတော့ ကွီးတို့ရဲ့ အိပ်စက်မှုစက်ဝန်းကို ကောင်းစေဖို့ နည်းပညာမြင့် Gadgets လေးတွေကို ဖော်ပြပေးချင်ပါတယ်။
ResMed S+ Sleep Sensor
Photo : Trusted Review
ကွီးတို့ရဲ့ အိပ်စက်ခြင်းစက်ဝန်းကို ပိုမိုကောင်းမွန်အောင် ပြုလုပ်ပေးနိုင်တဲ့ နည်းပညာမြင့် Gadget တစ်ခုကတော့ ResMed S+ Sleep Senso ပဲဖြစ်ပါတယ်။ ၎င်းက အိပ်စက်ခြင်းအာရုံခံကိရိယာနှင့် မော်နီတာတစ်ခုဖြစ်ပြီး ကွီးတို့ရဲ့ ဖုန်းဖြင့် Sync လုပ်ပြီး အသုံးပြုနိုင်ပါတယ်။ ၎င်းမှာ ကွီးတို့ရဲ့ ပိုမိုကောင်းမွန်စွာ အိပ်စက်နိုင်ရန် ကူညီပေးမည့် နောက်ဆုံးပေါ် ပရိုဂရမ်များပါရှိပါတယ်။ ကွီးတို့ရဲ့ အိပ်စက်ခြင်း အလေ့အထ၊ အိပ်ခန်းပတ်ဝန်းကျင်တို့ကို တုံ့ပြန်ချက်ပေးနိုင်ပါတယ်။ ဒါ့အပြင် ၎င်းမှာပါရှိတဲ့ အာရုံခံကိရိယာများက ကျယ်လောင်သောအသံများ၊ အလင်းရောင်အဆင့်နှင့် အပူချိန်တို့အပါအဝင် အိပ်စက်ရာပတ်ဝန်းကျင်ကို ထိခိုက်စေသည့် အဓိကအချက်များကို ရှာဖွေပေးနိုင်ပါတယ်။
Dodow Sleep Machine
Photo : CNN
ကွီးတို့က ညလယ်ခေါင်မှာ နိုးလာပြီး ပြန်လည်အိပ်ပျော်ဖို့ ခဲယဉ်းတတ်ပါသလား။ ဒါဆိုရင်တော့ ဒီ Dodow Sleep Machine လေးက ကွီးတို့ကို ပြန်လည်အိပ်ပျော်စေဖို့ ကူညီပေးနိုင်ပါတယ်။ ဒီကြိုးမဲ့ ကိရိယာလေးကို ကွီးတို့အိပ်ရာဘေးမှာ ထားကာ ခလုတ်တစ်ချက်ဖွင့်ရုံနဲ့ ဖွင့်နိုင်နိုင်ပါတယ်။ ၎င်းမှာ ပါဝင်သော ပျော့ပြောင်းတဲ့ အလင်းရောင်က ကွီးတို့ကို စိတ်ပျံ့လွင့်ခြင်းမှ ကင်းဝေးစေပြီး အသက်ရှုနှုန်းအား ဖြေလျှော့သည့်အခြေအနေသို့ ပြန်လည်ရောက်ရှိစေကာ အိပ်ပျော်ဖို့ ကူညီပေးပါလိမ့်မယ်။
Cove
Photo : AppleInsider
ဒါလေးကတော့ ကွီးတို့ ဦးခေါင်းမှာ ဝတ်ဆင်ပြီး အသုံးပြုရတဲ့ Gadget လေးပါ။ ဒါလေးက စိတ်ကိုတည်ငြိမ်စေပြီး စိတ်ပိုင်းဆိုင်ရာ ဟန်ချက်ညီစေရန် ကူညီပေးသည့် ဦးနှောက်လမ်းကြောင်းကို လှုံ့ဆော်ပေးတဲ့ တုန်ခါမှုနည်းပညာကို အသုံးပြုတဲ့ ကိရိယာတစ်ခု ဖြစ်ပါတယ်။ ၎င်းက စိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပန်မှုများကို လျှော့ချရန် အထောက်အကူပြုသော နည်းပညာအဖြစ် အသိအမှတ်ပြုခဲ့ ထားရပါတယ်။ ဒီ Gadget က အသုံးပြုသုများအား စိတ်ဖိစီးမှုတွေကို လျှော့ချပေးပြီး မြန်မြန်အိပ်ပျော်စေကာ ကြာရှည်စွာ အိပ်ပျော်စေနိုင်တယ်လို့ ဆိုပါတယ်။
Homni – Terraillon Smart Sleep Solution
Photo : EMMAFNESSGOAL
ဒီကောင်လေးက တောက်ပပြီး အလင်းရောင်စူးတဲ့ မီးအိမ်လေးတစ်လုံးနဲ့ တူကောင်းတူနေနိုင်သော်လည်းပဲ အမှန်တကယ်တော့ ပေါင်းစပ်အာရုံခံကိရိယာများ၊ အလင်းရောင်နှင့် Bluetooth စပီကာပါရှိသော အိပ်စက်ခြင်းကိရိယာ တစ်ခုဖြစ်ပါတယ်။ ချိတ်ဆက်ထားသော Terraillon အက်ပ်ကိုအသုံးပြုခြင်းဖြင့် ၎င်းက ကွီးတို့ရဲ့ အိပ်စက်ခြင်းပတ်ဝန်းကျင်ကို ပိုင်းခြားစိတ်ဖြာကာ၊ အိပ်စက်ခြင်းအရည်အသွေးကို ခြေရာခံကာ ကွီးတို့ရဲ့ နံနက်ခင်းနိုးထမှုအား ပုံမှန်ဖြစ်စေပါတယ်။
အခုဖော်ပြပေးလိုက်တာကတော့ ကွီးတို့ရဲ့ အိပ်စက်ခြင်းကို ပိုမိုကောင်းမွန်စေမယ့် နည်းပညာသုံး Gadgets လေးတွေပဲ ဖြစ်ပါတယ်။ နည်းပညာဖြင့် လူသားတို့ရဲ့ဘဝကို ပိုမိုလွယ်ကူလာစေတာကတော့ ငြင်းဖွယ်မရှိပါဘူး။
Source : Sleep Health Solution
Featured Photo : NBC News