အိပ်စက်အနားယူခြင်း က လူခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်အတွက် အရေးကြီးသော အခန်းကဏ္ဍတစ်ခု ဖြစ်ပါတယ်။ လူတစ်ယောက်ဟာ အိပ်ရေးမဝလျှင် တစ်နေ့တာ လုပ်ငန်းဆောင်တာတွေကို လန်းလန်းဆန်းဆန်းနဲ့ တတ်တတ်ကြွကြွ လုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး။ ဒါ့အပြင် ရေရှည်မှာ အိပ်ရေးပျက်တာ များလာပြီဆိုရင်တော့ စိတ်ပိုင်းဆိုင်ရာ ၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ဆိုးဝါးစွာ ထိခိုက်စေနိုင်ပါတယ်။ ဒါမဲ့ တစ်ခါတစ်လေ အိပ်မရဖြစ်တာ ၊ အိပ်ပျော်ဖို့ ခက်ခဲတာတွေ ဖြစ်တတ်ပါတယ်။ ဒါဟာ လူတော်တော်များများ ဖြစ်လေ့ရှိတဲ့ အိပ်စက်ခြင်း ပြဿနာတွေပါပဲ။ တစ်ရက်တစ်လေပင် ဖြစ်စေ အိပ်ရေးမဝတာ အိပ်ရေးပျက်တာကလည်း ခန္ဓာကိုယ်အတွက် မကောင်းပါဘူး။ ဒါကြောင့် ဒီဆောင်းပါးလေးမှာ ကွီးတို့ သတိပြုမိပြီး ရှောင်ရှားနိုင်အောင် အိပ်ပျော်ဖို့ ခက်ခဲစေတတ်တဲ့ အကြောင်းအရင်း (၅) ခု ကို ဖော်ပြပေးချင်ပါတယ်။

(၁) အိပ်ချိန်ဇယား မမှန်ကန်ခြင်း

အိပ်ပျော်ဖို့ ခက်ခဲစေတတ်တဲ့

Photo : New Atlas

ကွီးတို့ရေ အိပ်ချိန်မှန်မှန်အိပ်တတ်ပါသလား။ ပုံမှန် အိပ်ချိန်သတ်မှတ်ပြီး အချိန်မှန်မှန် အိပ်ရာထတာဟာ ကျန်းမာရေးအတွက် တကယ်ကို ကောင်းတဲ့ အလေ့အထတစ်ခုပါ။ ထိုသို့ မဟုတ်ဘဲ အကြောင်းအမျိုးမျိုးကြောင့် အိပ်ချိန်မမှန် ဖြစ်လာတာ ၊ ညနက်တဲ့ အထိမအိပ်ဖြစ်တဲ့ အခြေအနေမျိုးဆိုရင် မနက်လည်း အချိန်မှန်နိုးထဖို့ ခဲယဉ်းသွားပါပြီ။ ဒီလို အခြေအနေမျိုးကြောင့် အိပ်စက်မှုစက်ဝန်းကို ထိခိုက်သွားပြီး ညဘက်အိပ်စက်ဖို့ ခက်ခဲတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် အိပ်ချိန်မှန်အောင် ဂရုပြုသင့်ပါတယ်။

(၂) အိပ်ရာမဝင်ခင် အလင်းရောင်ကို လွန်ကဲစွာထိတွေ့ခြင်း

အိပ်ပျော်ဖို့ ခက်ခဲစေတတ်တဲ့

Photo : CBS News

လူတော်တော်များများက တစ်နေ့တာ အလုပ်လုပ်ပြီးနောက် ညစာစားသောက်ပြီး အပန်းဖြေတဲ့ အနေနဲ့ တီဗီရှေ့ သို့မဟုတ် စမတ်ဖုန်းကို အချိန်တော်တော်ကြာ သုံးမိတတ်ကြပါတယ်။ ညအိပ်ခါနီးမှာ အီလက်ထရွန်းနစ်ပစ္စည်းများမှ ထုတ်လွှတ်သော အပြာရောင် အလင်းတန်းက ကွီးတို့ကို အိပ်စက်ခြင်းကို နှောင့်ယှက်နိုင်ပါတယ်။ ဒီအချက်ကလည်း ကွီးတို့ သတိပြု ဆင်ခြင်ရမဲ့ အိပ်ပျော်ဖို့ ခက်ခဲစေတတ်တဲ့ အကြောင်းအရင်းတစ်ခုပါပဲ။

(၃) ကဖိန်းဓာတ် အလွန်အကျွံသောက်ခြင်း

အိပ်ပျော်ဖို့ ခက်ခဲစေတတ်တဲ့

Photo : Business Insider

ကွီးတို့ရေ တစ်နေ့တာလုံးမှာ ကော်ဖီ ၊ လက်ဖက်ရည်စတဲ့ ကဖိန်းဓာတ်ပါဝင်တဲ့ ကဖိန်းဓာတ် အလွန်အကျွံသောက်တာကလည်း ညဘက် အိပ်ပျော်ဖို့ အနှောင့်အယှက် ဖြစ်စေပါတယ်။ ဒါ့ကြောင့် ကွီးတို့အနေနဲ့ ကဖိန်းဓာတ် အလွန်အကျွံမသောက်မိအောင် သတိထားပါ။

(၄) စိတ်ဖိစီးမှု

difficult to sleep

Photo : Eat This, Not That

ကိုယ်ရေးကိုယ်တာ သို့မဟုတ် ပရော်ဖက်ရှင်နယ်ဘဝက အဖြစ်အပျက်များမှ ဖိစီးမှုနှင့် စိုးရိမ်ပူပန်မှုများက ကွီးတို့အတွက် အိပ်စက်ခြင်းကို ကြီးမားသော အနှောင့်အယှက်ဖြစ်စေကာ အိပ်မပျော်နိုင် ဖြစ်စေတတ်ပါတယ်။ အတွေးလွန်ခြင်း၊ စိုးရိမ်ပူပန်ခြင်း သို့မဟုတ် ကွီးတို့မပြောင်းလဲနိုင်သော အရာများအပေါ် ဖိစီးနေခြင်းက နာတာရှည်စိတ်ဖိစီးမှုနှင့် အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ဒီအချက်ဟာလည်း ကွီးတို့ကို အိပ်ပျော်ဖို့ ခက်ခဲစေတတ်တဲ့ အဓိက အကြောင်းအရင်း တစ်ခုပါပဲ။

(၅) လေ့ကျင့်ခန်း လုပ်ချိန်နောက်ကျခြင်း

difficult to sleep

Photo : New Jersey Sleep

ကွီးတို့ရေ လေ့ကျင့်ခန်းလုပ်တာ ကောင်းတယ်ဆိုပေမဲ့ လေ့ကျင့်ခန်း လုပ်တဲ့ အချိန်ကလည်း အရေးကြီးပါတယ်။ အိပ်ရာဝင်ချိန်နဲ့ နီးကပ်စွာ လေ့ကျင့်ခန်းလုပ်ခြင်းက ကွီးတို့ခန္ဓာကိုယ်နဲ့ စိတ်ကို တတ်ကြွစေပြီး အိပ်ပျော်ဖို့ ခဲယဉ်းတတ်ပါတယ်။ ဖြည်းညှင်းစွာ အိပ်ပျော်သွားသည့်အခါတွင်လည်း လန့်နိုးခြင်းများ ဖြစ်တတ်ပါတယ်။ ဒါကြောင့် အိပ်ချိန်နဲ့ နီးကပ်စွာ လေ့ကျင့်ခန်းလုပ်ခြင်းကို သတိပြုရှောင်ရှားပါ။

တစ်ခါတစ်ရံမှာ အိပ်ပျော်ဖို့ ခက်တာက အပေါ်မှာဖော်ပြခဲ့တဲ့ အကြောင်းအရင်း (၅) ခုကဲ့သို့ ကျွန်တော်တို့ နေထိုင်မှုပုံစံအချို့နဲ့ ဆက်စပ်မှုရှိနိုင်ပါတယ်။ ဒါကြောင့် ဒီအချက်တွေကို သတိပြုဆင်ခြင်ပြီး အိပ်စက်ခြင်းစက်ဝန်းကို ပုံမှန်လည်ပတ်စေခြင်းဖြင့် ပိုမို ကျန်းမာပျော်ရွှင်တဲ့ သူတစ်ယောက် ဖြစ်လာနိုင်ပါတယ်။

Source : SleepScore

Featured Photo : Shutter